Friday, July 13, 2012

ဘိရမာဝါးတားဂိတ် အပိုင်း ၅

 အိုးဝေဦးညိုမြ

အပိုင်း ၄မှ အဆက်
၅)ဖမ်းပြီး လွှတ်တဲ့ကိစ္စ
ဝန်ကြီးချုပ် သခင်နုနှင့် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းတို့က (ဥပဒေ ဖောက်ဖျက်သူ မှန်လျှင် မည်သူ့ကိုမျှ မထောက်ထားဘဲ အရေးယူမည်) ဟူသော ဖြေကြားချက် အရ ၎င်းင်းတို့ အရေးယူပုံ ယူနည်းကို  ၀န်ကြီးချုပ်က ပါလီမန်၌ အစီရင်ခံပုံ မှာ--                        နောက်တစ်နေ့မနက် (၁၄-၃-၄၈) မှာ ဦးဗဆွေ (ဖဆပလ အထွေထွေ အတွင်းရေးမှူး) က ကျွန်တော့်ဆီကို လာပြီး ရန်ကုန်ရဲဗမာအဖွဲ့က သတင်းစာ တိုက် ရိုက်ချိုးမှုနှင့် ပတ်သက်ပြီး ဖမ်းချင် တဲ့လူ ၁၂ ဦးစာရင်းကို ပြပါတယ်။ (အဲဒီလူတွေ ချက်ချင်းဖမ်းရမယ်) လို့ ကျွန်တော် အမိန့်ပေးပါတယ်။ အဲဒီအခါမှာ ဦးဗဆွေက (ဒီလူ ၁၂ ဦးအနက် ၇ ဦး ကို ချက်ချင်းပဲ အဖမ်းခံပါစေမယ်။ ကျန်တဲ့လူ ၅ ဦးမှာတော့ မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမည့် တောင်သူ လယ်သမား လူထု အစည်းအဝေးကို ထိမ်းဖို့ ခေတ်္တခွင့်ပြုပါ ဒီလူတွေမရှိရင် အစည်းအဝေး ထိမ်းဖို့ ခဲယဉ်းပါလိမ့်မယ်။ အစည်းအဝေး ပြီးလျှင်ပြီချင်း ကျန် ၅ ဦးကို ရဲဗမာလက်ကို အပ်ပါမယ်) လို့ ပြောတာနဲ့ ခွင့်ပြုလိုက်ပါတယ်။
    ဦးဗဆွေနှင့် တွေ့ပြီးတော့ ရန်ကုန် ရဲဗမာမင်းကြီး ဦးအောင်ရှိန်နှင့် တွေ့ပါ တယ်။ (ဒီအမှုနဲ့ ပတ်သက်ပြီး ဖမ်းချင်တဲ့ လူတွေကို အားလုံး ဖမ်းနှိင်ရဲ့လား၊   အထက် အရာရှိကြီးများထဲက သော်လည်း ကောင်း၊ သြဇာကြီး နိုင်ငံရေးသမားက   သော်လည်းကောင်း၊ ရန်ကုန်ပုလိပ် အဖွဲ့က တရားဥပဒေအရ အရေးမယူ နိုင်အောင် အနှောင့်အယှက်များ ပေးသေး သလားပေးလျှင် ကျွန်တော့်ကို ချင်းချင်း တိုင်ပါ။ ကျွန်တော် ချက်ချင်း အရေးယူ ပါမယ်)လို့ပြောတော့  ဦးအောင်ချိန်က (အနှောင့်အယှက် ပေးတာတော့ မရှိပါ ဘူး။ ဒါပေမဲ့ ရဲဗမာအဖွဲ့က အလိုရှိတဲ့ လူအချို့ကို ရှာမတွေ့သေးလို့ မဖမ်းရသေး ဘူး)လို့ ပြန်ပြောပါတယ်။ အဲဒီတော့ ကျွန်တော်က (အဲဒါက ရဲတွေရဲ့ အလုပ်ပဲ၊ ကျွန်တော် မတတ်နိုင် ဘူး၊ ဒီလူတွေကို ကျွန်တော်တို့ ကိုယ်တိုင်  လိုက်ဖက်ဖို့ပဲ ရှိနေတော့မယ်)လို့ ပြောလိုက်ပါတယ်။
    ဦးဗဆွေ၏ တင်ပြချက်အရ (ရဲအဖွဲ့ က ဖမ်းလိုသူ ၁၂ ဦးအနက် ၅ ဦးကို မတ်လ ၁၅ ရက်နေ့ တောင်သူလယ်သမား အစည်းအဝေးပြီးမှ ဖမ်းပါ) ဆိုရာတွင် မတ်လ ၁၈ ရက်နေ့ကျမှ ခေါင်းဆောင် အချို့ကို ဖမ်း၏။ ထိုသို့ ဖမ်းရာတွင် ၁၂ ဦး မပါရှိဘဲ ၆ ဦးသာလျှင် ပါဝင်လေသည်။
    သတင်းစာ၌ ပါရှိပုံမှာ (မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် (၁) ဗတလစအတွင်း ရေးမှူးသခင် ချစ်မောင် (၂) သခင်ဗဟန် (၃) သခင်ကျော်ဒွန်း (၄) သခင်လှကျွေ (၅) စပကသ ဥက်္ကဋ္ဌ သခင်ပန်းမြိုင်နှင့် (၆) သခင်စိုးမြင့် တို့အား ကျော်တံတားဌာနမှ ပုဒ်မ ၄၅၁ မတရား စုဝေး၍ ပိုင်နက်ကျူးလွန်မှုနှင့် ပုဒ်မ ၄၅၄  အိမ်ရာ တက်ရောက် ဖျက်ဆီးမှုတို့ဖြင့် ဖမ်းဆီး အရေးယူပြီးလျှင် ပဉ်္စမရာဘက် တရားသူကြီးရုံး၌ တရားစွဲဆို၏။ ထို တရားခံတို့အား ဗိုလ်ချုပ်ဈေးမှ ကုန်သည် သခင်စံသိန်းနှင့် ကြည့်မြင်တိုင်မှ ဦးရှုတင် တို့၏ ၁၀၀၀ တန် အာမခံဖြင့် ပြည်လည် လွှတ်လိုက်ကြောင်း။
    ထိုတရားခံများကို အာမခံနှင့် ပြန် လွှတ်ခြင်းနှင့် ပတ်သက်၍လည်း သခင်နု က ပါလီမန်၌ ရှင်းပြရာတွင် (အခုဆိုရင်  ကျွန်တော်ပြောတဲ့အတိုင်း ရဲအဖွဲ့က အလို ရှိတဲ့လူတွေ အားလုံး ရဲဗမာအဖွဲ့ကို အပ်ပြီးပါပြီ။ ဒါပေမဲ့ တစ်ချို့က မေးနေကြ တယ်။ (ဒီလူတွေကို ဖမ်းတယ်လည်း ဆိုတယ်၊ အပြင်ဘက်မှာ လွတ်လွတ် လပ်လပ် သွားလာနေတာကိုလည်း တွေ့ကြရတယ်၊ ဘယ့်နှယ်လုပ်တာလဲ) လို့ မေးကြတယ်။ အစတုန်းက ဒီမေးခွန်း ကို ကျွန်တော်ကိုယ်တိုင်လည်း မေးခဲ့ပါ တယ်။ အမှန်ကတော့ ဒီလူတွေကို ဖမ်းတဲ့ ပုဒ်မဟာ အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်နေလို့ ပါပဲ။ အာမခံရတာနဲ့ သူတို့ရဲ့ အမှုဟာ မပြီးသေးပါဘူး။ ရုံးတင်ပြီး အမှုစစ်ဆေးရဦး မယ် ရုံးတော်က ပေးတဲ့အပြစ်ကို ဒီလူတွေ ခံရဦးမယ်။ အပြင်ဘက်မှာ ကောင်းကောင်း မွန်မွန် မနေဘဲ ဆူဆူပူပူ လုပ်ကြမယ် ဆိုရင် တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး ဥပဒေ အရ ကျွန်တော်က ထပ်ဖမ်းပစ်မယ်)
အဆက်ဖြတ်တဲ့ ကိစ်္စ
သတင်းစာ အားလုံးကို ဖဆပလနှင့် အစိုးရက အဆက်ဖြတ်လိုက်တယ် ဆိုပေမယ့် စေတနာ အစစ်ကတော့ အဆက်မဖြတ် တာဝန်မဲ့ရေး နေကြတဲ့ သတင်းစာ သုံးလေးစောင်လောက်နှင့်သာ အဆက်ဖြတ်လိုခြင်း ဖြစ်ပါတယ်။ ဒီလို ဆိုရင် အဆက်ဖြတ်လိုတဲ့ သတင်းစာ။ ၃၊၄ စောင်ကို နာမည်ဖော်ပြီး အဆက်ဖြတ် ပါလားလို့ အကြံပေးစရာ ရှိပါတယ်။ ဒီလို ခွဲဖြတ်ပြီးလျှင် အဖြတ်ခံရတဲ့ သတင်းစာ တွေက အဖြတ်မခံရတဲ့ သတင်းစာတွေကို အလိုတော်ရိ သတင်းစာတွေလို့ စွပ်စွဲ ဦးမည့်အပြင် ဖဆပလနှင့် အစိုးရကိုလည်း သတင်းစာ အချင်းချင်း သွေးခွဲပေးတယ်လို့ စွပ်စွဲဦးမည့် အချက်ပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို သွေးခွဲတယ်လို့ စွပ်စွဲတဲ့ ကိစ္စကတော့ တယ် အရေးမကြီးလှပါဘူး။ အဖြတ်မခံရတဲ့ သတင်းစာတွေဟာ ကျွန်တော်တို့က ဒီလို ခွဲခွဲခြားခြား လုပ်လိုက်တာကြောင့် နစ်နာသွားမှာကို ကျွန်တော်ထည့်ပြီး စဉ်းစားပါတယ်။ အဲဒီ အကြောင်းကိုလည်း သတင်းစာများ၏ ကိုယ်စားလှယ်များနှင့် ကျွန်တော် မတ်လ ၁၈ ရက်နေ့မှာ တွေ့စဉ်တုန်းက ကျွန်တော် ဖွင့်ပြောလိုက်ပါပြီ။
လမ်းမပိတ်သေးပါဘူး
အဲဒီတော့ သတင်းစာဆရာတွေနဲ့ အစိုးရ ဟာ လမ်းမပိတ်သေးပါဘူး၊ (သြဘာသံ များ) ဒီကနေ့ နှစ်ဦး နှစ်ဖက်စလုံးက တရားမျှတရေးကို လက်ခံမယ်ဆိုရင် ဒီကနေ့ ညီညွတ်မှု ရနိုင်ပါလိမ့်မယ်။ လွတ်လပ်ရေး ကြီးရအောင် ၀ိုင်းဝန်းပြီး  ကြိုးပမ်းခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက် သတင်းစာများနဲ့ ကျွန်တော်တို့ ရန်မဖြစ် ချင်ပါဘူး။ သတင်းစာများရဲ့ ကောင်းရာသို့ လမ်းညွန်မှုကို ကျွန်တော် ဆက်လက်ပြီး ခံယူလိုပါတယ်။ အဲဒီအတွက် တာဝန်သိပြီး တရားမျှတမှုကို လိုလားတဲ့ သတင်းစာ ကြီးများက တရားမျှတမှုရအောင် ဆက် လက်ကြိုးစားကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်။
    မတ်လ ၁၆ ရက်နေ့၌ကား အစိုးရက အထူးခုံရုံးဖွဲ့ စုံစမ်း စစ်ဆေးစေမည်ဟု ကြေညာ၏။ ထိုအဖွဲ့၌ ဆာဘဦး (ဥက္ကဋ္ဌ)။ ဦးအေးမောင်နှင့် ဦးအောင်သာကျော်တို့ ပါဝင်၏။ ဤကြေညာချက်ကြောင့် ပြည်သူ လူထု အတော် စိတ်အေးသွား၏။
    နိုင်ငံတော် သမ်္မတကြီးက ၀န်ကြီး သခင်တင်နှင့် ပတ်သက်သော စွပ်စွဲချက် များကို စစ်ဆေးရန် အထူးခုံရုံးကို မတ်လ ၁၈ ရက်နေ့၌ ခန့်အပ်လိုက်ရာ နောက် တစ်နေ့၌ပင် ထိုခုံရုံးက အမှုတွဲဖွင့်ကာ အလုပ်စလေတော့သဖြင့် အလွန် မြန်ဆန် သွက်လက်သည်ဟု ဆိုရပေမည်။  သတင်း စာတိုက်များဘက်မှ ၀တ်လုံဦးကျော်ဒင်က ဆောင်ရွက်လျက် အစိုးရဘက်မှ ဒုရှေ့နေ ချုပ် ဦးချန်ထွန်းအောင်နှင့် သခင်တင်၏  အထူး ရှေ့နေ မစ္စတာတီ၊ ကေဘွန်းတို့ လိုက်ပါကြ၏။
    မီးခွက်မှုတ်မှုနှင့် ပတ်သက်၍ ခုံရုံးက စစ်ဆေးသော သက်သေများမှာ (၁) သခင်တင် (၀န်ကြီး)၊ (၂) မကျင်စိန်၊ (၃)ဗိုလ်ထွန်းဝင်း၊ (၄) ဗိုလ်ချင်း၊ (၅) ဦးထွန်း မြိုင်၊ (၆) သခင်ကြီးမြင့်၊ (၇) သခင်သိန်း မောင်၊ (၈) ဦးလှဘော်၊ (၉) ဦးဘထွန်း၊ (၁၀) ဦးရှင်တို့ ဖြစ်ကြ၏။
    ရိုက်ချိုးခံရသော သတင်းစာတိုက် များမှ (၁) ဦးညိုမြ (အိုးဝေ)၊ (၂) ဦးစံမြင့် (စီးပွားရေးနှင့် (၃) ဦးဂုဏ်ရောင် (ဟစ်တိုင်) တို့ကို စစ်ဆေး၏။
    ခုံရုံး အစီရင်ခံစာ၌ ပါရှိသည့်အတိုင်း မီးခွက်မှုတ်သတင်းကို မတ်လ ၁၀ ရက် နေ့ထုတ် အိုးဝေသတင်းစာ၌ သူများထက် တစ်ရက်စော၍ ဦးဦးဖျားဖျား ပါရှိခဲ့လေ သည်။ နောက်တစ်နေ့ မတ်လ ၁၁ နေ့တွင် မှ စီးပွားရေးနှင့် ဟစ်တိုင်သတင်းစာ တို့တွင် ပါလာ၏။ ကွန်မြူနစ် သတင်းစာ၌ မူ ဆိုရှယ်လစ်များ အကြမ်းဖက် ရိုက်ချိုး ကြသည့် မတ်လ ၁၂ ရက်နေ့ နံနက် တွင်သာ ပါလာ၏။ အခြား သတင်းစာများ ၌ကား လုံးဝ ဖော်ပြခြင်း မရှိပေ။ သတင်း ထူး သတင်းဦးတို့ ရနေကျ ထည့်နေကျ ကြွားနေကျ ဗမာ့ခေတ်သတင်းစာပင်လျှင် ထိုသတင်းကို ဝေရာမဏိခဲ့လေသည်။ နိုင်ငံရေး အကြောကို နားလည်သော (လူနပ်ချမ်းသာ) သတင်းစာ ဖြစ်ဟန်တူ ၏။ ထိုသတင်းကို တကယ်ဦးဦးဖျားဖျား ရရှိသူမှာ မြန်မာ့အလင်း သတင်းစာ ဖြစ်၏။ ၀န်ကြီးဦးကျော်ငြိမ်းပင် ထိုသတင်း စာမှတစ်ဆင့် မကျင်စိန်၏ တိုင်စာကို မတ်လ ၁၇ ရက်နေ့က ရရှိကြောင်းကို သခင်တင်၏ ထွက်ချက်၌ ပါရှိလေသည်။ မြန်မာ့အလင်းကလည်း ထိုသတင်း ထူးကြီးကို ရှောင်ခဲ့လေသည်။
    ကျွန်တော်တို့ အိုးဝေသတင်းစာမှ ထိုသတင်းကို မတ်လ ၉ ရက်နေ့ကျမှ ရရှိသော်လည်း သတင်းထူး ဖြစ်သည့် အလျောက် ထိုက်တန်သလောက် အမြန် စစ်ဆေး စုံစမ်းပြီးနောက် မဆိုင်းမတွ (ရှုပ်တဲ့ဝန်ကြီး) ဟူသော ခေါင်းစဉ်ဖြင့် မျက်နှာဖုံးမှ ထင်ရှားစွာ ထည့်သွင်း ဖော်ပြ လိုက်ခြင်းဖြစ်၏။
    (ထိုက်တန်သလောက် စုံစမ်းစစ်ဆေး ပြီးမှ ထိုသတင်းကို ထည့်သည်။) ဆိုရာ၌ ကာယကံရှင်ထံသို့ လည်းကောင်း၊ ဆိုရှယ်လစ် ၀န်ကြီးများထံသို့ လည်း ကောင်း၊  သွားရောက်ကာ မှန်မမှန် စုံစမ်း ခြင်း ကိုကား မပြုပါ။ မှန်မမှန်ကို သိတန် ကောင်းသည်ဟု ယူဆသော ဆိုရှယ်လစ် ခေါင်ဆောင် တစ်ဦးဖြစ်သူ ရန်ကုန်-ကိုဗဆွေထံသို့ ထိုသတင်းကို အကဲဖြတ် ရန် သွားရောက် ဆွေးနွေးပါသည်။  (ဟာ-ဒီသတင်းဟာ ယုတ်္တိရှိတယ်၊ ထည့် သာထည့်)ဟု သူက ပြောသဖြင့် စိတ်ချ လက်ချ ထည့်လိုက်ခြင်း ဖြစ်ပါသည်။         အမှန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တက်္ကသိုလ်တွင် လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့၍ သခင်နုဦးစီး သော ဖဆပလအစိုးရ အဖွဲ့ဝင်- ၀န်ကြီး အများစုတို့မှာ ကျွန်တော့်ရဲဘော် ရောင်း ရင်းများ ဖြစ်လေသည်။ သူတို့ထံသို့ အချိန် မရွေး တယ်လီဖုန်းဆက်ကာ ဘာမဆို မေးမြန် ပြောဆိုခွင့်ရှိ၏။ သို့သော် သူတို့ကို တမင်မမေးဘဲ ချန်လှပ်ထားခဲ့ခြင်း ဖြစ်၏။ မေးလျှင်လည်း သူတို့ကို အားနာရသော ကြောင့် ထည့်ရန် ဖြစ်နိုင်တော့မည် မဟုတ်။ (သူငယ်ချင်းရာ- ဒါတော့ သည်းခံပါကွာ) ဟု သူတို့က တားဆီးရန် သေချာ၏။
     ကျွန်တော်သည် သူများထက်ပို၍ ရဲရင့်တည်ကြည် ရိုးဖြောင့်သူ မဟုတ်ပါ။ အကယ်၍ ထိုအမှုကိစ်္စမျိုးသည် ဦးကျော် ငြိမ်း၊ ဦးဗဆွေ၊ ဗိုလက်ျာ၊ ဦးဗဂျမ်း၊ ဦးရာ ရှစ်၊ ဦးညိုထွန်း စသော ကျောင်းနေဘက်  ၀န်ကြီးများနှင့် ပတ်သက်လျှင် သူငယ်ချင်း ၀တ်္တရား အလျောက် တစ်မျိုးတမည် ကျွန်တော်က နှာစီးနေဖွယ် ရှိပါ၏။ သို့သော် သူတို့နှင့် ခင်မင်တိုင်း သူတို့၏ နောက်လိုက် ဖဆပလအဖွဲ့ဝင်  တစ်သိန်း ရှစ်သောင်းကျော်တို့၏ သတင်းကို ဘာမျှ မရေးဘဲ လက်ပိုက်နေရတော့မည်လော။ ဤသို့ဆိုလျှင် သတင်းစာအလုပ်ကို မလုပ် တော့ဘဲ လိုင်စင်ပွဲစား ခုပ်ရန်သာ ရှိပေတော့သည်။ သတင်းစာသမား လုပ်လျှင်လည်း သတင်းစာ ၀တ်္တရားများ ကို ရှောင်ကွင်း၍ မဖြစ်ပါချေ။
    သို့လျှင် ကျွန်တော်သည် အမေရိကန် ပြည်မှ ပြန်ရောက်ခါစ မြန်မာနိုင်ငံရေး အကြောကို မသိနားမလည်သော နယား ၀ါးလား သတင်းစာသမားတစ်ဦး ပီသစွာ လူနတ်ချမ်းသာ ဆရာ့ဆရာကြီးများ မတို့  မထိသောသတင်း ခလုပ်ကို ဦးဦးဖျားဖျား နှိပ်မိလေတော့သည်။ ထို့ကြောင့် နိုင်ငံ တော်ခုံရုံး ရှေ့မှောက်၌ ဦးစွာရိုက်ချိုးခံ ရသော တရားလိုသတင်းစာ ဆရာဖြစ် နေ၏။ ကျမ်းသစွာ ကျိန်ဆိုပြီးနောက် ကျွန်တော်၏ ထွက်ချက်ကို ဗမာ့ခေတ်က ဖော်ပြသည်မှာ ---
(၆)
    “အိုးဝေသတင်းစာ အယ်ဒီတာချုပ် ဦးညိုမြကို ဦးကျော်ဒင်က မေးခွန်းထုတ်၍ ထွက်ဆိုသည်မှာ -- မိမိသည် မြန်မာပညာ တော်သင်အဖြစ်ဖြင့် သတင်းစာ လုပ်ငန်း ကို အမေရိကန်ပြည်တွင် သွားရောက် ဆည်းပူးခဲ့ကြောင်း၊ ပညာအရပ်ရပ်ကို နှစ်နှစ်နှင့် သင်ကြား ပြီးစီးခဲ့သော်လည်း စစ်ဖြစ်နေသဖြင့် အမေရိကန်ပြည်၌ ၅ နှစ်ကြာမျှ ကြာခဲ့ကြောင်း။
    အများသိတဲ့အတိုင်း မြန်မာပြည် လွတ်လပ်ခဲ့တာ သုံးလလောက် ရှိကြောင်း၊ တိုင်းသစ် ပြည်သစ် ထူထောင်ရာမှာ တိုင်းပြည်အဆင့်အတန်း မြင့်ဖို့သတင်းစာ များက မကြောက်မရွံ့ တာဝန်ထမ်းရွက် ရန် တာဝန်ရှိကြောင်း။
    တိုင်းပြည်ကို ထန်းသိမ်းစောင့်ရှောက် ရာတွင် သတင်းစာများကို စတုတ်္ထ           မဏ္ဍိုင်ဟု ခေါ်စမြဲဖြစ်ကြောင်း။ ပထမ မဏ္ဍိုင်မှာ အစိုးရအဖွဲ့၊ ဒုတိယမဏ္ဍိုင်မှာ လွှတ်တော်၊ တတိယမှာ တရားရုံးတော် ဖြစ်ကြောင်း၊ ထိုမဏ္ဍိုင်များ မယိမ်းမယိုင် အသီးသီး တာဝန် ကျေပွန်စွာ ဆောင်ရွက် ကြမှ တိုင်းပြည်ခိုင်မြဲ တည်တံ့ကြောင်း။
    ဗြိတိသျှများ လက်အောက်မှ လွတ် မြောက်ခဲ့ပြီဖြစ်ရာတွင် ယခုအခါ (ကိုယ် လုပ်မှ ကိုယ်စားရ) ဆိုသလို မြန်မာများ ကိုယ်တိုင် မိမိတို့ဆိုင်ရာ တာဝန်များကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ကြမှ တိုင်းပြည်၏ တရားဓမ်္မလမ်း အဆင့် အတန်းများ ပြတ်သားစွာ တည်ရှိနိုင်မည် ဖြစ်ကြောင်း ခါတိုင်းလို တာဝန်မဲ့နေထိုင်၍ အပြစ်ရှိသမျှကို နယ်ချဲ့အစိုးရ အပေါ်တွင် လွှဲချ၍ မဖြစ်တော့ကြောင်း။
ဥပဒေစည်းမျဉ်း
ယခုအချိန်၌ လွတ်လပ်သော မြန်မာနိုင်ငံ တော် အုပ်ချုပ်ရေး စာအုပ်ကြီးအတွင်း၌ ပြည်သူ့လွတ်လပ်မှု တရားစည်းကမ်းများ  အမျိုးမျိုး ရှိပါကြောင်း။ သို့သော် ထိုစည်းကမ်းများကို လက်တွေ့အားဖြင့် သြဇာတည်မြဲစေရန် ကျွန်တော်တို့ ကိုယ်တိုင် စွန့်စွန့်စားစား အားပေးကူညီ နိုင်မှ ဖြစ်ကြောင်း။
စမ်းတာပေါ့
သခင်တင်၏ သတင်းကို ထည့်စဉ်က ကျွန်တော်တို့ ဤနည်းအတို်င်း စွန့်စား ကာ သတင်းစာ၏ ၀တ်္တရားအတိုင်း မဖုံး မဖိ ဖော်ပြလိုက်ခြင်း ဖြစ်ကြောင်း။ ဘယ်လိုဖြစ်မည်၊ ဘာလုပ်ခံရမည်ကို လုံးဝ ဂရုမစိုက်ကြောင်း။ ဤအမှုနှင့် ပတ်သက်၍ လွတ်လပ်စ မြန်မာပြည်တွင် တရားဓမ်္မ အဆင့်အတန်း မည်မျှရှိသည် မရှိသည်ကို ထင်ရှားသိနိုင်ရန်သာ မျက်နှာ မလိုက်ဘဲ ရေးထည့်လိုက်ခြင်း ဖြစ် ကြောင်း။
ဆက်လက်ဖော်ပြပါမည်
ဘိရမာဝါးတားဂိတ် အပိုင်း(၅) စာဖိုင်ယူရန် Click

No comments:

Post a Comment