Friday, July 13, 2012

ဘိရမာဝါးတားဂိတ် အပိုင်း ၅

 အိုးဝေဦးညိုမြ

အပိုင်း ၄မှ အဆက်
၅)ဖမ်းပြီး လွှတ်တဲ့ကိစ္စ
ဝန်ကြီးချုပ် သခင်နုနှင့် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းတို့က (ဥပဒေ ဖောက်ဖျက်သူ မှန်လျှင် မည်သူ့ကိုမျှ မထောက်ထားဘဲ အရေးယူမည်) ဟူသော ဖြေကြားချက် အရ ၎င်းင်းတို့ အရေးယူပုံ ယူနည်းကို  ၀န်ကြီးချုပ်က ပါလီမန်၌ အစီရင်ခံပုံ မှာ--                        နောက်တစ်နေ့မနက် (၁၄-၃-၄၈) မှာ ဦးဗဆွေ (ဖဆပလ အထွေထွေ အတွင်းရေးမှူး) က ကျွန်တော့်ဆီကို လာပြီး ရန်ကုန်ရဲဗမာအဖွဲ့က သတင်းစာ တိုက် ရိုက်ချိုးမှုနှင့် ပတ်သက်ပြီး ဖမ်းချင် တဲ့လူ ၁၂ ဦးစာရင်းကို ပြပါတယ်။ (အဲဒီလူတွေ ချက်ချင်းဖမ်းရမယ်) လို့ ကျွန်တော် အမိန့်ပေးပါတယ်။ အဲဒီအခါမှာ ဦးဗဆွေက (ဒီလူ ၁၂ ဦးအနက် ၇ ဦး ကို ချက်ချင်းပဲ အဖမ်းခံပါစေမယ်။ ကျန်တဲ့လူ ၅ ဦးမှာတော့ မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမည့် တောင်သူ လယ်သမား လူထု အစည်းအဝေးကို ထိမ်းဖို့ ခေတ်္တခွင့်ပြုပါ ဒီလူတွေမရှိရင် အစည်းအဝေး ထိမ်းဖို့ ခဲယဉ်းပါလိမ့်မယ်။ အစည်းအဝေး ပြီးလျှင်ပြီချင်း ကျန် ၅ ဦးကို ရဲဗမာလက်ကို အပ်ပါမယ်) လို့ ပြောတာနဲ့ ခွင့်ပြုလိုက်ပါတယ်။
    ဦးဗဆွေနှင့် တွေ့ပြီးတော့ ရန်ကုန် ရဲဗမာမင်းကြီး ဦးအောင်ရှိန်နှင့် တွေ့ပါ တယ်။ (ဒီအမှုနဲ့ ပတ်သက်ပြီး ဖမ်းချင်တဲ့ လူတွေကို အားလုံး ဖမ်းနှိင်ရဲ့လား၊   အထက် အရာရှိကြီးများထဲက သော်လည်း ကောင်း၊ သြဇာကြီး နိုင်ငံရေးသမားက   သော်လည်းကောင်း၊ ရန်ကုန်ပုလိပ် အဖွဲ့က တရားဥပဒေအရ အရေးမယူ နိုင်အောင် အနှောင့်အယှက်များ ပေးသေး သလားပေးလျှင် ကျွန်တော့်ကို ချင်းချင်း တိုင်ပါ။ ကျွန်တော် ချက်ချင်း အရေးယူ ပါမယ်)လို့ပြောတော့  ဦးအောင်ချိန်က (အနှောင့်အယှက် ပေးတာတော့ မရှိပါ ဘူး။ ဒါပေမဲ့ ရဲဗမာအဖွဲ့က အလိုရှိတဲ့ လူအချို့ကို ရှာမတွေ့သေးလို့ မဖမ်းရသေး ဘူး)လို့ ပြန်ပြောပါတယ်။ အဲဒီတော့ ကျွန်တော်က (အဲဒါက ရဲတွေရဲ့ အလုပ်ပဲ၊ ကျွန်တော် မတတ်နိုင် ဘူး၊ ဒီလူတွေကို ကျွန်တော်တို့ ကိုယ်တိုင်  လိုက်ဖက်ဖို့ပဲ ရှိနေတော့မယ်)လို့ ပြောလိုက်ပါတယ်။
    ဦးဗဆွေ၏ တင်ပြချက်အရ (ရဲအဖွဲ့ က ဖမ်းလိုသူ ၁၂ ဦးအနက် ၅ ဦးကို မတ်လ ၁၅ ရက်နေ့ တောင်သူလယ်သမား အစည်းအဝေးပြီးမှ ဖမ်းပါ) ဆိုရာတွင် မတ်လ ၁၈ ရက်နေ့ကျမှ ခေါင်းဆောင် အချို့ကို ဖမ်း၏။ ထိုသို့ ဖမ်းရာတွင် ၁၂ ဦး မပါရှိဘဲ ၆ ဦးသာလျှင် ပါဝင်လေသည်။
    သတင်းစာ၌ ပါရှိပုံမှာ (မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် (၁) ဗတလစအတွင်း ရေးမှူးသခင် ချစ်မောင် (၂) သခင်ဗဟန် (၃) သခင်ကျော်ဒွန်း (၄) သခင်လှကျွေ (၅) စပကသ ဥက်္ကဋ္ဌ သခင်ပန်းမြိုင်နှင့် (၆) သခင်စိုးမြင့် တို့အား ကျော်တံတားဌာနမှ ပုဒ်မ ၄၅၁ မတရား စုဝေး၍ ပိုင်နက်ကျူးလွန်မှုနှင့် ပုဒ်မ ၄၅၄  အိမ်ရာ တက်ရောက် ဖျက်ဆီးမှုတို့ဖြင့် ဖမ်းဆီး အရေးယူပြီးလျှင် ပဉ်္စမရာဘက် တရားသူကြီးရုံး၌ တရားစွဲဆို၏။ ထို တရားခံတို့အား ဗိုလ်ချုပ်ဈေးမှ ကုန်သည် သခင်စံသိန်းနှင့် ကြည့်မြင်တိုင်မှ ဦးရှုတင် တို့၏ ၁၀၀၀ တန် အာမခံဖြင့် ပြည်လည် လွှတ်လိုက်ကြောင်း။
    ထိုတရားခံများကို အာမခံနှင့် ပြန် လွှတ်ခြင်းနှင့် ပတ်သက်၍လည်း သခင်နု က ပါလီမန်၌ ရှင်းပြရာတွင် (အခုဆိုရင်  ကျွန်တော်ပြောတဲ့အတိုင်း ရဲအဖွဲ့က အလို ရှိတဲ့လူတွေ အားလုံး ရဲဗမာအဖွဲ့ကို အပ်ပြီးပါပြီ။ ဒါပေမဲ့ တစ်ချို့က မေးနေကြ တယ်။ (ဒီလူတွေကို ဖမ်းတယ်လည်း ဆိုတယ်၊ အပြင်ဘက်မှာ လွတ်လွတ် လပ်လပ် သွားလာနေတာကိုလည်း တွေ့ကြရတယ်၊ ဘယ့်နှယ်လုပ်တာလဲ) လို့ မေးကြတယ်။ အစတုန်းက ဒီမေးခွန်း ကို ကျွန်တော်ကိုယ်တိုင်လည်း မေးခဲ့ပါ တယ်။ အမှန်ကတော့ ဒီလူတွေကို ဖမ်းတဲ့ ပုဒ်မဟာ အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်နေလို့ ပါပဲ။ အာမခံရတာနဲ့ သူတို့ရဲ့ အမှုဟာ မပြီးသေးပါဘူး။ ရုံးတင်ပြီး အမှုစစ်ဆေးရဦး မယ် ရုံးတော်က ပေးတဲ့အပြစ်ကို ဒီလူတွေ ခံရဦးမယ်။ အပြင်ဘက်မှာ ကောင်းကောင်း မွန်မွန် မနေဘဲ ဆူဆူပူပူ လုပ်ကြမယ် ဆိုရင် တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး ဥပဒေ အရ ကျွန်တော်က ထပ်ဖမ်းပစ်မယ်)
အဆက်ဖြတ်တဲ့ ကိစ်္စ
သတင်းစာ အားလုံးကို ဖဆပလနှင့် အစိုးရက အဆက်ဖြတ်လိုက်တယ် ဆိုပေမယ့် စေတနာ အစစ်ကတော့ အဆက်မဖြတ် တာဝန်မဲ့ရေး နေကြတဲ့ သတင်းစာ သုံးလေးစောင်လောက်နှင့်သာ အဆက်ဖြတ်လိုခြင်း ဖြစ်ပါတယ်။ ဒီလို ဆိုရင် အဆက်ဖြတ်လိုတဲ့ သတင်းစာ။ ၃၊၄ စောင်ကို နာမည်ဖော်ပြီး အဆက်ဖြတ် ပါလားလို့ အကြံပေးစရာ ရှိပါတယ်။ ဒီလို ခွဲဖြတ်ပြီးလျှင် အဖြတ်ခံရတဲ့ သတင်းစာ တွေက အဖြတ်မခံရတဲ့ သတင်းစာတွေကို အလိုတော်ရိ သတင်းစာတွေလို့ စွပ်စွဲ ဦးမည့်အပြင် ဖဆပလနှင့် အစိုးရကိုလည်း သတင်းစာ အချင်းချင်း သွေးခွဲပေးတယ်လို့ စွပ်စွဲဦးမည့် အချက်ပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို သွေးခွဲတယ်လို့ စွပ်စွဲတဲ့ ကိစ္စကတော့ တယ် အရေးမကြီးလှပါဘူး။ အဖြတ်မခံရတဲ့ သတင်းစာတွေဟာ ကျွန်တော်တို့က ဒီလို ခွဲခွဲခြားခြား လုပ်လိုက်တာကြောင့် နစ်နာသွားမှာကို ကျွန်တော်ထည့်ပြီး စဉ်းစားပါတယ်။ အဲဒီ အကြောင်းကိုလည်း သတင်းစာများ၏ ကိုယ်စားလှယ်များနှင့် ကျွန်တော် မတ်လ ၁၈ ရက်နေ့မှာ တွေ့စဉ်တုန်းက ကျွန်တော် ဖွင့်ပြောလိုက်ပါပြီ။
လမ်းမပိတ်သေးပါဘူး
အဲဒီတော့ သတင်းစာဆရာတွေနဲ့ အစိုးရ ဟာ လမ်းမပိတ်သေးပါဘူး၊ (သြဘာသံ များ) ဒီကနေ့ နှစ်ဦး နှစ်ဖက်စလုံးက တရားမျှတရေးကို လက်ခံမယ်ဆိုရင် ဒီကနေ့ ညီညွတ်မှု ရနိုင်ပါလိမ့်မယ်။ လွတ်လပ်ရေး ကြီးရအောင် ၀ိုင်းဝန်းပြီး  ကြိုးပမ်းခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက် သတင်းစာများနဲ့ ကျွန်တော်တို့ ရန်မဖြစ် ချင်ပါဘူး။ သတင်းစာများရဲ့ ကောင်းရာသို့ လမ်းညွန်မှုကို ကျွန်တော် ဆက်လက်ပြီး ခံယူလိုပါတယ်။ အဲဒီအတွက် တာဝန်သိပြီး တရားမျှတမှုကို လိုလားတဲ့ သတင်းစာ ကြီးများက တရားမျှတမှုရအောင် ဆက် လက်ကြိုးစားကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်။
    မတ်လ ၁၆ ရက်နေ့၌ကား အစိုးရက အထူးခုံရုံးဖွဲ့ စုံစမ်း စစ်ဆေးစေမည်ဟု ကြေညာ၏။ ထိုအဖွဲ့၌ ဆာဘဦး (ဥက္ကဋ္ဌ)။ ဦးအေးမောင်နှင့် ဦးအောင်သာကျော်တို့ ပါဝင်၏။ ဤကြေညာချက်ကြောင့် ပြည်သူ လူထု အတော် စိတ်အေးသွား၏။
    နိုင်ငံတော် သမ်္မတကြီးက ၀န်ကြီး သခင်တင်နှင့် ပတ်သက်သော စွပ်စွဲချက် များကို စစ်ဆေးရန် အထူးခုံရုံးကို မတ်လ ၁၈ ရက်နေ့၌ ခန့်အပ်လိုက်ရာ နောက် တစ်နေ့၌ပင် ထိုခုံရုံးက အမှုတွဲဖွင့်ကာ အလုပ်စလေတော့သဖြင့် အလွန် မြန်ဆန် သွက်လက်သည်ဟု ဆိုရပေမည်။  သတင်း စာတိုက်များဘက်မှ ၀တ်လုံဦးကျော်ဒင်က ဆောင်ရွက်လျက် အစိုးရဘက်မှ ဒုရှေ့နေ ချုပ် ဦးချန်ထွန်းအောင်နှင့် သခင်တင်၏  အထူး ရှေ့နေ မစ္စတာတီ၊ ကေဘွန်းတို့ လိုက်ပါကြ၏။
    မီးခွက်မှုတ်မှုနှင့် ပတ်သက်၍ ခုံရုံးက စစ်ဆေးသော သက်သေများမှာ (၁) သခင်တင် (၀န်ကြီး)၊ (၂) မကျင်စိန်၊ (၃)ဗိုလ်ထွန်းဝင်း၊ (၄) ဗိုလ်ချင်း၊ (၅) ဦးထွန်း မြိုင်၊ (၆) သခင်ကြီးမြင့်၊ (၇) သခင်သိန်း မောင်၊ (၈) ဦးလှဘော်၊ (၉) ဦးဘထွန်း၊ (၁၀) ဦးရှင်တို့ ဖြစ်ကြ၏။
    ရိုက်ချိုးခံရသော သတင်းစာတိုက် များမှ (၁) ဦးညိုမြ (အိုးဝေ)၊ (၂) ဦးစံမြင့် (စီးပွားရေးနှင့် (၃) ဦးဂုဏ်ရောင် (ဟစ်တိုင်) တို့ကို စစ်ဆေး၏။
    ခုံရုံး အစီရင်ခံစာ၌ ပါရှိသည့်အတိုင်း မီးခွက်မှုတ်သတင်းကို မတ်လ ၁၀ ရက် နေ့ထုတ် အိုးဝေသတင်းစာ၌ သူများထက် တစ်ရက်စော၍ ဦးဦးဖျားဖျား ပါရှိခဲ့လေ သည်။ နောက်တစ်နေ့ မတ်လ ၁၁ နေ့တွင် မှ စီးပွားရေးနှင့် ဟစ်တိုင်သတင်းစာ တို့တွင် ပါလာ၏။ ကွန်မြူနစ် သတင်းစာ၌ မူ ဆိုရှယ်လစ်များ အကြမ်းဖက် ရိုက်ချိုး ကြသည့် မတ်လ ၁၂ ရက်နေ့ နံနက် တွင်သာ ပါလာ၏။ အခြား သတင်းစာများ ၌ကား လုံးဝ ဖော်ပြခြင်း မရှိပေ။ သတင်း ထူး သတင်းဦးတို့ ရနေကျ ထည့်နေကျ ကြွားနေကျ ဗမာ့ခေတ်သတင်းစာပင်လျှင် ထိုသတင်းကို ဝေရာမဏိခဲ့လေသည်။ နိုင်ငံရေး အကြောကို နားလည်သော (လူနပ်ချမ်းသာ) သတင်းစာ ဖြစ်ဟန်တူ ၏။ ထိုသတင်းကို တကယ်ဦးဦးဖျားဖျား ရရှိသူမှာ မြန်မာ့အလင်း သတင်းစာ ဖြစ်၏။ ၀န်ကြီးဦးကျော်ငြိမ်းပင် ထိုသတင်း စာမှတစ်ဆင့် မကျင်စိန်၏ တိုင်စာကို မတ်လ ၁၇ ရက်နေ့က ရရှိကြောင်းကို သခင်တင်၏ ထွက်ချက်၌ ပါရှိလေသည်။ မြန်မာ့အလင်းကလည်း ထိုသတင်း ထူးကြီးကို ရှောင်ခဲ့လေသည်။
    ကျွန်တော်တို့ အိုးဝေသတင်းစာမှ ထိုသတင်းကို မတ်လ ၉ ရက်နေ့ကျမှ ရရှိသော်လည်း သတင်းထူး ဖြစ်သည့် အလျောက် ထိုက်တန်သလောက် အမြန် စစ်ဆေး စုံစမ်းပြီးနောက် မဆိုင်းမတွ (ရှုပ်တဲ့ဝန်ကြီး) ဟူသော ခေါင်းစဉ်ဖြင့် မျက်နှာဖုံးမှ ထင်ရှားစွာ ထည့်သွင်း ဖော်ပြ လိုက်ခြင်းဖြစ်၏။
    (ထိုက်တန်သလောက် စုံစမ်းစစ်ဆေး ပြီးမှ ထိုသတင်းကို ထည့်သည်။) ဆိုရာ၌ ကာယကံရှင်ထံသို့ လည်းကောင်း၊ ဆိုရှယ်လစ် ၀န်ကြီးများထံသို့ လည်း ကောင်း၊  သွားရောက်ကာ မှန်မမှန် စုံစမ်း ခြင်း ကိုကား မပြုပါ။ မှန်မမှန်ကို သိတန် ကောင်းသည်ဟု ယူဆသော ဆိုရှယ်လစ် ခေါင်ဆောင် တစ်ဦးဖြစ်သူ ရန်ကုန်-ကိုဗဆွေထံသို့ ထိုသတင်းကို အကဲဖြတ် ရန် သွားရောက် ဆွေးနွေးပါသည်။  (ဟာ-ဒီသတင်းဟာ ယုတ်္တိရှိတယ်၊ ထည့် သာထည့်)ဟု သူက ပြောသဖြင့် စိတ်ချ လက်ချ ထည့်လိုက်ခြင်း ဖြစ်ပါသည်။         အမှန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တက်္ကသိုလ်တွင် လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့၍ သခင်နုဦးစီး သော ဖဆပလအစိုးရ အဖွဲ့ဝင်- ၀န်ကြီး အများစုတို့မှာ ကျွန်တော့်ရဲဘော် ရောင်း ရင်းများ ဖြစ်လေသည်။ သူတို့ထံသို့ အချိန် မရွေး တယ်လီဖုန်းဆက်ကာ ဘာမဆို မေးမြန် ပြောဆိုခွင့်ရှိ၏။ သို့သော် သူတို့ကို တမင်မမေးဘဲ ချန်လှပ်ထားခဲ့ခြင်း ဖြစ်၏။ မေးလျှင်လည်း သူတို့ကို အားနာရသော ကြောင့် ထည့်ရန် ဖြစ်နိုင်တော့မည် မဟုတ်။ (သူငယ်ချင်းရာ- ဒါတော့ သည်းခံပါကွာ) ဟု သူတို့က တားဆီးရန် သေချာ၏။
     ကျွန်တော်သည် သူများထက်ပို၍ ရဲရင့်တည်ကြည် ရိုးဖြောင့်သူ မဟုတ်ပါ။ အကယ်၍ ထိုအမှုကိစ်္စမျိုးသည် ဦးကျော် ငြိမ်း၊ ဦးဗဆွေ၊ ဗိုလက်ျာ၊ ဦးဗဂျမ်း၊ ဦးရာ ရှစ်၊ ဦးညိုထွန်း စသော ကျောင်းနေဘက်  ၀န်ကြီးများနှင့် ပတ်သက်လျှင် သူငယ်ချင်း ၀တ်္တရား အလျောက် တစ်မျိုးတမည် ကျွန်တော်က နှာစီးနေဖွယ် ရှိပါ၏။ သို့သော် သူတို့နှင့် ခင်မင်တိုင်း သူတို့၏ နောက်လိုက် ဖဆပလအဖွဲ့ဝင်  တစ်သိန်း ရှစ်သောင်းကျော်တို့၏ သတင်းကို ဘာမျှ မရေးဘဲ လက်ပိုက်နေရတော့မည်လော။ ဤသို့ဆိုလျှင် သတင်းစာအလုပ်ကို မလုပ် တော့ဘဲ လိုင်စင်ပွဲစား ခုပ်ရန်သာ ရှိပေတော့သည်။ သတင်းစာသမား လုပ်လျှင်လည်း သတင်းစာ ၀တ်္တရားများ ကို ရှောင်ကွင်း၍ မဖြစ်ပါချေ။
    သို့လျှင် ကျွန်တော်သည် အမေရိကန် ပြည်မှ ပြန်ရောက်ခါစ မြန်မာနိုင်ငံရေး အကြောကို မသိနားမလည်သော နယား ၀ါးလား သတင်းစာသမားတစ်ဦး ပီသစွာ လူနတ်ချမ်းသာ ဆရာ့ဆရာကြီးများ မတို့  မထိသောသတင်း ခလုပ်ကို ဦးဦးဖျားဖျား နှိပ်မိလေတော့သည်။ ထို့ကြောင့် နိုင်ငံ တော်ခုံရုံး ရှေ့မှောက်၌ ဦးစွာရိုက်ချိုးခံ ရသော တရားလိုသတင်းစာ ဆရာဖြစ် နေ၏။ ကျမ်းသစွာ ကျိန်ဆိုပြီးနောက် ကျွန်တော်၏ ထွက်ချက်ကို ဗမာ့ခေတ်က ဖော်ပြသည်မှာ ---
(၆)
    “အိုးဝေသတင်းစာ အယ်ဒီတာချုပ် ဦးညိုမြကို ဦးကျော်ဒင်က မေးခွန်းထုတ်၍ ထွက်ဆိုသည်မှာ -- မိမိသည် မြန်မာပညာ တော်သင်အဖြစ်ဖြင့် သတင်းစာ လုပ်ငန်း ကို အမေရိကန်ပြည်တွင် သွားရောက် ဆည်းပူးခဲ့ကြောင်း၊ ပညာအရပ်ရပ်ကို နှစ်နှစ်နှင့် သင်ကြား ပြီးစီးခဲ့သော်လည်း စစ်ဖြစ်နေသဖြင့် အမေရိကန်ပြည်၌ ၅ နှစ်ကြာမျှ ကြာခဲ့ကြောင်း။
    အများသိတဲ့အတိုင်း မြန်မာပြည် လွတ်လပ်ခဲ့တာ သုံးလလောက် ရှိကြောင်း၊ တိုင်းသစ် ပြည်သစ် ထူထောင်ရာမှာ တိုင်းပြည်အဆင့်အတန်း မြင့်ဖို့သတင်းစာ များက မကြောက်မရွံ့ တာဝန်ထမ်းရွက် ရန် တာဝန်ရှိကြောင်း။
    တိုင်းပြည်ကို ထန်းသိမ်းစောင့်ရှောက် ရာတွင် သတင်းစာများကို စတုတ်္ထ           မဏ္ဍိုင်ဟု ခေါ်စမြဲဖြစ်ကြောင်း။ ပထမ မဏ္ဍိုင်မှာ အစိုးရအဖွဲ့၊ ဒုတိယမဏ္ဍိုင်မှာ လွှတ်တော်၊ တတိယမှာ တရားရုံးတော် ဖြစ်ကြောင်း၊ ထိုမဏ္ဍိုင်များ မယိမ်းမယိုင် အသီးသီး တာဝန် ကျေပွန်စွာ ဆောင်ရွက် ကြမှ တိုင်းပြည်ခိုင်မြဲ တည်တံ့ကြောင်း။
    ဗြိတိသျှများ လက်အောက်မှ လွတ် မြောက်ခဲ့ပြီဖြစ်ရာတွင် ယခုအခါ (ကိုယ် လုပ်မှ ကိုယ်စားရ) ဆိုသလို မြန်မာများ ကိုယ်တိုင် မိမိတို့ဆိုင်ရာ တာဝန်များကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ကြမှ တိုင်းပြည်၏ တရားဓမ်္မလမ်း အဆင့် အတန်းများ ပြတ်သားစွာ တည်ရှိနိုင်မည် ဖြစ်ကြောင်း ခါတိုင်းလို တာဝန်မဲ့နေထိုင်၍ အပြစ်ရှိသမျှကို နယ်ချဲ့အစိုးရ အပေါ်တွင် လွှဲချ၍ မဖြစ်တော့ကြောင်း။
ဥပဒေစည်းမျဉ်း
ယခုအချိန်၌ လွတ်လပ်သော မြန်မာနိုင်ငံ တော် အုပ်ချုပ်ရေး စာအုပ်ကြီးအတွင်း၌ ပြည်သူ့လွတ်လပ်မှု တရားစည်းကမ်းများ  အမျိုးမျိုး ရှိပါကြောင်း။ သို့သော် ထိုစည်းကမ်းများကို လက်တွေ့အားဖြင့် သြဇာတည်မြဲစေရန် ကျွန်တော်တို့ ကိုယ်တိုင် စွန့်စွန့်စားစား အားပေးကူညီ နိုင်မှ ဖြစ်ကြောင်း။
စမ်းတာပေါ့
သခင်တင်၏ သတင်းကို ထည့်စဉ်က ကျွန်တော်တို့ ဤနည်းအတို်င်း စွန့်စား ကာ သတင်းစာ၏ ၀တ်္တရားအတိုင်း မဖုံး မဖိ ဖော်ပြလိုက်ခြင်း ဖြစ်ကြောင်း။ ဘယ်လိုဖြစ်မည်၊ ဘာလုပ်ခံရမည်ကို လုံးဝ ဂရုမစိုက်ကြောင်း။ ဤအမှုနှင့် ပတ်သက်၍ လွတ်လပ်စ မြန်မာပြည်တွင် တရားဓမ်္မ အဆင့်အတန်း မည်မျှရှိသည် မရှိသည်ကို ထင်ရှားသိနိုင်ရန်သာ မျက်နှာ မလိုက်ဘဲ ရေးထည့်လိုက်ခြင်း ဖြစ် ကြောင်း။
ဆက်လက်ဖော်ပြပါမည်
ဘိရမာဝါးတားဂိတ် အပိုင်း(၅) စာဖိုင်ယူရန် Click

Sunday, July 8, 2012

ဂျာနယ်လစ်နဲ့ကျင့်ဝတ်(၅)၊ သတင်းဓာတ်ပုံဆိုင်ရာကျင့်ဝတ်

PDF Print


Written by ဇေ၀င်းနောင်   
Sunday, 08 July 2012 12:29 Eleven Media မှ ကူးယူဖော်ပြပါသည်။
၁၉၇၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က လေကြောင်းမှ napalm သုံးတိုက်ခိုက်မှုကြောင့် ပြေးလွှားနေကြသည့် ဗီယက်နမ် ကလေးငယ်များ၊ အ၀တ်မပါ ဗလာထီးပြေးလွှားနေသည့် ကလေးငယ်မှာ ကိုးနှစ်အရွယ် Kim Phuc ဖြစ်သည်။ ဓာတ်ပုံကို အေပီဓာတ်ပုံဆရာ Nick Ut က ရိုက်ကူးခဲ့ပြီး နယူးယောက်တိုင်းမ်က မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
ဓာတ်ပုံတစ်ပုံဟာ စကားလုံးတစ်ထောင်နဲ့ ညီတယ်လို့ ဆိုကြတယ်။ ပုံရိပ်တွေ၊ ဓာတ်ပုံတွေဟာ အားကောင်းတဲ့ ဆက်သွယ်မှု ပုံစံတစ်ခုပါ။ အထူးသဖြင့် ဂျာနယ်လစ်ဇင်မှာပေါ့။ ဓာတ်ပုံတစ်ပုံဟာ ဖြစ်စဉ်တစ်ခု၊ လူတစ်ယောက် ဘာလဲ၊ ဘယ်လိုလဲဆိုတာကို အကျဉ်းချုံး ပြောနိုင်သလို  စာနဲ့ပြောတာထက် ပိုထိရောက်တဲ့ သတင်းစကားကိုလည်း ပေးနိုင်ပါတယ်။ ဂျာနယ်လစ်ဇင် ဓာတ်ပုံပညာဟာ ယဉ်ကျေးမှုနဲ့ ဘာသာစကား မတူမှုဆိုတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ဘ၀ဖြစ်စဉ်တွေကို မှတ်တမ်းတင် သက်သေခံတဲ့အတတ်ပညာလို့ ဆိုကြပါတယ်။
သတင်းဓာတ်ပုံနဲ့ ပတ်သက်လို့ ကျင့်ဝတ်ပိုင်းအရ ပြောစရာ အချက်က သုံးချက်ရှိပါတယ်။ ပထမဆုံးအချက်က ဓာတ်ပုံတွေကို ပြင်ဆင်၊ ပြုပြင်ဖော်ပြမှုပါ။ ဒုတိယအချက်က တစ်ပါးသူရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ခြိုးဖောက်ရာ ရောက်၊ မရောက် ဆိုတာဖြစ်ပြီး တတိယအချက်က တော့ ဓာတ်ပုံတွေဟာ ရုန့်ရင်း ကြမ်းတမ်းမှုရှိ၊ မရှိ၊ ဖော်ပြရန် သင့်၊ မသင့် ဆိုတာပါ။
တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်းက မျက်နှာဖုံးတင်ခဲ့သည့် တာလီဘန်တို့က နှာခေါင်းနှင့် နားရွက်များ ဖျက်ဆီးပစ်ခဲ့သည့် အာဖဂန်မိန်းကလေးပုံဖြစ်သည်
ဓာတ်ပုံများကို ပြင်ဆင်၊ ပြုပြင်ဖော်ပြမှု

Saturday, July 7, 2012

စာနယ်ဇင်း လွတ်လပ်ခွင့် အနိမ့်ကျဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်ဆဲ

အမေရိကန်အခြေစိုက် ​စာနယ်ဇင်းသမားများ ​ကာကွယ်စောင့်ရှောက်ရေး ​ကော်မတီရဲ့ ​အစီရင်ခံစာအရ ​မြန်မာနိုင်ငံဟာ ​စာနယ်ဇင်း ​လွတ်လပ်ခွင့် ​အနိမ့်ကျဆုံး ​ဆယ်နိုင်ငံစာရင်းထဲမှာ ​ဆက်လက်ပါဝင်နေကြောင်း ​သိရပါတ ယ်။
စာနယ်ဇင်းသမားများ ​ကာကွယ်စောင့်ရှောက်ရေး ​ကော်မတီ ​CPJ ​က ​နှစ်စဉ်အစီရင်ခံစာထုတ်ပြန်ပြီး ​ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် ​အနိမ့်ကျဆုံးနိုင်ငံ ​ဆယ်နိုင်ငံစာရင်းကို ​ထုတ်ပြန်နေခဲ့ရာမှာ ​မြန်မာနိုင်ငံက ​နှစ်ပေါင်းများစွာ ​နှစ်စဉ်ဆက်တိုက်ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ​မကြာသေးခင်နှစ်တွေအတွင်းက ​စာရင်းထိပ်ပိုင်းမှာ ​နေရာယူခဲ့ပေမယ့် ​အခုနှစ်မှာတော့ ​နံပါတ်(၇)နေရာချိတ်ခဲ့တဲ့အတွက် ​တိုးတက်မှုရှိလာတယ်လို့လည်း ​တနည်းအားဖြင့်ပြောနိုင်ပေမယ့်လည်း ​ဒီမိုကရေစီစနစ်ကို ​ကူးပြောင်းနေပြီဖြစ်တဲ့ ​မြန်မာနိုင်ငံအနေနဲ့ ​စာရင်းထဲမှာ ​ဆက်ပြီးပါနေတာဟာ ​ကောင်းတဲ့အလားအလာမဟုတ်တဲ့အတွက် ​မြန်မာအစိုးရအနေနဲ့ ​စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ​ဆက်လက်လုပ်ဆောင်စရာတွေ ​မြောက်များစွာကျန်နေသေးတယ်လို့ ​မြန်မာ့အရေးလေ့လာသူတချို့က ​သုံးသပ်ထားကြပါတယ်။
CPJ ​ရဲ့ ​အစီရင်ခံစာထဲမှာ ​ဖော်ပြချက်တွေအရ ​ပြီးခဲ့တဲ့ ​နှစ်အတွင်း ​မြန်မာနိုင်ငံက ​အင်တာနက်ဆိုင်တွေမှာ ​အိတ်ဆောင်အချက်အလက်သိုမှီးတဲ့ ​ဖလက်ရှ်ဒရိုက်ဗ်တွေအသုံးမပြုဖို့နဲ့ ​အင်တာနက်ပေါ်ကတဆင့် ​ဖုန်းဆက်သွယ်စကားပြောဆိုနိုင်တဲ့ ​(VoIP)စနစ် ​သုံးစွဲခွင့်ပိတ်ပင်တဲ့ ​အမိန့်ထုတ်ပြန်ခဲ့တာတွေ၊  ​ပြည်တွင်းမှာ ​ထူးခြားဖြစ်စဉ်ရှိခဲ့ရင် ​သတင်းယူနိုင်ဖို့ကြိုးစားတဲ့ ​နိုင်ငံတကာသတင်းထောက်တွေကို ​ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးပဲ ​ပိတ်ပင်ထားတာတွေ၊ ​အင်တာနက်ပေါ်မှာ ​ရေးသား ​ဆွေးနွေးမှု ​ဖြန့်ဝေမှုတွေကို ​အရေးယူနိုင်ဖို့ ​အစိုးရက ​ဥပဒေပြဌါန်းထားတာတွေ ​စတာတွေအတွက် ​မြန်မာနိုင်ငံဟာ ​စာနယ်ဇင်းလွတ်လပ်ခွင့် ​နိမ့်ကျဆိုးဝါးတဲ့ ​နိုင်ငံ ​ဆယ်နိုင်ငံ ​စာရင်းထဲမှာ ​ဆက်လက် ​ပါဝင်နေတာဖြစ်ကြောင်း ​သိရပါတယ်။
မြန်မာထက်နိမ့်ကျနေတဲ့နိုင်ငံတွေကတော့ ​အူဘက်ကစ္စတန်, ​Equatorial ​Guinea, ​အီရန်၊ ​ဆီးရီးယား၊ ​မြောက်ကိုးရီးယားနဲ့ ​အီရီထရီးရားနိုင်ငံတို့ ​ဖြစ်ကြပါတယ်။

မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်

PDF Print
Wednesday, 27 June 2012 11:12
AddThis Social Bookmark Button
အင်ဒိုနီးရှားနိုင်ငံ စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများနှင့် မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့ [၀ဲမှယာ- ကိုထက်နိုင်ဇော်(Venus News)၊ ဒေါက်တာကျော်ဇောနိုင်၊ ဦးကိုကို၊ ဦးရဲတင့်၊ မောင်ဝံသ၊ ဦးတင့်ဆွေနှင့် ဦးစိုးမြင့်(မဇ္ဈိမသတင်းဌာန)] (ဓာတ်ပုံ-ကိုကို(စက်မှုတက္ကသိုလ်)facebook)
မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့မှစတင်ပြီး အင်ဒိုနီးရှားနိုင်ငံ သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ မီဒီယာလေ့လာရေးခရီး သွားရောက်ခဲ့ပြီး အဆိုပါနိုင်ငံများမှ မီဒီယာအသင်းအဖွဲ့များ၊ စာနယ်ဇင်းကောင်စီများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရပါသည်။

Friday, July 6, 2012

ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၄) စတုတ္ထမဏ္ဍိုင်ဂျာနယ်လစ်ဇင်

PDF Print
Written by ဇေ၀င်းနောင်   
Sunday, 01 July 2012 11:09  Eleven Media မှကူးယူဖော်ပြသည်။
AddThis Social Bookmark Button

ဗြိတိန်အောက်လွှတ်တော်ရှိ သတင်းထောက်များအတွက် ထားရှိပေးသော Press Gallery (ပုံတွင်အပေါ်ထောင့်စွန်း နံရပ်ကပ်လျက်ရှိသော ခုံတန်း)
စာနယ်ဇင်းတွေဟာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ စကားကို ကျွန်တော်တို့ ပြောပြောနေပေမဲ့ ဒီစကားဘယ်တုန်းကတည်းက စသုံးခဲ့တယ်ဆိုတဲ့အကြောင်း သိပ်မပြောဖြစ်ကြပါဘူး။
သမိုင်းပညာရှင်၊ ကဗျာ ဆရာ၊ နိုင်ငံရေးသမား သောမတ်စ်မတ်ကောလေး(၁၈၀၀- ၁၈၅၉) ပြောခဲ့ရာကနေ ဒီစတုတ္ထမဏ္ဍိုင်ဆိုတဲ့ စကားလုံး စတင်ထင်ရှားလာတယ်လို့ ဆိုကြပါတယ်။ ဗြိတိသျှ ပါလီမန်ထဲက (press gallery) ကို စတုတ္ထမဏ္ဍိုင် (Fourth Estate) လို့ တင်စား သုံးနှုန်းခဲ့တာပါ။
အစောဆုံး သုံးခဲ့တာကတော့ အိုင်ယာလန်သား ဗြိတိသျှလွှတ်တော်အမတ် အက်ဒ်မန်ဘာ့ခ် (၁၇၂၉-၁၇၉၇) ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
အဲဒီတုန်းက ဗြိတိသျှမှာ သတ်မှတ်ကြတဲ့ မဏ္ဍိုင်သုံးရပ်က သူကောင်းမျိုး (noble) ၊ဘုန်းတော်ကြီး (clergy) ၊နဲ့ အရပ်သား (common) ဆိုပြီးတော့ပါ။ အဲဒီသုံးရပ်ကို လွှတ်တော်ထဲမှာ ကိုယ်စားပြုတဲ့ Lords temporal ၊ Lord Spitural နဲ့ Commons ကို မဏ္ဍိုင်သုံးရပ်လို့ အဲဒီ ခေတ်အခါက သုံးနှုန်းခဲ့ကြတာကြောင့် ဒီလူတွေနဲ့ ဒီလူတွေရဲ့ လုပ်ရပ်ကို စောင့်ကြည့်ထောက်ပြတဲ့  စာနယ်ဇင်းတွေကို ဂုဏ်တင်သုံးနှုန်းခဲ့ကြတာပါ။ ဒီဘက်ခေတ်မှာတော့  တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ်ကိုစောင့်ကြည့်တဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် သုံး လာကြတာပါ။ ဒီမဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထောက်ပြ ဝေဖန်ရတာဟာလည်း ဂျာနယ်လစ်တွေရဲ့ အဓိက လုပ်ဆောင်သင့်တဲ့ ကျင့်ဝတ်နှုန်းစံတစ်ခုပါပဲ။
ဒီလိုမီဒီယာ၊ စာနယ်ဇင်းတွေကို စတုတ္ထမဏ္ဍိုင်အဖြစ် သုံးနှုန်းတာဟာ လွတ်လပ်တဲ့စာနယ်ဇင်း၊ လွတ်လပ်တဲ့ မီဒီယာဆိုတဲ့ အယူအဆနဲ့လည်း ဆက်စပ်ပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းလောကရှိမှုဆိုတာက ဒီမိုကရေစီစနစ်အတွက် အဓိကကျတဲ့ တန်ဖိုးတစ်ခုပါ။ အစိုးရ ထိန်းချုပ်ထားတဲ့ ၀ါဒဖြန့်ချိရေး မီဒီယာများကသာ မီဒီယာလောကို လုံးဝထိန်းချုပ်ထားတာကတော့ အာဏာရှင်စနစ်ရဲ့ လက္ခဏာတစ်ခုပါ။

မီဒီယာတွေမှာရှိအပ်တဲ့ ကျင့်ဝတ်ကတော့ 'လူထုရဲ့ သိခွင့်' ကို စောင့်ရှောက်ပေးရမဲ့ တာဝန်ပါ။ အစိုးရဘာလုပ်နေသလဲ၊ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေ ဘာလုပ်နေသလဲ၊ အဲဒါတွေဟာ ကိုယ့်အတွက်က အကျိုးရှိမရှိ၊ အကျိုး ယုတ် မယုတ်ဆိုတာ လူထုမှာ သိခွင့်ရှိပါတယ်  . . .

ဒီမိုကရေစီ အားကောင်းဖို့၊ အုပ်ချုပ်မှုကောင်းရှိဖို့၊ လူသားဘ၀ ဖွံ့ဖြိုးဖို့ဆိုရာမှာ လွတ်လပ်တဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကဘာလဲ။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ တွေးတောခွင့်၊ ယုံကြည်ခွင့်တို့ရဖို့ ဆောင်ရွက်ရာမှာ၊ အစိုးရရဲ့ နိုင်ငံသားအားလုံး အပေါ်တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ရာမှာ  နှောင်ကြိုးကင်းတဲ့ လွတ်လပ်တဲ့ မီဒီယာတည်ရှိမှုဟာ အရေးပါတဲ့အချက်လို့ ဆိုကြပါတယ်။
လွတ်လပ်တဲ့ စာနယ်ဇင်းဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုဆိုတာဟာ အပြန်အလှန် မှီတည်နေတယ်ဆိုတဲ့ အယူအဆရှိပါတယ်။ အဲဒီအယူအဆနဲ့ ပတ်သက်လို့ ဟားဗတ်တက္ကသိုလ်ကထုတ်တဲ့ နိုင်ငံရေး သိပ္ပံပညာရှင် Pipa Norris  ရဲ့ Driving Democracy ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားခဲ့တာ ရှိပါတယ်။  စာနယ်ဇင်းဖွံ့ဖြိုးမှု၊ မီဒီယာဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုကို အဆင့်နှစ်ဆင့် ခွဲပြထားတာပါ။ ပထမအဆင့်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကနေ အစောပိုင်း အသွင်ကူးပြောင်းရာမှာ မီဒီယာတွေကို အစိုးရက ချုပ်ကိုင်ထားရာကနေ ပုဂ္ဂလိကတွေကို ဖွင့် ပေးမယ်၊ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ သတင်းအချက်အလက်တွေကို အစိုးရက ချုပ်ကိုင် ထားမှုတွေကို လျော့ချပေးရပါတယ်။ အဲဒီအခါမှာ လူထုက အယူအဆတွေ၊ အမြင်တွေ၊ သတင်းအချက်အလက်တွေကို အမျိုးစုံလင်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံတွေ မီဒီယာတွေအပြင် အင်တာနက်ကပါ ထိတွေ့ခွင့် ရလာမယ်။ အဲဒီလိုနဲ့ ပထမအဆင့် မီဒီယာလစ်ဘရယ်ပြုမှု အောင်မြင်လာတဲ့နဲ့အမျှ ဒုတိယအဆင့်မှာ လွတ်လပ်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံက ဂျာနယ်လစ်တွေဟာ စောင့်ကြည့်သူအဖြစ်နဲ့ အကျင့်ပျက်ခြစားမှုတွေ၊ အလွဲသုံးမှု၊ အလွဲလုပ်မှုတွေကို ဖော် ထုတ်ပြီး ပွင့်လင်းမြင်သာပြီးယုံကြည်နိုင်တဲ့ အုပ်ချုပ်မှုမျိုး ဖြစ်ပေါ်လာအောင် ကူညီနိုင်လာမယ်။ ဒါ့အပြင် အများပြည်သူရဲ့ အမြင်ကို ထင်ဟပ်ပေးခြင်းအားဖြင့်၊ မတူကွဲပြားတဲ့ အမြင်တွေကို ဖော်ပြပေးနိုင်ခြင်းအားဖြင့် မူဝါဒရေးရာ ချမှတ်မှုအတွက် အကျိုးရှိစေမယ်ဆိုတဲ့ အယူအဆပါ။
လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းအတွက် လွတ်လပ်တဲ့ဈေးကွက်၊ ဂျာနယ်လစ်ဇင်နဲ့ ဒီမိုကရေစီဟာ အပြန်အလှန် မှီတည်နေတဲ့ သုံးပွင့်ဆိုင် အင်စတီကျူးရှင်းတွေဖြစ်တယ်လို့ ပူလစ်ဇာဆုရ ဂျာနယ်လစ် ဂျွန်ဂျိုးဆက်အိုနီးလ်(၁၈၈၉-၁၉၅၃)က ပြောခဲ့ပါတယ်။ နိုင်ငံသားတွေ ဒီမို ကရေစီကျကျ၊ တာဝန်ယူမှုရှိရှိ တုံ့ပြန်နိုင်ဖို့အတွက် စုံလင်တဲ့ အမြင်တွေ၊ အယူအဆတွေနဲ့ သတင်းအချက်အလက်တွေပေးနိုင်တဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းရှိဖို့လည်း လိုတယ်လို့ ဆိုခဲ့ပါတယ်။
နောက်တစ်ချက်က အသံမဲ့တို့ရဲ့အသံ (voice of voiceless) ကို စာနယ်ဇင်းတွေ၊ မီဒီယာတွေက ထုတ်ဖော်ပေးနိုင်တာပါ။ တစ်ခါတရံမှာ မေ့လျော့ခံနေရသူတွေရဲ့၊ သူတို့ကိုယ်တိုင် မထုတ်ဖော်နိုင်သူတွေရဲ့ အသံကို ကိုယ်စားထုတ်ဖော်ပေးရတဲ့ အလုပ်ကို လုပ်ကြရပါတယ်။
လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး ကျန်းမာသန်စွမ်းမှုအတွက် သာမကဘဲ လူသားရဲ့ အသိဉာဏ်ပညာနဲ့ သိပ္ပံနည်းကျ တိုးတက်ဖွံ့ဖြိုးမှုအတွက်ပါ လိုအပ်တဲ့ကိစ္စပါ။ အဲဒီအတွက် မီဒီယာတွေမှာရှိအပ်တဲ့ ကျင့်ဝတ်ကတော့ 'လူထုရဲ့သိခွင့်' ကို စောင့်ရှောက်ပေးရမဲ့ တာဝန်ပါ။ အစိုးရ ဘာလုပ်နေသလဲ၊ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေ ဘာလုပ်နေသလဲ၊ အဲဒါတွေဟာကိုယ့်အတွက် ကအကျိုးရှိမရှိ၊ အကျိုးယုတ်မယုတ်ဆိုတာ လူထုမှာ သိခွင့်ရှိပါတယ်။ အဲဒီသိခွင့်ရှိမှုကို စောင့်ရှောက်ပေးရမဲ့ တာဝန်ကတော့ စတုတ္ထမဏ္ဍိုင်  အဖြစ်ရပ်တည်ရတဲ့ မီဒီယာများ၊ စာနယ်ဇင်းများရဲ့ သာမန်သတင်း တင်ဆက်မှုများအပြင် ထပ်ပေါင်းရှိနေတဲ့ တာဝန်ပါပဲ။
စာနယ်ဇင်းနဲ့ မီဒီယာများက စတုတ္ထမဏ္ဍိုင်တာဝန်ကို ထမ်းဆောင်ရာမှာ အာဏာပိုင်များနဲ့ မီဒီယာများမှာ မကြာခဏဆိုသလိုပဲ အကျိတ်အခဲတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာဆိုရင် ရှောင်လွှဲလို့ မရနိုင်သလို အများစုဟာ လိုလားအပ်တဲ့အရာပဲလို့ လေ့ လာသူတွေက ဆိုကြပါတယ်။ အဲဒီလိုနဲ့ပဲ တည့်လိုက်ကြ၊ သတ်လိုက်ကြရင်းနဲ့ လမ်းမှန်ပေါ်ရောက်အောင် လျှောက်ခဲ့ကြရတယ်ဆိုတာ ဒီမိုကရေစီ ဖွံ့ဖြိုးပြီး နိုင်ငံတွေက သက်သေပြခဲ့ပြီးပါပြီ။
Ref;
1.Ethics for Journalist by Richard Keeble
2,DRIVING DEMOCRACY by Pippa Norris
3.Journalism,A Very Short Introduction by Ian Hargreaves

Thursday, June 28, 2012

အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကျဉ်း


















ဗိုလ်ချုပ်အောင်ဆန်း(ခ)ဗိုလ်တေဇ(၁၉၁၅-၁၉၄၇)

သတင်းစာဆရာ နှင့် နိုင်ငံရေး(မောင်ဝံသ-ဆောင်းပါး)



သတင်းစာဆရာနှင့် နိုင်ငံရေး

မောင်ဝံသ



"Becoming a politician is the only step down I could take from being a journalist."

Jim Hightower


နိုင်ငံရေးသမားဖြစ်လာတာဟာကျွန်တော့်အနေနဲ့သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့
ထားတာ။

(ဂျင် ဟိုင်းတာဝါ)

သူ ဆိုလိုတာက တကယ်ဖြစ်ချင်တာ သတင်းစာဆရာ။ သတင်းစာဆရာ ဘဝကို မရောက်ခင် တစ်ထစ်ပဲ လျှော့ပြီး ခံယူမယ့် ဘဝကတော့ နိုင်ငံရေးသမား ဘဝကတော့ နိုင်ငံရေးသမား ဘဝပါပဲတဲ့။

ဟိုင်းတာဝါ(၁၉၄၃ဖွား) ဟာ ဆင်ဒီကိတ် ကော်လံ ဆောင်းပါးရှင်၊ လစ်ဘရယ် ဝေဖန်ရေးဆရာ၊ ပေါ်ပြူလစ် တက်ကြွလှုပ်ရှားသူ၊အမေရိကန်နိုင်ငံမှာထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေး​ သတင်းစာဆရာ တစ်ယောက်ပါ။ သူဟာ အောက်ခြေသိမ်းနိုင်ငံရေးသမားဘဝက စလုပ်ခဲ့ပြီးနောက်ဆုံးတော့ သူရည်မှန်းတဲ့ အ တိုင်း အောင်မြင်တဲ့ သတင်းစာဆရာ ဘဝကို ရောက်သွားပါတယ်။

နိုင်ငံရေးသမား ဘဝထက် သတင်းစာဆရာ ဘဝကို ပို၍ တန်ဖိုးထား ဂုဏ်ယူတဲ့ ဇာတ်လိုက်တွေကို ဆရာ ဗန်းမော် တင်အောင်ရဲ့ ဘုန်းမောင် တစ်ယောက်တည်းရယ်တို့၊ လွမ်းရစ်တော့ သက်လယ်ရယ်တို့၊ မြိုင်တို့ မှာ ကျွန်တော်တို့ တွေ့ခဲ့ အားကျခဲ့ရ ဖူးတယ်ဗျာ။


ကျွန်တော်တို့ရဲ့ ရှေ့မျိုးဆက်များက သတင်းစာ ဆရာကြီးတွေထဲမှာလည်း နိုင်ငံရေးကို အစဉ်အလာ နိုင်ငံရေး သမားတွေထက် ပို၍ တတ်သိ နားလည်တဲ့ သတင်းစာ ဆရာကြီးတွေ အများကြီး ပေါ်ထွန်းခဲ့တယ်ဗျ။ တစ်ထိုင်တည်း မှတ်မိသလောက် ပြောရရင် ဘကြီးဘဘေ၊ ဒီးဒုတ် ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့ဟာ နိုင်ငံရေး သမားတွေထက် နိုင်ငံရေး ကျွမ်းသူတွေလို့ အသိအ  မှတ် ပြုခံခဲ့ရပါတယ်။


ဗမာ့ခေတ် ဦးအုန်းခင်
လွတ်လပ်ရေး ရပြီးတဲ့နောက် ပါလီမန် ခေတ်မှာလည်း တန်ခိုးထက်နေတဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ကို "ငါ့ညီ မင်း ငယ်ပါသေးတယ်" လို့ ပြောရဲ ရေးရဲတဲ့ သတင်းစာ ဆရာကြီး ဗမာ့ခတ် (နောက်တော့ မိုးကြိုး) ဦးအုန်းခင်လို သတင်းစာ ဆရာတွေ ပေါ်လာခဲ့တယ်။ ထက်မြက်တဲ့ သတင်းစာ ဆရာတွေကို တော်ရုံ နိုင်ငံရေး သမားတွေက ဖြုံကြရပါတယ်။


ပါလီမန် ဒီမိုကရေစီ ခေတ်မှာ သတင်းစာနဲ့ နိုင်ငံရေး သမားဆိုတာ မကင်းရာ မကင်း ကြောင်းတွေ ဖြစ်ခဲ့ပါတယ်။ သတင်းစာ ဆရာတွေ ထဲမှာလည်း ပါတီ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ဘက် လိုက်မှုကတော့ အနည်းနဲ့ အများ ရှိခဲ့ ကြတာပါပဲ။


အထက်မှာ ပြောခဲ့တဲ့ ဗမာ့ခေတ် ဦးအုန်းခင်ဟာ ဦးနုမှ ဦးနုဆိုပြီး ထောက်ခံခဲ့သူ ဖြစ်တယ်။ ဦးကျော်ငြိမ်း ကိုတော့ အလွန် မုန်းတီးသတဲ့။ မိုးကြိုးကလောင် အမည်နဲ့ ရေးတဲ့ ဦးအုန်းခင်ရဲ့ ဆောင်းပါးတွေကို ကျွန်တော်တို့ စေ့စေ့စပ်စပ် ပြန်ဖတ် ကြည့်တဲ့အခါ "ချစ်သူကို သာစေ၊ မုန်းသူကို နာစေ" အရေး အသားတွေ အများကြီး တွေ့ရတယ်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိုးကြိုးကြီးတို့ ခေတ်မှာ အဲသလို ပုတ်ဟယ် ခတ်ဟယ်၊ တို့ဟယ် ဆိတ်ဟယ် ရေးခွင့် ရှိတာကပဲ တစ်နည်း အားဖြင့်လည်း ပျော်စရာကြီး လို့ ဆိုနိုင် တယ်ဗျ။


ထွန်းနေ့စဉ်ဦးထွန်းဖေ


ဗမာ့ခေတ် ဦးအုန်းခင်က ဦးနုကို အပြတ် ထောက်ခံသလို ဦးနုကို ခါးခါးသီးသီး တိုက်ခိုက်ခဲ့တဲ့ သတင်းစာ ဆရာကြီး တစ်ယောက်လည်း ရှိခဲ့တယ်ဗျာ။ သူကတော့ သူရိယ ဦးထွန်းဖေ၊ ခေါင်းကြီး ဦးထွန်းဖေ၊ ထွန်းနေ့စဉ် ဦးထွန်းဖေ စတဲ့ နာမည်တွေနဲ့ ထင်ရှားခဲ့သူပါ။


ဦးထွန်းဖေဟာ ခေသူတော့ မဟုတ်ပေဘူး။ ၁၉၂၀ တက္ကသိုလ် သပိတ်ကြီးမှာ ကျောင်းသားခေါင်ဆောင် တစ်ယောက် ဖြစ်ခဲ့တယ်။ နောက် သူရိယ သတင်းစာမှာ သတင်းထောက်၊ အယ်ဒီတာ ဖြစ်တယ်။ ၁၉၄၇ ခု ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား အချိန် တိုင်းပြုပြည်ပြု လွှတ်တော်မှာ လေးမျက်နှာ မဲဆန္ဒနယ်က ဖဆပလ အမတ် ဖြစ်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ၇၅ ဦး ကော်မတီ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်တယ်။


တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ပါလီမန် အဆင့် ပြောင်းလဲတဲ့ ၁၉၅၂ ခု အထွေထွေ ရွေးကောက်ပွဲကျတော့ ဝက်လက် မဲဆန္ဒ နယ်ကနေ ပါလီမန် အမတ် ဖြစ်ခဲ့ပြန်ပါတယ်။ အဲသည် ကာလအတွင်း ၁၉၄၈ စက်တင်ဘာလမှ ၁၉၅၃ ခု သြဂုတ်လ အထိ ဦးနုရဲ့ ကက်ဘိနက် (အစိုးရ) အဖွဲ့မှာ ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။


ဘဝရှင် မင်းတရားကြီး


ဦးနုအပေါ် မကျေနပ်တာတွေ များလာလို့ ၁၉၅၃ ခု သြဂုတ်လမှာ ဦးထွန်းဖေဟာ ဝန်ကြီးရာထူးက နုတ်ထွက်လိုက်တယ်။ ပြီးတော့ "ပါလီမန် ဒီမိုကရေစီကို ရိုသေလေးစားရိုး မှန်လျှင် ဦးနုရာထူးက နုတ်ထွက်ဖို့ သင့်ပြီ" ဆိုတဲ့ စာစောင်တစ်ခု မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသား ထုတ်ဝေခဲ့တယ်ဗျာ။ ဦးနုကို ဘဝရှင် မင်းတရားကြီးလို့ ဦးထွန်းဖေက နာမည်ပေး ခဲ့တာ ရာဇဝင် တွင်ရောဗျ။ (ဘဝရှင် မင်းတရားကြီးလို့ ပြောတာက ရှင်ဘုရင်စိတ် ပေါက်ပြီး အာဏာရှင် ဆန်လာတယ် လို့ ဆိုလိုတာပါ။)


ဝန်ကြီးရာထူးကို စွန့်ပြီးခဲ့တဲ့နောက် ဦးထွန်းဖေဟာ နေ့စဉ် သတင်းစာ တစ်စောင် ထုတ်ဝေတယ်။ မိမိနာမည်ထဲက 'ထွန်း' ကိုယူပြီး 'ထွန်းနေ့စဉ်' သတင်းစာလို့ နာမည်ပေးတာဗျ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူ ဆိုတာ သတင်းစာ နာမည် ယူပုံကပဲ ပေါ်လွင် နေတယ်ဗျာ။


ထွန်းနေ့စဉ် သတင်းစာကနေ ပမညတခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ဆိုတဲ့ နိုင်ငံရေး တပ်ဦးထူထောင်ဖို့အားပေးလှုံ့ဆော်ခဲ့တယ်။ ပမညတ ပေါ်လာတော့လည်း အင်တိုက်အားတိုက် အားပေးတယ်။ ဒီမိုကရေစီ နိုင်ငံရဲ့ အင်္ဂါရပ် တစ်ခု ဖြစ်တဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစု ပေါ်ထွန်းလာခြင်းကို ဦးထွန်းဖေက ကြိုဆို ထောက်ခံ ခဲ့တယ်ဗျ။


သို့ပေမယ့် တည်မြဲနဲ့ သန့်ရှင်းဆိုပြီး ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲတော့ ပမညတက သန့်ရှင်း (ဦးနု)ကို ထောက်ခံ လိုက်တဲ့ အခါ ဦးထွန်းဖေဟာ ပမညတကိုပါ ဝေဖန် တိုက်ခိုက် တော့တယ်ဗျာ။ (သူအလွန် မကျေနပ်တဲ့ ဦးနုကို ထောက်ခံရ မလား ဆိုတဲ့ အစွဲနဲ့ ပမညတကိုပါ ရန်သူစာရင်း သွင်းလိုက်တာလို့ ကျွန်တော် ကောက်ချက် ချခဲ့ဖူးတယ်။ ကျွန်တော့် ကောက်ချက် မှားတယ်)။ အဲသည်နောက် ဦးနုရဲ့ ၃ လ ၁၇ ရက်သာ သက်တမ်းရှည်တဲ့ သန့်ရှင်း ဖဆပလ အစိုးရက ဗိုလ်ချုပ်နေဝင်းကို အာဏာ လွှဲပေးရတယ်။ အိမ့်စောင့်အစိုးရ ဆိုတာ ပေါ်ပေါက်လာတယ်။ ၁၉၆၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ တော့ ဦးထွန်းဖေဟာ ဦးနုအဖွဲ့ကို ဆန့်ကျင်၊ တည်မြဲ ဖဆပလကိုလည်း လက်မခံ၊ ပမညတ နဲ့လည်း သဘော ကွဲလွဲတဲ့ အလျောက် အားလုံးကို တိုက်ခိုက် ထိုးနှက် ဝေဖန် တော့တာပဲဗျ။


တတိယ အင်အားစု ပေါ်လာဖို့တဲ့


တည်ရှိနေဆဲ နိုင်ငံရေး သမားတွေကို စိတ်တိုင်းမကျ ဖြစ်ရာက တတိယ အင်အားစု ပေါ်လာဖို့ လိုပြီဆိုတဲ့ လှုံ့ဆော်ချက်ကို ထွန်းနေ့စဉ် သတင်းစာကနေ ရေးသားတယ်။ ရွေးကောက်ပွဲမှာ ဦးနု အဖွဲ့နိုင်ပြီး အစိုးရ ဖြစ်လာတော့ သဘောကွဲလွဲတဲ့ အတိုက်အခံ (တည်မြဲ) တွေနဲ့ အာဃာတ မထားရေး၊ သင်ပုန်းချေရေး ကြိုးစားတာကိုလည်း သူတို့တစ်တွေ ဝေမစားကြရမှာ စိုးလို့ တိုင်းပြည်ကို စော်ကား နေတာလို့ စွပ်စွဲပြန်တယ်ဗျ။


ဦးထွန်းဖေရဲ့ အရေးအသားတွေ လွန်ကျွံလာလို့ ဦးနု အစိုးရက ပုဒ်မ ၅နဲ့ ဦးထွန်းဖေကို ဖမ်းတယ်။ ထွန်းနေ့စဉ် သတင်းစာ ကိုလည်း အာမခံငွေ တစ်သောင်း တောင်းတယ်။ အာမခံငွေ မပေးနိုင်လို့ သတင်းစာတိုက်ကို ပိတ်လိုက်ရတယ်ဗျာ။ သို့ပေမယ့် ထောင်ထဲ နှစ်လတောင် မကြာ ပါဘူး ပြန်လွတ်ခဲ့ပါတယ်။ ဦးထွန်းဖေ ပြန်လွတ်ပြီး သုံးလအကြာ ၁၉၆၂ခု မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းကာ တော်လှန်ရေး ကောင်စီ ဆိုတာပေါ်လာပါတယ်။ ဦးထွန်းဖေ တောင့်တတဲ့ တတိယ အင်အားစု ဆိုတာ ဒါပဲလားလို့ ပြောစရာ ဖြစ်ခဲ့တယ်ဗျာ။


ဦးထွန်းဖေက ထောင်က လွတ်တော့ သတင်းစာ ပြန်ထုတ်တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး ရက်ပိုင်း အကြာမှာ ထွန်းနေ့စဉ် သတင်းစာမှာ "အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" ခေါင်းစဉ်နဲ့ အခန်းဆက် ဆောင်းပါး တွေရေးတယ်။ ၁၉၆၂ မတ်လ ၁၅ ရက်ကနေ မေလ ၁၁ ရက်အထိ ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပေါင်းချုပ်စာအုပ် ထုတ်ခဲ့ပါ တယ်။


ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်သို့


တော်လှန်ရေးကောင်စီ အစိုးရခေတ်မှာ ဆရာကြီး ထွန်းနေ့စဉ် ဦးထွန်းဖေဟာ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကြီး ဖြစ်သွားတယ်ဗျ။ (ဒီနေ့ ခေတ်မှာတော့ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့လို့ ခေါ်ပါလိမ့်မယ်)


ဗိုလ်ချုပ်နေ၀င်းဟာ ပထစဟောင်း၊ တည်မြဲဟောင်း နိုင်ငံရေး သမားတွေထဲက မိမိကို ထောက်ခံလာသူ တွေနဲ့ တစ်ချိန် တစ်ခါက နိုင်ငံရေး ဘက်လိုက်မှုနဲ့ အရေးယူ ခံခဲ့ရတဲ့ တပ်မတော် အရာရှိဟောင်းကြီး တွေကို သံအမတ်ကြီး ရာထူးတွေ ပေးတယ်။ ပမညတ ဟောင်းတွေ အပါအ၀င် လက်ဝဲဟောင်းတွေ ကိုလည်း သင့်ရာတော်ရာ ဒုတိယတန်းစား ရာထူးတွေ ပေးတယ်။


လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ကျွန်တော်နဲ့ ဆုံစည်းခဲ့ကြတဲ့ သတင်းထောက်ဈာန်ရခေါ် ပီဂျီစိုးမင်းနဲ့ သတင်းထောက် ချုပ် ဦးစိန်အေးတို့ဟာ ထွန်းနေ့စဉ် ကျောင်းထွက်တွေ ဖြစ်လို့ သူတို့နဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းဖေဆီကို ကျွန်တော် ရောက်ဖူး၊ တွေ့ဖူး၊ စကားပြောဖူးတယ်။ အင်မတန် ခင်မင်ချင် စရာ ကောင်းပါတယ်။ အသိပညာ၊ ဗဟုသုတလည်း အလွန် ပြည့်စုံပါတယ်။ ကျွန်တော်တို့ မှတ်သားစရာ ဆုံးမစကား တွေလည်း ပြောလေ့ ရှိပါတယ်။ သို့ပေမယ့် ဆရာကြီး အပေါ်မှာ ကျွန်တော် နွေးထွေးတဲ့ ခံစားချက် မဖြစ်ပေါ် ခဲ့ပါဘူး။ ကျွန်တော့် ရင်ထဲ တစ်ခုခု တင်းခံနေ သလိုကြီး ဖြစ်နေတယ်။


အဲသည် ကာလတစ်ဝိုက်မှာပဲ ဆရာအိုးဝေ ဦးညိုမြနဲ့ ကျွန်တော် ဆုံမိတယ်။ အသက်အရွယ်လည်း ကွာ၊ ၀ါလည်း ကွာခြား လှပေမယ့် ငယ်ဆရာ တစ်ယောက်လို ကျွန်တော် ခံစား လိုက်ရတယ်။ ရင်းရင်းနှီးနှီး ဖြစ်သွားတယ်။ ဆိပ်ကမ်းသာ လမ်းက ဆရာ့ အိမ်ကို ကျွန်တော် ခဏခဏ သွားလည်တယ်။ ဆရာတုံးလုံးလှဲနေတဲ့ ခုတင်ဘေးမှာ ထိုင်ပြီး ရောက်တတ်ရာရာ စကားတွေ ပြောတယ်။ ဆရာသောက် နေ တဲ့ ထမင်းရည်ခွက် ကိုတောင် တောင်း သောက်ရဲတယ်။ ဆရာ့ကို ခေါ်ပြီး ပဲခူးက နတ်ပွဲတွေ ကို လေ့လာရေး ခရီးထွက်ကြတယ်။ ဆရာဦးညိုမြ ယမကာ မှီဝဲရင် ဘေးက ထိုင်ပြီး ၀တ်ဖြည့်ပေးတယ်။ ဆရာကြီး ဦးထွန်းဖေအပေါ် ဆက်ဆံရေးဟာ အဲသလို နွေးထွေးမှု မရှိခဲ့ပါဘူး။


တကယ်ဖတ်ဖြစ်ခဲ့ပါပြီ


ဆရာကြီး ဦးထွန်းဖေ ကတော့ အဲဒီတုန်းက အသက် ၂၀ ကျော်ရုံပဲ ရှိသေးတဲ့ ကျွန်တော့် ကို ဖော်ဖော်ရွေရွေ ဆက်ဆံပြီး လှိုက်လှိုက်လှဲလှဲ အားပေးတယ်။ သတင်းစာ လောကမှာ တက္ကသိုလ် ကျောင်းထွက် ပညာတတ်က လေးတွေ ဝင်လာ တာကို ကြိုဆိုတဲ့ အကြောင်း၊ သူတို့ခေတ် တုန်းကတော့ သတင်းစာ ပညာဆိုတာ တုံးပေကတ်သတ် တက္ကသိုလ်လို့ သူခေါ်ခဲ့သ လို သတင်းစာ စက္ကူပုံပေါ်မှာ အိပ်ပြီး ဆင်းရဲ ပင်ပန်းခံ သင်ယူခဲ့ရတဲ့ အကြောင်းတွေ ပြေပြပါတယ်။


ကျွန်တော်ကတော့ ၁၉၆၂ ခုနှစ်က ဆရာကြီးရေးခဲ့တဲ့ "အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရသလဲ" ဆောင်းပါး တွေကို အစပိုင်း ကလေးလောက် ဖတ်ပြီး အရပ်သား နိုင်ငံရေး သမားတွေရဲ့ အားနည်းချက်တွေကိုတစ်ဖတ်သတ်ဖော်ထုတ်နေတာ၊သူ့အတွက် စားပေါက်ချောင် အောင် ရေးနေတာတွေ ဆိုတဲ့ အစွဲဟောင်းနဲ့ပဲ ဆရာကြီး ဦးထွန်းဖေကို ကန်တန်တန် သဘောထားမိ ခဲ့တယ်ဗျာ။


ဝန်ခံရမယ် ဆိုရင် ဆရာကြီး ဦးထွန်းဖေရဲ့ "အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" စာအုပ်ကို နှစ်ပေါင်း ၄၀ ကျော် ကြာမှ (တကယ်) ဖတ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ စက်တင်ဘာ ၂၀၀၉နေ့ကနှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ဆရာမောင်စူးစမ်း၈၂နှစ်ပြည့်မွေးနေ့ပွဲကို သွားတော့ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်နဲ့ တွေ့တယ်။ သူက ကျွန်တော့်ကို အဲဒီစာအုပ် ပေးလိုက်ပါတယ်။ သည်ပွဲမှာ ကျွန်တော်နဲ့ တွေ့မယ်ဆိုတာ သိလို့ အသင့်ယူလာ ခဲ့တာပါတဲ့။ ကျွန် တော် မြန်မာ့ နိုင်ငံရေး လေ့လာချက်တွေ ရေးနေတာမှာ အထောက်အ ကူ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တော်ဝင် နှင်းဆီကြီးကို ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောပြီး စာအုပ်ကို ယူလာခဲ့ပါတယ်။ သည်အချိန်မှာတော့ ဆရာကြီး ဦးထွန်းဖေ အပေါ် ကျွန်တော် အရင်က သဘောထားမျိုး မရှိတော့ပါ။ ဒါကြောင့် ကြည်လင်တဲ့ စိတ်နဲ့ ဖတ်ဖြစ်ပါတယ်။


"အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" စာအုပ်ကို တကယ် ဖတ်ပြီးချိန်မှာ ပထမဆုံး စဉ်းစားမိတာ ကတော့ ကျွန်တော်တို့ခေတ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက် ခေတ်မှာ ဆရာကြီး ဦးထွန်းဖေတို့လို နိုင်ငံရေး ဝေဖန်ချက်များ ပီပီ ပြင်ပြင် ရေးနိုင်တဲ့ စာနယ်ဇင်း သမားတွေ ပေါ်လာနိုင်ပါ့ မလား ဆိုတာပါပဲဗျာ။ သည်လို ဝေဖန် သုံးသပ် ချက် မျိုးတွေဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင် သိမှ၊ ပြီးတော့ စူးရှတဲ့ ဝေဖန်ရေး အမြင်လည်း ရှိမှ ရေးလို့ ရနိုင်တာ ကလား။ နောင် ကြုံတဲ့အခါ ဆက်ရေးပါဦးမယ်။




မောင်ဝံသ..။
(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာနယ်ဇင်း သမားနဲ့ နိုင်ငံရေး ဆက်စပ်နေပုံ လေးနဲ့ သတင်းစာ ဆရာများဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရေးတဲ့အခါ ဘက်လိုက်သင့် မသင့် ဆိုတာကို စဉ်းစားနိုင်ဖို့ မျှဝေပေးလိုက် ပါတယ်။ )