CMMDJSCHOOL အပတ်စဉ်(၁) သင်တန်းဆင်းပွဲ ကို မေ ၃၁ရက် ကြာသပတေးနေ့က
ကျင်းပခဲ့ပြီး အပတ်စဉ်(၁)ကျောင်းသားများက ကန်တော့ခဲ့ကြသည်။ အဆိုပါသင်တန်းဆင်းပွဲတွင် သင်တန်းကာလတစ်လျှောက် သင်ကြားပေးခဲ့ကြသော ဆရာမောင်ဝံသ၊ ဆရာဒေါက်တာခင်မောင်ညို၊ ဆရာကြည်မင်း၊ ဆရာဦးအောင်ထွန်းဦးနှင့် ဆရာကိုနေဘုန်းလတ် တို့တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ဆရာက ကော်ရည်ခေါက်ဆွဲနှင့် လဘက်ရည် ဖြင့်ဧည့်ခံခဲ့သည်။
သင်တန်းဆင်းလက်မှတ်ကို Report ပြန်ရေးသောသင်တန်းသူသင်တန်းသားများကိုသာပေးသွားမှာဖြစ်ကြောင်း ဆရာမောင်ဝံသကပြောကြားသည်။
အပတ်စဉ်(၁)ကျောင်းသားတွေအနေနဲ့ သင်တန်းသို့ အချိန်မရေရွးလာရောက်လေ့လာကြပါလို့ ဆရာကထပ်လောင်းကြားခဲ့သည်။



