Thursday, June 28, 2012
အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကျဉ်း
ဗိုလ်ချုပ်အောင်ဆန်း(ခ)ဗိုလ်တေဇ(၁၉၁၅-၁၉၄၇)
သတင်းစာဆရာ နှင့် နိုင်ငံရေး(မောင်ဝံသ-ဆောင်းပါး)
သတင်းစာဆရာနှင့် နိုင်ငံရေး
မောင်ဝံသ
"Becoming a politician is the only step down I could take from being a journalist."
Jim Hightower
နိုင်ငံရေးသမားဖြစ်လာတာဟာကျွန်တော့်အနေနဲ့သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့
ထားတာ။
(ဂျင် ဟိုင်းတာဝါ)
သူ ဆိုလိုတာက တကယ်ဖြစ်ချင်တာ သတင်းစာဆရာ။ သတင်းစာဆရာ ဘဝကို မရောက်ခင် တစ်ထစ်ပဲ လျှော့ပြီး ခံယူမယ့် ဘဝကတော့ နိုင်ငံရေးသမား ဘဝကတော့ နိုင်ငံရေးသမား ဘဝပါပဲတဲ့။
ဟိုင်းတာဝါ(၁၉၄၃ဖွား) ဟာ ဆင်ဒီကိတ် ကော်လံ ဆောင်းပါးရှင်၊ လစ်ဘရယ် ဝေဖန်ရေးဆရာ၊ ပေါ်ပြူလစ် တက်ကြွလှုပ်ရှားသူ၊အမေရိကန်နိုင်ငံမှာထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေး​ သတင်းစာဆရာ တစ်ယောက်ပါ။ သူဟာ အောက်ခြေသိမ်းနိုင်ငံရေးသမားဘဝက စလုပ်ခဲ့ပြီးနောက်ဆုံးတော့ သူရည်မှန်းတဲ့ အ တိုင်း အောင်မြင်တဲ့ သတင်းစာဆရာ ဘဝကို ရောက်သွားပါတယ်။
နိုင်ငံရေးသမား ဘဝထက် သတင်းစာဆရာ ဘဝကို ပို၍ တန်ဖိုးထား ဂုဏ်ယူတဲ့ ဇာတ်လိုက်တွေကို ဆရာ ဗန်းမော် တင်အောင်ရဲ့ ဘုန်းမောင် တစ်ယောက်တည်းရယ်တို့၊ လွမ်းရစ်တော့ သက်လယ်ရယ်တို့၊ မြိုင်တို့ မှာ ကျွန်တော်တို့ တွေ့ခဲ့ အားကျခဲ့ရ ဖူးတယ်ဗျာ။
ကျွန်တော်တို့ရဲ့ ရှေ့မျိုးဆက်များက သတင်းစာ ဆရာကြီးတွေထဲမှာလည်း နိုင်ငံရေးကို အစဉ်အလာ နိုင်ငံရေး သမားတွေထက် ပို၍ တတ်သိ နားလည်တဲ့ သတင်းစာ ဆရာကြီးတွေ အများကြီး ပေါ်ထွန်းခဲ့တယ်ဗျ။ တစ်ထိုင်တည်း မှတ်မိသလောက် ပြောရရင် ဘကြီးဘဘေ၊ ဒီးဒုတ် ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့ဟာ နိုင်ငံရေး သမားတွေထက် နိုင်ငံရေး ကျွမ်းသူတွေလို့ အသိအ  မှတ် ပြုခံခဲ့ရပါတယ်။
ဗမာ့ခေတ် ဦးအုန်းခင်
လွတ်လပ်ရေး ရပြီးတဲ့နောက် ပါလီမန် ခေတ်မှာလည်း တန်ခိုးထက်နေတဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ကို "ငါ့ညီ မင်း ငယ်ပါသေးတယ်" လို့ ပြောရဲ ရေးရဲတဲ့ သတင်းစာ ဆရာကြီး ဗမာ့ခတ် (နောက်တော့ မိုးကြိုး) ဦးအုန်းခင်လို သတင်းစာ ဆရာတွေ ပေါ်လာခဲ့တယ်။ ထက်မြက်တဲ့ သတင်းစာ ဆရာတွေကို တော်ရုံ နိုင်ငံရေး သမားတွေက ဖြုံကြရပါတယ်။
ပါလီမန် ဒီမိုကရေစီ ခေတ်မှာ သတင်းစာနဲ့ နိုင်ငံရေး သမားဆိုတာ မကင်းရာ မကင်း ကြောင်းတွေ ဖြစ်ခဲ့ပါတယ်။ သတင်းစာ ဆရာတွေ ထဲမှာလည်း ပါတီ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ဘက် လိုက်မှုကတော့ အနည်းနဲ့ အများ ရှိခဲ့ ကြတာပါပဲ။
အထက်မှာ ပြောခဲ့တဲ့ ဗမာ့ခေတ် ဦးအုန်းခင်ဟာ ဦးနုမှ ဦးနုဆိုပြီး ထောက်ခံခဲ့သူ ဖြစ်တယ်။ ဦးကျော်ငြိမ်း ကိုတော့ အလွန် မုန်းတီးသတဲ့။ မိုးကြိုးကလောင် အမည်နဲ့ ရေးတဲ့ ဦးအုန်းခင်ရဲ့ ဆောင်းပါးတွေကို ကျွန်တော်တို့ စေ့စေ့စပ်စပ် ပြန်ဖတ် ကြည့်တဲ့အခါ "ချစ်သူကို သာစေ၊ မုန်းသူကို နာစေ" အရေး အသားတွေ အများကြီး တွေ့ရတယ်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိုးကြိုးကြီးတို့ ခေတ်မှာ အဲသလို ပုတ်ဟယ် ခတ်ဟယ်၊ တို့ဟယ် ဆိတ်ဟယ် ရေးခွင့် ရှိတာကပဲ တစ်နည်း အားဖြင့်လည်း ပျော်စရာကြီး လို့ ဆိုနိုင် တယ်ဗျ။
ထွန်းနေ့စဉ်ဦးထွန်းဖေ
ဗမာ့ခေတ် ဦးအုန်းခင်က ဦးနုကို အပြတ် ထောက်ခံသလို ဦးနုကို ခါးခါးသီးသီး တိုက်ခိုက်ခဲ့တဲ့ သတင်းစာ ဆရာကြီး တစ်ယောက်လည်း ရှိခဲ့တယ်ဗျာ။ သူကတော့ သူရိယ ဦးထွန်းဖေ၊ ခေါင်းကြီး ဦးထွန်းဖေ၊ ထွန်းနေ့စဉ် ဦးထွန်းဖေ စတဲ့ နာမည်တွေနဲ့ ထင်ရှားခဲ့သူပါ။
ဦးထွန်းဖေဟာ ခေသူတော့ မဟုတ်ပေဘူး။ ၁၉၂၀ တက္ကသိုလ် သပိတ်ကြီးမှာ ကျောင်းသားခေါင်ဆောင် တစ်ယောက် ဖြစ်ခဲ့တယ်။ နောက် သူရိယ သတင်းစာမှာ သတင်းထောက်၊ အယ်ဒီတာ ဖြစ်တယ်။ ၁၉၄၇ ခု ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား အချိန် တိုင်းပြုပြည်ပြု လွှတ်တော်မှာ လေးမျက်နှာ မဲဆန္ဒနယ်က ဖဆပလ အမတ် ဖြစ်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ၇၅ ဦး ကော်မတီ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်တယ်။
တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ပါလီမန် အဆင့် ပြောင်းလဲတဲ့ ၁၉၅၂ ခု အထွေထွေ ရွေးကောက်ပွဲကျတော့ ဝက်လက် မဲဆန္ဒ နယ်ကနေ ပါလီမန် အမတ် ဖြစ်ခဲ့ပြန်ပါတယ်။ အဲသည် ကာလအတွင်း ၁၉၄၈ စက်တင်ဘာလမှ ၁၉၅၃ ခု သြဂုတ်လ အထိ ဦးနုရဲ့ ကက်ဘိနက် (အစိုးရ) အဖွဲ့မှာ ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဘဝရှင် မင်းတရားကြီး
ဦးနုအပေါ် မကျေနပ်တာတွေ များလာလို့ ၁၉၅၃ ခု သြဂုတ်လမှာ ဦးထွန်းဖေဟာ ဝန်ကြီးရာထူးက နုတ်ထွက်လိုက်တယ်။ ပြီးတော့ "ပါလီမန် ဒီမိုကရေစီကို ရိုသေလေးစားရိုး မှန်လျှင် ဦးနုရာထူးက နုတ်ထွက်ဖို့ သင့်ပြီ" ဆိုတဲ့ စာစောင်တစ်ခု မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသား ထုတ်ဝေခဲ့တယ်ဗျာ။ ဦးနုကို ဘဝရှင် မင်းတရားကြီးလို့ ဦးထွန်းဖေက နာမည်ပေး ခဲ့တာ ရာဇဝင် တွင်ရောဗျ။ (ဘဝရှင် မင်းတရားကြီးလို့ ပြောတာက ရှင်ဘုရင်စိတ် ပေါက်ပြီး အာဏာရှင် ဆန်လာတယ် လို့ ဆိုလိုတာပါ။)
ဝန်ကြီးရာထူးကို စွန့်ပြီးခဲ့တဲ့နောက် ဦးထွန်းဖေဟာ နေ့စဉ် သတင်းစာ တစ်စောင် ထုတ်ဝေတယ်။ မိမိနာမည်ထဲက 'ထွန်း' ကိုယူပြီး 'ထွန်းနေ့စဉ်' သတင်းစာလို့ နာမည်ပေးတာဗျ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူ ဆိုတာ သတင်းစာ နာမည် ယူပုံကပဲ ပေါ်လွင် နေတယ်ဗျာ။
ထွန်းနေ့စဉ် သတင်းစာကနေ ပမညတခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ဆိုတဲ့ နိုင်ငံရေး တပ်ဦးထူထောင်ဖို့အားပေးလှုံ့ဆော်ခဲ့တယ်။ ပမညတ ပေါ်လာတော့လည်း အင်တိုက်အားတိုက် အားပေးတယ်။ ဒီမိုကရေစီ နိုင်ငံရဲ့ အင်္ဂါရပ် တစ်ခု ဖြစ်တဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစု ပေါ်ထွန်းလာခြင်းကို ဦးထွန်းဖေက ကြိုဆို ထောက်ခံ ခဲ့တယ်ဗျ။
သို့ပေမယ့် တည်မြဲနဲ့ သန့်ရှင်းဆိုပြီး ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲတော့ ပမညတက သန့်ရှင်း (ဦးနု)ကို ထောက်ခံ လိုက်တဲ့ အခါ ဦးထွန်းဖေဟာ ပမညတကိုပါ ဝေဖန် တိုက်ခိုက် တော့တယ်ဗျာ။ (သူအလွန် မကျေနပ်တဲ့ ဦးနုကို ထောက်ခံရ မလား ဆိုတဲ့ အစွဲနဲ့ ပမညတကိုပါ ရန်သူစာရင်း သွင်းလိုက်တာလို့ ကျွန်တော် ကောက်ချက် ချခဲ့ဖူးတယ်။ ကျွန်တော့် ကောက်ချက် မှားတယ်)။ အဲသည်နောက် ဦးနုရဲ့ ၃ လ ၁၇ ရက်သာ သက်တမ်းရှည်တဲ့ သန့်ရှင်း ဖဆပလ အစိုးရက ဗိုလ်ချုပ်နေဝင်းကို အာဏာ လွှဲပေးရတယ်။ အိမ့်စောင့်အစိုးရ ဆိုတာ ပေါ်ပေါက်လာတယ်။ ၁၉၆၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ တော့ ဦးထွန်းဖေဟာ ဦးနုအဖွဲ့ကို ဆန့်ကျင်၊ တည်မြဲ ဖဆပလကိုလည်း လက်မခံ၊ ပမညတ နဲ့လည်း သဘော ကွဲလွဲတဲ့ အလျောက် အားလုံးကို တိုက်ခိုက် ထိုးနှက် ဝေဖန် တော့တာပဲဗျ။
တတိယ အင်အားစု ပေါ်လာဖို့တဲ့
တည်ရှိနေဆဲ နိုင်ငံရေး သမားတွေကို စိတ်တိုင်းမကျ ဖြစ်ရာက တတိယ အင်အားစု ပေါ်လာဖို့ လိုပြီဆိုတဲ့ လှုံ့ဆော်ချက်ကို ထွန်းနေ့စဉ် သတင်းစာကနေ ရေးသားတယ်။ ရွေးကောက်ပွဲမှာ ဦးနု အဖွဲ့နိုင်ပြီး အစိုးရ ဖြစ်လာတော့ သဘောကွဲလွဲတဲ့ အတိုက်အခံ (တည်မြဲ) တွေနဲ့ အာဃာတ မထားရေး၊ သင်ပုန်းချေရေး ကြိုးစားတာကိုလည်း သူတို့တစ်တွေ ဝေမစားကြရမှာ စိုးလို့ တိုင်းပြည်ကို စော်ကား နေတာလို့ စွပ်စွဲပြန်တယ်ဗျ။
ဦးထွန်းဖေရဲ့ အရေးအသားတွေ လွန်ကျွံလာလို့ ဦးနု အစိုးရက ပုဒ်မ ၅နဲ့ ဦးထွန်းဖေကို ဖမ်းတယ်။ ထွန်းနေ့စဉ် သတင်းစာ ကိုလည်း အာမခံငွေ တစ်သောင်း တောင်းတယ်။ အာမခံငွေ မပေးနိုင်လို့ သတင်းစာတိုက်ကို ပိတ်လိုက်ရတယ်ဗျာ။ သို့ပေမယ့် ထောင်ထဲ နှစ်လတောင် မကြာ ပါဘူး ပြန်လွတ်ခဲ့ပါတယ်။ ဦးထွန်းဖေ ပြန်လွတ်ပြီး သုံးလအကြာ ၁၉၆၂ခု မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းကာ တော်လှန်ရေး ကောင်စီ ဆိုတာပေါ်လာပါတယ်။ ဦးထွန်းဖေ တောင့်တတဲ့ တတိယ အင်အားစု ဆိုတာ ဒါပဲလားလို့ ပြောစရာ ဖြစ်ခဲ့တယ်ဗျာ။
ဦးထွန်းဖေက ထောင်က လွတ်တော့ သတင်းစာ ပြန်ထုတ်တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး ရက်ပိုင်း အကြာမှာ ထွန်းနေ့စဉ် သတင်းစာမှာ "အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" ခေါင်းစဉ်နဲ့ အခန်းဆက် ဆောင်းပါး တွေရေးတယ်။ ၁၉၆၂ မတ်လ ၁၅ ရက်ကနေ မေလ ၁၁ ရက်အထိ ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပေါင်းချုပ်စာအုပ် ထုတ်ခဲ့ပါ တယ်။
ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်သို့
တော်လှန်ရေးကောင်စီ အစိုးရခေတ်မှာ ဆရာကြီး ထွန်းနေ့စဉ် ဦးထွန်းဖေဟာ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကြီး ဖြစ်သွားတယ်ဗျ။ (ဒီနေ့ ခေတ်မှာတော့ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့လို့ ခေါ်ပါလိမ့်မယ်)
ဗိုလ်ချုပ်နေ၀င်းဟာ ပထစဟောင်း၊ တည်မြဲဟောင်း နိုင်ငံရေး သမားတွေထဲက မိမိကို ထောက်ခံလာသူ တွေနဲ့ တစ်ချိန် တစ်ခါက နိုင်ငံရေး ဘက်လိုက်မှုနဲ့ အရေးယူ ခံခဲ့ရတဲ့ တပ်မတော် အရာရှိဟောင်းကြီး တွေကို သံအမတ်ကြီး ရာထူးတွေ ပေးတယ်။ ပမညတ ဟောင်းတွေ အပါအ၀င် လက်ဝဲဟောင်းတွေ ကိုလည်း သင့်ရာတော်ရာ ဒုတိယတန်းစား ရာထူးတွေ ပေးတယ်။
လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ကျွန်တော်နဲ့ ဆုံစည်းခဲ့ကြတဲ့ သတင်းထောက်ဈာန်ရခေါ် ပီဂျီစိုးမင်းနဲ့ သတင်းထောက် ချုပ် ဦးစိန်အေးတို့ဟာ ထွန်းနေ့စဉ် ကျောင်းထွက်တွေ ဖြစ်လို့ သူတို့နဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းဖေဆီကို ကျွန်တော် ရောက်ဖူး၊ တွေ့ဖူး၊ စကားပြောဖူးတယ်။ အင်မတန် ခင်မင်ချင် စရာ ကောင်းပါတယ်။ အသိပညာ၊ ဗဟုသုတလည်း အလွန် ပြည့်စုံပါတယ်။ ကျွန်တော်တို့ မှတ်သားစရာ ဆုံးမစကား တွေလည်း ပြောလေ့ ရှိပါတယ်။ သို့ပေမယ့် ဆရာကြီး အပေါ်မှာ ကျွန်တော် နွေးထွေးတဲ့ ခံစားချက် မဖြစ်ပေါ် ခဲ့ပါဘူး။ ကျွန်တော့် ရင်ထဲ တစ်ခုခု တင်းခံနေ သလိုကြီး ဖြစ်နေတယ်။
အဲသည် ကာလတစ်ဝိုက်မှာပဲ ဆရာအိုးဝေ ဦးညိုမြနဲ့ ကျွန်တော် ဆုံမိတယ်။ အသက်အရွယ်လည်း ကွာ၊ ၀ါလည်း ကွာခြား လှပေမယ့် ငယ်ဆရာ တစ်ယောက်လို ကျွန်တော် ခံစား လိုက်ရတယ်။ ရင်းရင်းနှီးနှီး ဖြစ်သွားတယ်။ ဆိပ်ကမ်းသာ လမ်းက ဆရာ့ အိမ်ကို ကျွန်တော် ခဏခဏ သွားလည်တယ်။ ဆရာတုံးလုံးလှဲနေတဲ့ ခုတင်ဘေးမှာ ထိုင်ပြီး ရောက်တတ်ရာရာ စကားတွေ ပြောတယ်။ ဆရာသောက် နေ တဲ့ ထမင်းရည်ခွက် ကိုတောင် တောင်း သောက်ရဲတယ်။ ဆရာ့ကို ခေါ်ပြီး ပဲခူးက နတ်ပွဲတွေ ကို လေ့လာရေး ခရီးထွက်ကြတယ်။ ဆရာဦးညိုမြ ယမကာ မှီဝဲရင် ဘေးက ထိုင်ပြီး ၀တ်ဖြည့်ပေးတယ်။ ဆရာကြီး ဦးထွန်းဖေအပေါ် ဆက်ဆံရေးဟာ အဲသလို နွေးထွေးမှု မရှိခဲ့ပါဘူး။
တကယ်ဖတ်ဖြစ်ခဲ့ပါပြီ
ဆရာကြီး ဦးထွန်းဖေ ကတော့ အဲဒီတုန်းက အသက် ၂၀ ကျော်ရုံပဲ ရှိသေးတဲ့ ကျွန်တော့် ကို ဖော်ဖော်ရွေရွေ ဆက်ဆံပြီး လှိုက်လှိုက်လှဲလှဲ အားပေးတယ်။ သတင်းစာ လောကမှာ တက္ကသိုလ် ကျောင်းထွက် ပညာတတ်က လေးတွေ ဝင်လာ တာကို ကြိုဆိုတဲ့ အကြောင်း၊ သူတို့ခေတ် တုန်းကတော့ သတင်းစာ ပညာဆိုတာ တုံးပေကတ်သတ် တက္ကသိုလ်လို့ သူခေါ်ခဲ့သ လို သတင်းစာ စက္ကူပုံပေါ်မှာ အိပ်ပြီး ဆင်းရဲ ပင်ပန်းခံ သင်ယူခဲ့ရတဲ့ အကြောင်းတွေ ပြေပြပါတယ်။
ကျွန်တော်ကတော့ ၁၉၆၂ ခုနှစ်က ဆရာကြီးရေးခဲ့တဲ့ "အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရသလဲ" ဆောင်းပါး တွေကို အစပိုင်း ကလေးလောက် ဖတ်ပြီး အရပ်သား နိုင်ငံရေး သမားတွေရဲ့ အားနည်းချက်တွေကိုတစ်ဖတ်သတ်ဖော်ထုတ်နေတာ၊သူ့အတွက် စားပေါက်ချောင် အောင် ရေးနေတာတွေ ဆိုတဲ့ အစွဲဟောင်းနဲ့ပဲ ဆရာကြီး ဦးထွန်းဖေကို ကန်တန်တန် သဘောထားမိ ခဲ့တယ်ဗျာ။
ဝန်ခံရမယ် ဆိုရင် ဆရာကြီး ဦးထွန်းဖေရဲ့ "အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" စာအုပ်ကို နှစ်ပေါင်း ၄၀ ကျော် ကြာမှ (တကယ်) ဖတ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ စက်တင်ဘာ ၂၀၀၉နေ့ကနှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ဆရာမောင်စူးစမ်း၈၂နှစ်ပြည့်မွေးနေ့ပွဲကို သွားတော့ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်နဲ့ တွေ့တယ်။ သူက ကျွန်တော့်ကို အဲဒီစာအုပ် ပေးလိုက်ပါတယ်။ သည်ပွဲမှာ ကျွန်တော်နဲ့ တွေ့မယ်ဆိုတာ သိလို့ အသင့်ယူလာ ခဲ့တာပါတဲ့။ ကျွန် တော် မြန်မာ့ နိုင်ငံရေး လေ့လာချက်တွေ ရေးနေတာမှာ အထောက်အ ကူ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တော်ဝင် နှင်းဆီကြီးကို ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောပြီး စာအုပ်ကို ယူလာခဲ့ပါတယ်။ သည်အချိန်မှာတော့ ဆရာကြီး ဦးထွန်းဖေ အပေါ် ကျွန်တော် အရင်က သဘောထားမျိုး မရှိတော့ပါ။ ဒါကြောင့် ကြည်လင်တဲ့ စိတ်နဲ့ ဖတ်ဖြစ်ပါတယ်။
"အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" စာအုပ်ကို တကယ် ဖတ်ပြီးချိန်မှာ ပထမဆုံး စဉ်းစားမိတာ ကတော့ ကျွန်တော်တို့ခေတ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက် ခေတ်မှာ ဆရာကြီး ဦးထွန်းဖေတို့လို နိုင်ငံရေး ဝေဖန်ချက်များ ပီပီ ပြင်ပြင် ရေးနိုင်တဲ့ စာနယ်ဇင်း သမားတွေ ပေါ်လာနိုင်ပါ့ မလား ဆိုတာပါပဲဗျာ။ သည်လို ဝေဖန် သုံးသပ် ချက် မျိုးတွေဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင် သိမှ၊ ပြီးတော့ စူးရှတဲ့ ဝေဖန်ရေး အမြင်လည်း ရှိမှ ရေးလို့ ရနိုင်တာ ကလား။ နောင် ကြုံတဲ့အခါ ဆက်ရေးပါဦးမယ်။
မောင်ဝံသ..။
(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာနယ်ဇင်း သမားနဲ့ နိုင်ငံရေး ဆက်စပ်နေပုံ လေးနဲ့ သတင်းစာ ဆရာများဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရေးတဲ့အခါ ဘက်လိုက်သင့် မသင့် ဆိုတာကို စဉ်းစားနိုင်ဖို့ မျှဝေပေးလိုက် ပါတယ်။ )
Saturday, June 23, 2012
Friday, June 22, 2012
အမှောင်ကြားက ဗမာပြည်
(အနီးခေတ် ဗမာပြည် နိုင်ငံရေးလပ်ရှားမx သမိုင်းအကျဉ်း)
(၁၉၄၈-၂၀၀၀)
ဝင်းတင့်ထွန်း
ရေးသားပြုစုသည်/
download here!
  နိဒါန်း
၂၀ ရာစု ဗမာပြည်သမိုင်းကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင် -
- ၁၉၀၁ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိဟာ ကိုလိုနီခေတ်ဗမာပြည်သမိုင်း။
- ၁၉၄၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိဟာ လွတ်လပ်ရေးကြေညာပြီးခေတ် ဗမာပြည်သမိုင်း။
Myanmar Journalists Association
မြန်မာနိုင်ငံသတင်းစာဆရာအသင်း အသင်းဝင်မှတ်ပုံတင်ပုံစံ
အသင်းဝင်မှတ်ပုံတင်ပုံစံများကို အောက်ပါလိပ်စာသို့ပေးပို့နိုင်ကြပါသည်။
အမှတ်(၁၅၀-၁၆၀)၊ ၃၅ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉ ၄၂၁၀ ၉၄၆၅၉။ (စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် သတင်းထောက်များနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလွတ်တန်းသတင်းထောက်များ၊ လောလောဆယ်တွင် သတင်းမီဒီယာများတွင် တာဝန်ယူနေသော သတင်းထောက်များအနေဖြင့် ယင်းလိပ်စာသို့ဆက်သွယ်၍ အသင်းဝင်ပုံစံများ ရယူခြင်း၊
ပြန်လည်ပေးပို့ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ဆက်သွယ်ရေးခက်ခဲသောနေရာဒေသမှ သတင်းသမားများအနေဖြင့် A4 စက္ကူတွင် အမည်၊
ကလောင်အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ လူမျိုး/ကိုးကွယ်သည့်ဘာသာ၊
ပညာအရည်အချင်း၊ မွေးသက္ကရာဇ်၊ / အသက်၊ လက်ရှိကိုယ်စားပြု အဖွဲ့အစည်း(သို့)
စာစောင် (ရှိလျှင်)၊ လုပ်ငန်းအတွ့အကြုံ၊ ယခင်လုပ်ကိုင်ခဲ့ဖူးသော
စာနယ်ဇင်းများ၊ သတင်းစာပညာနှင့်ပတ်သက် တက်ရောက်ဖူးသော သင်တန်း
(ရှိလျှင်)၊ ဆက်သွယ်နိုင်မည့် လိပ်စာ အပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်း၊
အီးမေးလ်၊ ထိုးမြဲ လက်မှတ်နှင့် ဓာတ်ပုံ နှစ်ပုံကို
အထက်ဖော်ပြပါလိပ်စာသို့ စာတိုက်မှတစ်ဆင့်ပေးပို့နိုင်ပါသည်။
(စာအိပ်ပေါ်တွင် MJA အသင်းဝင် မှတ်ပုံတင်ပုံစံဟု ထင်ထင်ရှားရှားရေးသားပေးပါရန်)
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း) နှင့် ရှေ့လုပ်ငန်းစဉ်
တို့ကို http://www.mja2012.org တွင် ဖတ်ရှုလေ့လာနိုင်သလို အသင်းဝင်မှတ်ပုံတင်ပုံစံကိုလည်း download ရယူနိုင်ပါသည်။ အီးမေးလ်ဖြင့်ပို့ပါက mmjaorg@gmail.com သို့လည်းပို့ပေးနိုင်ကြပါသည်။
download ရယူရန်မှာ ပုံပေါ်တွင် right click ထောက်လိုက်ပြီး Save Image As … ကို ကလစ်လုပ်ကာ ရယူနိုင်ပါသည်။
This entry was posted in Registration. Bookmark the permalink.
ကာတွန်းဟန်လေး-ဧရာဝတီဝဘ်ဆိုဒ်
ဘိရမာဝါးတားဂိတ် အပိုင်း- ၎
 အိုးဝဦေးညိုမြ
အပိုင်း ၃မှအဆက်
ရန်ကုန်တက္ကသိုလ်
(သတင်းစာများနှင့် အဆက်ပြတ် စေ) ဆိုသော ဩန်ကြားချက်မှာ ဖဆပလ အနေဖြင့် ပါတီဝင် အပေါင်းတို့အားပေး ပို့ခြင်း ဖြစ်သည်။ ပါတီ၏ ပြန်ကြားရေး ဌာနမှူး၏ အရေးတကြီးပြန်န်ကြားချက်ကို မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည် မှာ ---
ရဲဘော်တို့ ---
          ယခု ငါတို့သည် ဖဆပလ၏ ဆန့် ကျင်ရေးတပ်ဦးဖြစ်သော သတင်းစာများ အားလုံးဖြင့် အဆက်ဖြတ်ထားကြပြီး ဖြစ်သည်။ သို့ဖြစ်ငြားလည်း ပြည်သူလူထု အမြင်မှန်ပေးရန် အတွက် အောက်ပါ သတင်းစာများကိုသာ ဖဆပလအဖွဲ့ချုပ် မှ အသိအမှတ်ပြုထားသည်။ ထိုကြောင့် ရဲဘော်တို့၏ ရပ်ကွက်တွင်းမှ ရရှိသော သတင်းများနှင့် တိုင်းပြည်သို့ ထုတ်ပြန် လိုသော သတင်းများကို ဖဆပလအဖွဲ့ ချုပ်သို့ တိုက်ရိုက် သော်လည်းကောင်း၊ တိုက်နယ် ၀ါဒနှင့် ပြန်ကြားရေးမှူးကို သော်လည်းကောင်း၊ ဖော်ပြပါသတင်းစာ များသို့ သော်လည်းကောင်း၊ ပေးပို့ကြ စေလိုပါသည်။
          ဖဆပလအဖွဲ့ချုပ်မှ အသိအမှတ်ပြု ထားသော သတင်းစာများမှာ (၁) ဖဆပလ သတင်းစဉ်။ (အထူးထုတ်)။ (၂) တောင်သူလယ်သမားအသံ။ (၃) လုပ်သားလမ်းပြ။ (၄) အလုပ်သမားခေတ်။ (၅) တကယ့်အာဏာများ ဖြစ်သည်။ ၎င်းင်း သတင်းစာများသည် ရန်ကုန်တွင် သာမက မြန်မာ တစ်ပြည်လုံးသို့ ဖြန့်ချိလျက်ရှိ သည်။ ထို့ကြောင့် ရဲဘော်တို့ ပေးပို့သော သတင်းများကို သတင်းစာများတွင် ထည့် သွင်းပေးသင့်က ပေးမည်။ အသံလွှင့် သင့်သည်များကို လွှင့်ပေးမည်။ အထူးမှာ မိမိတို့ရရှိသော သတင်းများကို အထက် ဖော်ပြပါ သတင်းစာများတွင် ထည့်သွင်း ဖော်ပြကြပါရန်နှင့် ရဲဘော်တို့ ရပ်ကွက် အလုပ်အမှုဆောင်များကပါ ဖဆပလ ဆန့်ကျင်ဘက် တပ်ဦး သတင်းစာများနှင့် အဆက်ဖြတ်ရန် ဆုံးဖြတ်ချက်ချမှတ်၍ အမြန်ပေးပို့ကြရန် ဩန်ကြားပါသည်။
သေးငယ်သောမီးမဟုတ်
အခြေအနေမှာ တစ်နေ့တစ်ခြား ထိုသို့ တင်းမားမှု တိုးတက်ခဲ့ရာ မြန်မာ့အလင်း ခေါင်းကြီးပိုင်းမှ အောက်ပါအတိုင်း ရေးသားဝေဖန်ခဲ့၏။
          စစ်ပြီးသည့်နောက် မြန်မာနိုင်ငံတွင် ဝေဒနာကြီး ၃ ကြိမ် ခံစားခဲ့ရသည်။ ၁၉၄၆ ခု စက်တင်ဘာလတွင် အထွေ ထွေ သပိတ်ကြီးများ ပေါ်ပေါက်လေရာ တိုင်းပြည် ပျက်လုနီးနီး ဖြစ်ခဲ့သည်။ ၁၉၄၇ ခုတွင် ဇူလိုင် ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော ခေါင်းဆောင်ကြီး အချို့သည် လူမသမာ တို့ လက်ချက်ဖြင့် ကျဆုံးခဲ့၍ တိုင်းပြည် အ၀န်းကြိမ်းမီးအုံး သကဲ့သို့ ပူဆွေးခဲ့ကြ သည်။
          ယခုတစ်ဖန် နိုင်ငံရေး အစည်းအရုံး ကြီးတစ်ခုနှင့် သတင်းစာတိုက်များ ဖြစ်ပွား သော မီးသည် လျှင်မြန်စွာ ကူးစက် တောက်လောင် လျှက်ရှိသည်။ နှစ်ဦး နှစ်ဖက်စလုံးက တင်းမာစွာ ခြေလှမ်းလျက် ရှိကြသည်။ ထိုမီးသည် သေးငယ်သော မီးဖြစ်သည်ဟု ကျွန်ုပ်တို့ မယူဆပေ။ သို့ရာတွင် ရှေးက တောက်လောင်ခဲ့သော မီးများတွင် ငြိမ်းသတ်ရန် ဆေးနည်းများ ရှိခဲ့သည့်နည်းတူ ယခုမီးကိုလည်း ငြိမ်း အေးရန် နည်းကောင်းများစွာ တွေ့ရှိဦး မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပေသည်။
          ဖဆပလခေါင်းဆောင်တွေကို တစ် ဖက်သတ် ပုတ်ခတ်စွပ်စွဲရေးသားနေကြ တဲ့သတင်းစာတွေဆိုတာ အမှန်စင်စစ် တော့ လယ်ပိုင်ရှင်ကြီးတွေနဲ့ အရင်းရှင် ကြီးတွေကို မျက်ခြည်ပြတ်သွားအောင် မဲပြီး တိုက်နေကြတဲ့ လယ်သမားနဲ့ အလုပ် သမားတွေကို လမ်းလွှဲပေးနေကြတာပဲ။ အဲဒါ တခြား မဟုတ်ဘူး။
          သူတို့က ဒီလို လမ်းလွှဲပေးတိုင်း လူထုက လမ်းလွှဲကို မလိုက်ပါဖို့ လိုပါ တယ်။ သူတို့ရေးတာတွေဟာ ဘာမှ အရေးမကြီးပါဘူး။ သူတို့ ဒီလို တစ်ဖက် သတ် ပုတ်ခက်ရေးနေကြလို့ ဖဆပလ အဖွဲ့ချုပ်လည်း မပျက်နိုင်ပါဘူး။ ဖဆပလ အစိုးရလည်း ပြုတ်မကျနိုင်ပါဘူး။ အခု ဆိုရင် ဖဆပလကို ထောက်ခံရေးသား နေတဲ့ သတင်းစာတွေလည်း ရှိပါသေး တယ်။ ဒါပေမဲ့ ဒီသတင်းစာတွေ အားလုံး ၀ိုင်းပြီး၊ အခု ရေးနေတာတွေထက် ဆယ်ဆပိုရေးတောင် ဖဆပလအလံ တော်အောက်မှာ ရှိတဲ့ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ် ကရင် အမျိုးသမီး အစရှိတဲ့ အဖွဲ့တွေဟာ ရေပက်လို့ မ၀င်နိုင်အောင် စည်းစည်းလုံးလုံး ရှိနေ သရွေ့ ဖဆပလမှာ ဘာမှမဖြစ်နိုင်ဘူး ဆိုတာ မှတ်ထားလိုက်ကြပါ။
          ဒီသတင်းစာတွေသာမက သူတို့ ဘိုးအေတွေပါ ၀ိုင်းပုတ်ခက်သည့်တိုင် အောင် ဖဆပလထဲမှာ စည်းစည်းလုံးလုံး ရှိကြရင် ဘာမှစိုးရိမ်စရာ မရှိပါဘူး။
          အဲဒီတော့ အလုပ်သမားနဲ့ လယ် သမားထုကြီးကသာ သတင်းစာတွေက ခြေတို့တိုင်း၊ လမ်းလွှဲပေးနေတိုင်း၊ လမ်း လွှဲသို့ လိုက်မသွားဘဲ ရန်သူအစစ်ကို မျက်ခြေည် ပြတ်မခံဘဲ မဲပြီး တိုက်ကြဖို့ အရေးကြီးပါတယ်။ အဲဒီတော့ တရား လက်လွတ် စည်းမဲ့ကမ်းမဲ့ ရေးသားနေကြ တဲ့ သတင်းစာတွေကို ဖဆပလအစိုးရက ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အရေးယူ မယ်ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ကတိပေးပါတယ်။ ကျွန်တော် ကတိပေး သလို ခင်ဗျားတို့ကလည်း ကျွန်တော့်ကို ကတိတစ်ခုပေးကြပါ။ အဲဒီ ကတိကတော့ တခြား မဟုတ်ပါဘူး၊ ဒီကနေ့ စီတန်းလမ်း၊ လျှောက်ပွဲမှာ မတ်လ ၁၂ ရက်နေ့တုန်း ကလို တရားလက်လွတ် စည်းမဲ့ကမ်းမဲ့ မဖြစ်စေရပါဘူးဆိုတဲ့ ကတိပါပဲ။ အဲဒီ ကတိကို ခင်ဗျားတို့ ပေးနိုင်ကြပါ့မလား။ (ပရိတ်သတ် --- ပေးတယ်)
ဝန်ကြီးချုပ်-ပင်းသလော
စက်ရိုက်ချိုးတဲ့ လူတွေဘက်က ကျွန်တော် (ပင်း)နေတယ်လို့ စွပ်စွဲတဲ့လူတွေက သတ်သေပြတာ အချက်နှစ်ချက် ရှိပါ တယ်။ တစ်ချက်က မတ်လ ၁၅ ရက်နေ့က ဗန်္ဓုလပန်းခြံထဲမှာ ကျင်းပတဲ့ တောင်သူ လယ်သမား အစည်းအဝေးကို ကျွန်တော် တက်ပြီး စကားပြောတာ ဖြစ်တယ်။ အခြားတစ်ချက်ကတော့ ဖဆပလဗဟို အလုပ်အမှုဆောင်နဲ့ အစိုးအဖွဲ့တို့က သတင်းစာတွေနဲ့  အဆက်ဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ပထမအချက်နဲ့ ပတ်သက်ပြီး အရင်ရှင်းပြပါမယ်။ မတ်လ ၁၅ ရက်နေ့က ဗန်္ဓုလပန်းခြံထဲမှာ ကျင်းပ တဲ့ အစည်းအဝေးဟာ စက်တွေ ရိုက်ချိုး ကြတဲ့ မတ်လ ၁၂ ရက်နေ့ မတိုင်းမီ ကတည်းက ကျွန်တော်ရဲ့ သဘော တူညီချက်နဲ့ ဖိတ်ခေါ်ထားတဲ့ တောင်သူ လယ်သမား အစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လယ်ပိုင်ရှင်များရဲ့ ပြည်လုံး ကျွတ် အစည်းအဝေးကို ကန့်ကွက်ဖို့ပဲ ဖြစ်ပါတယ်။
ထပ်မံ ဖျက်ဆီးဦးမယ်တဲ့
ဒါပေမဲ့ မတ်လ ၁၂ ရက်နေ့မှာ စက်ရိုက်ချိုးပွဲ ဖြစ်တဲ့အတွက် ၁၅ ရက်နေ့ မှာ ဒီအစည်းအဝေးကို ခွင့်ပြုသင့် မပြုသင့် ကျွန်တော်ကိုယ်တိုင် အထူးပဲ စဉ်းစားရပါ တယ်။ နောက်ဆုံးမှာ အရေးကြီးတဲ့ အစည်းအဝေးလည်း ဖြစ်သည့်အပြင် ကျွန်တော် ကိုယ်တိုင်လည်း သဘောတူ ထားပြီးသား ဖြစ်တဲ့အတွက် အစည်း အဝေးလည်း ကျင်းပဖို့ ခွင့်ပြုလိုက်ပါ တယ်။ အဲဒီလို ခွင့်ပြုပြီး ဘာမှမကြာမီ ကျွန်တော်ရဲ့ ပါလီမန်အတွင်းဝန် ဦးအုန်း က အရေးကြီးတဲ့ ကိစ်္စတစ်ခုကို လာပြီး တိုင်ပါတယ်။ သူ့ရဲ့ တိုင်ချက်က တခြား မဟုတ်ပါဘူး။ ဒီအစည်းအဝေးပွဲကြီး အပြီးမှာ သတင်းစာ တိုက်နှစ်တိုက်မှ တစ်ပါး အခြား သတင်းစာတိုက်တွေ အားလုံးကို အစည်းအဝေးတက်တဲ့ လူထု ကြီးက ထပ်မံ ဖျက်ဆီးပစ်ဦးမယ်လို့ သတင်းစာဆရာ တချို့က တယ်လီဖုန်းနဲ့ အကြောင်းကြားတယ်ဆိုတဲ့ တိုင်းတန်း ချက် ဖြစ်ပါတယ်။
          အစည်းအဝေး ဘာကြောင့်တက်ရသ လဲ။ အဲဒီ တိုင်တန်ချက်ကို ရရချင်းပဲ အစည်အဝေး ကမက ထပြုလုပ်မည့် ခေါင်းဆောင်တွေကို ကျွန်တော်ခေါ်လိုက် တယ်။ ခေါ်ပြီး အစည်းအဝေးမှာ သူတို့    ချမှတ်မည့် ဆုံးဖြတ်ချက်တွေကို ယုံကြည် တယ်။ မပါသင့်တဲ့ စာကြောင်းအချို့ကို ပြင်တယ်။ ပြီးတော့မှ အစည်းအဝေး အပြီးမှာ ၁၂ ရက်နေ့ကလို မဖြစ်စေရပါဘူး  လို့ ဆိုတဲ့ ဂတိကိုတောင်းတယ်။ သူတို့လည်း ကတိပေးကြတယ်။ ဒီ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးလျှင် ပြီးခြင်း မတ်လ ၁၂ ရက်နေ့ကလို အဖြစ်အပျက်မျိုး ထပ်မဖြစ်ရအောင် အကာအကွယ် အစီ အစဉ်တွေ လုပ်ပြီးပြီးလားလို့ ဦးအောင်ချိန် ကို ကျွန်တော် ခေါ်မေးပါတယ်။  လုပ်ပြီးတဲ့ အကြောင်း  ဦးအောင်ချိန်က ပြန်ပြောပါ တယ်။ သေချာသည်ထက် သေချာအောင် စိတ်ချရပါ မည်လားလို့ ကျွန်တော်က တစ်ကြိမ်နှစ်ကြိမ် ထပ်ပြီး မေးပါသေးတယ် စိတ်ချရပါတယ်လို့ ဦးအောင်ချိန်က ပြန် ပြောပါတယ်။ အဲဒီလောက်အထိ တစ်ဖက် ကပြင်ဆင် ထားပါတယ်။ ဒီလိုဆိုရင် အစည်းအဝေးကို ဘာကြောင့် တက်ရ သလဲလို့ မေးစရာ ရှိပါတယ်။ မတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့ တဲ့ ဒီအစည်းအဝေးကို ကျွန်တော် သွားတက်တာက အမှန်စင်စစ် ကျွန်တော့် ကို ဖိတ်တာမဟုတ်ပါဘူး။ ကျွန်တော် လာပြီး စကားပြောမည်လို့ အကြောင်း ကြားပြီး ကျွန်တော် သွားပြော တာပါ။ ပြောတော့ကော ဘာတွေပြော သလဲ။ စက်တွေရိုက်ချိုးတာ မှန်တယ်လို့ ပြောသလား။ မပြောပါဘူး။ ပြောတာရဲ့ အချုပ်က တောင်သူလယ်သမား ခေါင်း ဆောင်တွေကို တာဝန်မဲ့ ဥပဒေလက်လွတ်ရေးသားနေတဲ့ သတင်းစာတွေ ကို ဥပဒေအရ အရေးယူဖို့ ကျွန်တော် အစည်းအဝေးမှ လူထုကြီးကို ကတိပေး တယ်။ ကျွန်တော် ကတိပေးသလို အစည်းအဝေး လူထုကြီး ကလည်း မတ်လ ၁၂ ရက်နေ့က တာဝန်မဲ့ အဖြစ် အပျက်မျိုး မဖြစ်စေရပါဘူးလို့ ကျွန်တော်သွားမေးတာ အဲဒီစကားကို ကြည့်ခြင်းအားဖြင့် ဒီ အစည်းဝေး တက်တာဟာ စက်ရိုက်ချိုးတဲ့ တာဝန်မဲ့ ဥပဒေလက်လွတ်ပြုတဲ့ လူတွေ ကို (ပင်း) သို့မဟုတ်ဘဲ ဖြစ်လာမှလူတွေကို ဖမ်းလား ဆီးလားလုပ်ပြီး နှိမ်နင်းတာထက် မဖမ်းမ ဆီးရဘဲနှင့် အေးအေးဆေးဆေး တားဆီး နိုင်လျှင် တားဆီးရအောင်ဆိုတဲ့ သဘောနှင့် သွားတယ်ဆိုတာ ထင်ရှား ပါတယ်။
          ရိုက်ချိုးတဲ့ လူတွေဘက်က ကျွန်တော် (ပင်း) နေတယ်ဆိုတဲ့ စွပ်စွဲ ချက်ဟာ တကယ်မှန်မယ်ဆိုရင် ဒီကိစ်္စမှာ အမှန်ဘဲ လွှတ်တော်ရဲ့ ထင်မြင်ချက်ကို ရယူအပ်တဲ့ ကိစ်္စဖြစ်ပါတယ်။ လွှတ်တော် ရဲ့ ထင်မြင်ချက်ကို ရယူရုံသာမက ကျွန်တော့်ကိုပါ အယုံအကြည် မရှိတဲ့ အဆိုကို တင်သွင်းသင့်ပါတယ်။ ဘာဖြစ် လို့လည်းဆိုရင် တရားဥပဒေအရ တိတိ ကျကျမလုပ်ဘဲ တာဝန်မဲ့ ဥပဒေ လက်လွတ်လုပ်တဲ့ လူတွေကို (ပင်း) နေတဲ့ လူတစ်ယောက်ဟာ တရာ သဖြင့် အုပ်ချုပ်လိုတဲ့ ဘယ်နိုင်ငံမှာမဆို ၀န်ကြီး ချုပ် မဖြစ်သင့်ပါဘူး။ အဲဒီတော့ ကျွန်တော်ဟာ စက်တွေရိုက်ချိုးနေတဲ့ လူတွေဘက်က တိုက်ရိုက် သော်လည်း ကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ (ပင်း) နေတယ်ဆိုတာကို အနည်းငယ် မျှသံသယ ကလေးပင် ရှိနေကြရင် ဖဆပလ အပြင်ဘက်က အမတ်တွေ သာမကဘူး ဖဆပလ အမတ်များ ကိုယ်တိုင်က ခေါင်းဆောင်ပြီး ကျွန်တော့် ကို ဖြုတ်ချကြရန် ကျွန်တော် လေးလေး နက်နက် တိုက်တွန်းပါတယ်။ (သြဘာ သံများ)
ဆက်လက်ဖော်ပြပါမည်။
ဘိရမာ ၀ါးတားဂိတ် အပိုင်း (4) စာသား PDF ဖိုင်ယူရန် Click
Article 19
“ Everyone has the right to freedom of opinion and expression; the right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media regardless of frontiers. ”
Tuesday, June 19, 2012
အိုးဝေ
ဒေါင်းပျိုထိုးဆွပ် ၊ ဘယ်ညာခွပ်၍
လွပ်လပ်ရလေ ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။
Monday, June 18, 2012
ဘိရမာ ၀ါးတားဂိတ် အပိုင်း (၃)
အိုးဝေ ဦးညိုမြ
သတင်းစာတိုက် ရိုက်ချိုးမှုအတွက် သတင်းစာ ဆရာအသင်းက ဒိုင်ခံ ကန့်ကွက်ခြင်း မဟုတ်ဘဲ ဘ၀တူအသင်း လေးသင်း ပူးပေါင်း အရေးဆိုခြင်း ဖြစ်လေ သည်။ စာရေးဆရာ အသင်း၊ သတင်း ထောက် အသင်းနှင့် ပုံနှိပ် ထုတ်ဝေသူ များ အသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်သော အရေးပေါ် ကော်မီတီတွင် လည်း ဦးထွန်းဖေပင် ဥက်္ကဋ္ဌ ဖြစ်လေသည်။ လေးသင်း ပေါင်းစည်းဝေး ထုတ်ပြန် ချက် အာဘော်ကို ဦးထွန်းဖေကပင် ဦးစီးရေးဆွဲခဲ့ပေရာ အောက်ပါအတိုင်း ထည်ဝါခန့်ငြား ရှိပါပေသည်။ (သတင်းစာများသည် တိုင်းပြည်၏ မျက်လုံး၊ တိုင်းပြည်၏ နားများ ဖြစ်သည်၊ သတင်းစာ ဆရာများအတွက် သာမက တိုင်းပြည်တစ်ပြည်လုံး၏ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို စောင့်ရှောက် ထိန်းသိမ်းသည့် ပြည်သူ့ အမှုဆောင်းများ ဖြစ်သည်။ ထိုတာဝန်ကို ဆောင်ရွက်ရာ၌ နှစ်လသာသာမျှသာ ရှိသေးသော “လွတ် လပ်သည့် လွတ်လပ်သော မြန်မာပြည် တွင် သတ်မှတ်ပြီးဖြစ်သည့် အခွင့်အရေး များ သာမက ကမ္ဘာပ်ါတွင် နှစ်ရှည်လ များ လွတ်လပ်ရေး ရပြီးသော လူတန်းစေ့ တိုင်းပြည်ကြီးများ၌ ရရှိနေသော လွတ်လပ်မှု အသွယ်သွယ်တို့ကို မြန်မာ တို့ လက်ဝယ်သို့ ပိုင်ပိုင်နိုင်နိုင် ရောက်ရှိ လာရန် သတင်းစာများက အနည်းနည်း ဖြင့် ကြိုးပမ်းနေကြလေသည်။ မြန်မာပြည်တွင် ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များ ထူထောင် ထိန်းသိမ်း ခဲ့သော တရားဓမ္မ၀ါဒ ကောင်းများကို အမွေခံကာ အဓွန့်ရှည်စေခြင်း တာဝန်ကို ယူကြသည်သာမက ကမ္ဘာ အရပ်ရပ်ရှိ အလားတူ တရားဓမ်္မ၀ါဒကောင်းကိုလည်း မီးရှုးတန်းဆောင်သဖွယ် သတင်းစာများ က အလင်းရောင် ပြန့်ပွားစေလျက်ရှိပါ သည်။ (ထိုကဲ့သို့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် အရပ်ရပ်တို့၏ အလုပ်ရုံ ဖြစ်သော သတင်းစာတိုက်များကို တရား ဥပဒေမဲ့ အဓမ်္မ၀င်ရောက် ဖျက်ဆီးခြင်း သည် မြန်မာပြည် သတင်းစာလောကကို သာမက က်္ဘာ့သတင်းစာ လောကကိုပါ အဆိုပါ လူထုက ဖက်ဆစ်နည်းစနစ်ဖြင့် ရက်စက်စွာ စော်ကားလိုက်ခြင်း ဖြစ်သည်။ ထို ဖျက်ဆီးခြင်းသည် သက်ဆိုင်ရာ သတင်းစာတိုက်များကိုသာ စော်ကား သည်ဟု မယူဆသင့်ဘဲ မြန်မာပြည် သတင်းစာ လောကကြီးကို ကျူးကျော် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ဤ အပြုအမူမျိုးသည် ယဉ်ကျေးမှုဝါဒ၊ ဒီမို ကရေစီဝါဒတို့ကို ဖောက်ဖျက်ရာ ရောက် သည်ဟု ယူဆရလေသည်။ ထို့ကြောင့် ဤကဲ့သို့ မကြုံစဖူး အောင် ၀မ်းနည်းကြေကွဲဖွယ် ကောင်း သော ပြည်သူ့ မျက်စိ နားတို့ကို ဖောက်ဖျက် စော်ကားမှုကြီးကို ရှုတ်ချ ကန့်ကွက်သောအားဖြင့် မြန်မာတစ်နိုင်ငံ လုံးရှိ နေ့စဉ် သတင်းစာများကို ၁၉၄၈ ခု မတ်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့မှစ၍ ၁၉ ရက် သောကြာနေ့အထိ သုံးရက်တိုင်တိုင် ထုတ်ဝေခြင်း မပြုရန် မြန်မာနိုင်ငံသတင်း စာဆရာများ အသင်း၊ မြန်မာပြည်သတင်း ထောက်များ အသင်း၊ မြန်မာပြည် ပုံနှိပ် တိုက်များအသင်း၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းတို့ ပူးပေါင်း ကျင်းပသော အစည်းအဝေးကြီးက ဆုံးဖြတ်ကြကြောင်း။ (ဗမာ့ခေတ်မှ) မြန်မာပြည်တွင် သတင်းစာများ အားလုံး တညီတညွတ် သုံးရက်ကြာ ပိတ်ကြခြင်း မှာ မကြုံစဖူးသော ၀မ်းနည်းမှု စိတ်နာမှု သပိတ်မှောက်မှုကြီးပင် ဖြစ်လေသည်။
စာနယ်ဇင်းသမားများအဖို့ ဤသို့ ညီညွတ် စွာ ခြေလှမ်းကြရန် ဘာမျှ ပြောနေစရာ မလိုဘဲ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။ ထောက်ခံပွဲတွေ ထိုသို့ လေးသင်းပေါင်း ကြေညာချက်အရ သတင်းစာများ သုံးရက် ပိတ်လိုက်ချိန်တွင် မြန်မာနိုင်ငံ အရပ်ရပ်၌ သတင်းစာ ဆုံးဖြတ်ချက်ကို လူထု ထောက်ခံပွဲများ အလိုအလျှောက် အဆက်မပြတ် ပေါ် ပေါက်လာ၏။ မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းတွင် ကျင်းပရာ ရုတ်တရက် ရှောင်တခင်ပင် လူ ၅၀၀၀ ကျော် တက် ရောက်ကြောင်း။ ထိုပွဲတွင် အရပ်သူ အရပ်သားများက ဓာတ်မီးများ၊ တရား ဟောစင်များ ၀ိုင်းဝန်း ကူညီ လုပ်ကိုင်ပေး ကြောင်း၊ သဘာပတိအဖြစ် သခင် ကိုယ်တော်မှိုင်းက ဆောင်ရွက်၍ အတွင်း ရေးမှူးမှာ ဦးသန်းထွန်း (ရှေ့ဆောင်) ဖြစ်၏။ ဟောပြောသူများမှာ (၁) ဦးဂုဏ် ရောင် (ဟစ်တိုင်)။ (၂) ဦးတင်အေး (စီးပွားရေး)။ (၃) ဦးတင်စိုး (အိုးဝေ)။ (၄) ဦးထွန်းဖေ (ဟံသာဝတီ)။ (၅) ဇ၀န။ (၆) ဦးသိန်းမောင် (သံတော်ဆင့်)။ (၇) ဦးအုန်းခင် (ဗမာ့ခေတ်)။ (၈) သခင်ချစ် (ကွန်မြူနစ် နေ့စဉ်) တို့ ဖြစ်ကြောင်း။ ညနေ ၄ နာရီအချိန်မှ စတင် ဟောပြောရာ ၉ နာရီတွင် ရုပ်သိမ်းရန် ဖြစ်သော်လည်း ပရိသတ်များက တောင်း ပန်ကြ၍ ည ၁၁ နာရီအထိ ဆက်လက် ဟောပြောကြရကြောင်း။ (မြန်မာ့အလင်း ၂၁-၃-၄၈) မန္တလေးမြို့သို့ သခင်ကိုယ်တော်မှိုင်း အမှူးရှိသော စာနယ်ဇင်း အဖွဲ့များ သွား ရောက်ရာတွင် (၁) ဦးသိမ်းမောင် (သံ တော်ဆင့်)။ (၂) ဦးအုန်းခင် (ဗမာ့ခေတ်) (၃) သာကဒိုး (အိုးဝေ)။ (၄) မဟာဆွေ နှင့် (၅) ဗိုလ်သိမ်းဆွေတို့ ပါဝင်ကြ၏။ ဘကြီးမှိုင်းအသံ သဘာပတိဖြစ်သူ ဦးလှ(လူထု) ပြောကြား ရာတွင် ရန်ကုန်မှအဖွဲ့ကို မန္တလေး ဘူတာ ကြီးတွင် ဖမ်းမည်စိုး၍ ကျောက်ဆည် ဘူတာသို့ သွားကြိုရသည်ဆိုကြောင်း။ ဆရာမှိုင်းကြီးက ပြောကြားရာတွင် မတ်လ ၁၂ ရက်နေ့ ဖြစ်ပျက်စဉ်က တော မှာရှိ၍ မသိရကြောင်း။ နောက်ရောက် လာတော့ သတင်းစာနဲ့ အစိုးရဖြစ်ပျက်ပုံ သိရ၍ ပျက်စီးနေသော သတင်းစာတိုက် များသို့ သွားရောက်ကြည့်၍ ရင်ကွဲပက် လက် ဖြစ်ရကြောင်း ခွေးမသားတွေ ဖက် ဆစ် မုန်းတယ်၊ မုန်းတယ်နဲ့ လက်စသတ် တော့ မဟာဖက်ဆစ် ဖြစ်နေပြီ၊ အစိုးရ ထဲမှာ သခင်နုကို ကြည်ညိုပါတယ်၊ သူက တော့ စိပ်ပုတီး အမြဲစိပ်နေလို့ တော်ရဲ့ လို့ထင်ရ၊ ယခုတော့ စိပ်ပုတီး၊ စိပ်လွန်းပြီး ရူးများ နေသလား မသိဘူး။ (ကိုယ်တိုင် တွေ့မြင်ရတော့ ကိုယ်ခံ ရသလို အောက်မေ့မိကြောင်း၊ သတင်းစာ ဆရာနှင့် အစိုးရအဖွဲ့ထဲမှာ ပါဝင်သူတွေ က တပည့်ချည်းပဲ၊ ကျုပ်ကတော့ ရတနာ သုံးပါးကိစ္စ၊ပုံနှိပ်တိုက်တွေ ဆိုရင် အား ပေးတာပဲ၊ ဟိုတုန်းက ခွေးမသားတွေ ပြောတော့ မြန်မာပြည်မှာ ရွှေမိုးငွေမိုး ရွာမယ်ပြော၊ အခုတော့ ပုဆိန်မိုးရွာနေပြီ၊ ယခု မန္တလးသို့ ဂျပန်ကောင်တွေ ရှိစဉ် ဗိုလ်မိုးကြိုးနှင့် တစ်ခေါက် ယခု တစ်ခေါက်၊ နှစ်ခေါက် ရောက်ကြောင်း၊ ယခု အစိုးရကပဲ သတင်းစာကို သပိတ် မှောက်ရသတဲ့။ မောင်နု ကြီးကြီးကျယ် ကျယ်လုပ်လို့ ယခုအရေးမှာလည်း အပ် နှင့် ထွင်းရမည့်နေရာ၊ ပုဆိန်နှင့် ထွင်းဆို သလို ဖြစ်ကြောင်း မိုးကြိုးပစ်တာ ထန်း လက်နှင့်ကာ ဆိုသလို သတင်းစာကို သပိတ်မှောက်၊ စက္ကူ မပေးဘူးပြော သတင်းစာတွေ ရေးတာ မယုံကြည် ရန်တိုက် တရားဟောနဲ့ ဒါဒီမိုကရေစီလား ဂျပန်သေ တစ္ဆေဖြစ်သလို တစ္ဆေများ ပူး ပြီး ရူးပေါပေါ ဖြစ်နေသလား မသိဘူး။ (ဂျပန် ဗိုလ်ပေမယ့် ယခုလို သတင်း စာတိုက်တွေ ရိုက်ချိုးတာ မတွေ့ရဘူး၊ ယခု အစည်းအဝေးမှာ ပြောတာတွေ အကုန် ထောက်ခံကြောင်း၊ ဖဆပလနဲ့ အစိုးရတို့ တက်လာတာ သတင်းစာတွေက လုပ်လို့ ပဲ ကျေးဇူးရှိမှ ကျေးဇူးဆပ်ဆိုသလို ယခုတော့ ပုဆိန်နှင့် ကျေးဇူးဆပ်နေ ကြောင်း၊ ကျိုးနှင့် ခင်ပုတ်မတည့်ကြပုံကိုပါ ပြောကြား၍ အပြီး သတ်လိုက်ကြောင်း။ (မြန်မာ့အလင်း ၂၁-၃-၄၈) အခြားသော ပြည်သူ့ အဖွဲ့အစည်း များကလည်း လှုပ်ရှားထကြွလာကြ၏။ ရဲဘော်ကြေညာချက် မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် တွင် ပြည်သူ့ရဲဘော် အဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက် ရန်ကုန်၊ ဟံသာဝတီနှင့် အင်းစိန် ၃ ခရိုင်မှ ရဲဘော်ရဲမေများနှင့် တကွ ဖက်ဆစ်ဝါဒ ရှုတ်ချရေး လူထု အစည်းအဝေးကြီး တစ်ရပ်ကို ရန်ကုန်မြို့ ဗန္ဓုလပန်းခြံ၌ ကျင်းပမည်ဖြစ်ကြောင်း။
ဗကသ မတ်လ ၂၁-က မြန်မာနိုင်ငံ ကျောင်းသား များ သမဂ္ဂအစည်းအဝေးကျင်းပရာတွင် (၁) သတင်းစာတိုက်များ ၀င်ရောက် ဖျက်ဆီးမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ သတင်းစာတို့၏ တောင်းဆိုချက် ထောက် ခံကြောင်း။ (၂) သတင်းစာများနှင့် အဆတ်ဖြတ် ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း။ ရဟန်းပျို တန်ခူးလဆန်း ၁၄ ရက်၊ ၄ နာရီက သိမ် ကုန်းကျောင်း၌ သဘာပတိ ဦးညာဏ၊ အကျိုးဆောင် ဦးရေ၀တ၊ ဆုံးဖြတ်ချက် (၁) သတင်းစာတိုက်များကို အဓမ်္မ ၀င် ရောက် ဖျက်ဆီးသော ဖက်ဆစ်ဝါဒ လက်ကိုင်ပြုသူများကို ရှုတ်ချသည်။ (၂) အစိုးရက သတင်းစာတိုက်များကို တစ်ရာ စသဖြင့် အကူအညီ အမြန်ထုတ်ပေးရန်။ အမှုထမ်း ပေါင်းစုံသမဂ္ဂ (၁) ပုံနှိပ်စက်များကို တရားလက်လွတ် ၀င်ရောက် ဖျက်ဆီးခြင်းသည် ဖက်ဆစ် ဆန်လှသဖြင့် ရှုတ်ချသည်။ (၂) အစိုးရက သတင်းစာများနှင့် အဆက် ဖြတ်သည် ဆိုခြင်းမှာ ဒီမိုကရေစီ ၀ါဒအရ တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်သည် ဟု ယူဆကြောင်း။ အသင်းအဖွဲ့ အမျိုးမျိုးမှ ထောက်ခံ ကြရာတွင် (ပြည်သူ့ရိက္ခာ ထောက်ပံ့ရေး သမဂ္ဂ) မှာ အထူးပင် နိုးကြား ရှင်းလင်း ပြတ်သားလှပေသည်။ (သတင်းစာ တိုက်များကို ဆိုရှယ် လစ် ပါတီဝင်များ ပါလီမန် အမတ်များ ခေါင်းဆောင်ကာ လက်နက်အားကိုးနှင့် ကျူးကျော် စော်ကားဖျက်ဆီးမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်းဥပဒေများကို ဖောက်ဖျက်သည်ဟု ကျွန်ုပ်တို့၏ သမဂ္ဂ မှ ယူဆသည်နှင့်အညီ ဤကဲ့သို့ မိုက်ရိုင်း စော်ကားသူများကို ဒီမိုကရေစီ လိုလား သူတိုင်း အချိန်မီ ကာကွယ်ခြင်း မပြုခဲ့ သော် ရှေ့အဖို့တွင် မြန်မာနိုင်ငံသည် ဖက် ဆစ်ဝါဒ ကြီးစိုးတော့မည့် အခြေအနေသို့ ရောက်ရှိပေတော့မည်။ (ဒီမိုကရေစီ လိုလားသည့် စာရေး စာချီများကို ကိုယ်စားပြုသည့် ကျွန်ုပ်တို့ ၏ သမဂ္ဂသည်) ၁။ ထိုနေ့က ရိုးသားသော တောင်သူ လယ်သမားထုနှင့် မြို့နေ ဆင်းရဲသား လူထုအား လှည့်ပတ်ခေါ် ဆောင်လာ၍ လက်နက်ကိုင် လူဆိုး လူမိုက်များ ခေါင်းဆောင်ပြီး၊ ဖက်ဆစ် အပြုအမှုများ ပြုကြသော ခေါင်းဆောင် များကို ပြင်းထန်စွာ ရှုတ်ချကြောင်း။ ၂။ ပြည်ထောင်စု ရဲအဖွဲ့သို့ ကြိုတင် အကြောင်းကြားထားပါလျက် ကာကွယ် မပေးခြင်းမှာ များစွာ ၀မ်းနည်းဖွယ် ဖြစ်ကြောင်း။ ၃။ ရိုင်းပြသော အပြုအမူများ ပြု လုပ်သည့် တရားခံများကို အလျှင်အမြန် အရေးယူရန်။ ၄။ ဤ သမဂ်္ဂသည် ဒီမိုကရေစီကို လိုလားသော အဖွဲ့ဖြစ်သည့်အားလျှော်စွာ အခြား ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဤကဲ့သို့သော ဖက်ဆစ် အ်္တရာယ်ကို ရွတ်ရွတ်ချွံချွံတိုက်ဖျက်မည် ဟု အတိအလင်း ကြေညာပါကြောင်း။ (၄)အစိုးရ၏ ခြေလှမ်း သတင်းစာဘက်မှ တုံ့ပြန်ချက်များ ပြင်းထန် ပြန့်ပွားလာသည်နှင့်အမျှ အစိုးရ ဘက်သားများကလည်း နောက်မဆုတ်ဘဲ ခပ်ကြမ်းကြမ်းပင် ခြေလှမ်း၏။ ပန်းဆိုးတန်း၌ ပြန်ကြားရေးရုံး၏ ဌာနခွဲရှိရာ ထိုတိုက်၌ ဒုတိယအထပ်ကို သတင်းစာ ဆရာအသင်းအား အခမဲ့ နေခွင့်ပြုထား၏။ စာရေးဆရာအသင်းနှင့် သတင်းထောက် အသင်းတို့လည်း ထို နေရာ၌ပင် ဝေခွဲနေထိုင်ကြ၏။ ယခုကဲ့သို့ သတင်းစာနှင့် အစိုးရတို့ သင့်မြတ်မှု ကင်းမဲလာသောအခါ အစိုးရကထွက်စေ အမိန့်ထုတ်တော့၏။ ထိုကြောင့် မတ်လ ၂၃ ရက်နေ့တွင် သတင်းစာ အသင်းသည် ဆူးလေ ဘုရားလမ်းရှိ သံတော်ဆင့် သတင်းစာတိုက်သို့ လည်းကောင်း၊ သတင်းထောက် အသင်းသည် စပတ်လမ်း ရှိ ပုံနှိပ်ထုတ်ဝေသူများ အသင်းတိုက်သို့ လည်းကောင်း၊ စာရေးဆရာအသင်းသည် သရက်တော ကျောင်းတိုက်သို့ လည်း ကောင်း၊ အသီးသီး ဘုံပြောင်းကြရလေ တော့သည်။
ဆက်လက်ဖော်ပြပါမည်။ 
ဘိရမာ ၀ါးတားဂိတ် အပိုင်း (၃) စာသား PDF ဖိုင်ယူရန် Click
Monday, June 11, 2012
ဘိရမာ ၀ါတားဂိတ်- အပိုင်း ၂
အိုးဝေဦးညိုမြ
တချိန်တည်း ဖြစ်ပွားသော ပလ္လင်အပ်ပွဲ နှင့် သတင်းစာ ရိုက်ချိုးပွဲ အခမ်းအနား ကို မည်သို့ ဆက်စပ်ယူမည်နည်း။ မဇ္ဈိမ ယဉ်ကျေးမှု သမိုင်း၌ ကျွမ်းကျင်သူ ဦးရီး သော်ဇင်နှင့် ဦးပါရဂူတို့ အနေဖြင့် ထုံး ဟောင်း သာဓကများကို ဖော်ထုတ်ကာ အလွယ်တကူ ဆက်စပ် အဓိပ္ပာယ် ကောက်ယူပေမည်။ ထို ဆရာကြီးများက ပလ္လင်သမိုင်းနှင့် ပတ်သက်သော ဆောင်း ပါးများ ရေးသားရာတွင် ရှေးက (၀ိတရ ရာမိဒိတျ) ခေါ် မင်းတရားကြီး လက်ထက် တွင် ရာဇပလ္လင်နှင့် ထိုက်တန်သော အရည်အချင်းများကို ဖော်ပြပါရှိလေသည်။ အကြင်သူသည် ကာယဗလ၊ ညာဏဗလ အပေါင်းတို့နှင့် ပြည့်စုံကြောင်း အပွဲပွဲ၌ ဆင်နွှဲ ထင်ရှား စေနိုင်မှသာလျှင် မင်းကောင်း မင်းမြတ်တို့၏ နေရာဖြစ်သော ပလ္လင်နှင့် ထိုက်တန်ကြောင်း ပလ္လင်ကို စောင့်သော နတ်များ၊ ခြင်္သေ့၊ ဟင်္သာ စသော သတ်္တ၀ါများက မထိုက်တန်သူများ ကို လက်ခံမကြောင်းများ ပါရှိ၏။ နိပါတ် တော်တို့၌ ထီးဖြူစောင့်နတ်တို့က မင်း ဧကရာဇ်တို့ကို မှန်လျှင်မှန်သလို ကိုယ် ထင်ပြ၍ ချီးကြူးထောမနာပုံများ ပါရှိ၏။ ပလ်္လင်၌ မထိုက်သူများကို နန်းစောင့် ကျောက်ရုပ်များက ရိုက်ပုတ် ဖယ်ရှားပုံ များလည်း ပုဂံရာဇ၀င်၌လာရှိ၏။
    သို့လျှင် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ တစ်နေရာ၌ အင်္ဂလိပ် ဘုရင်ခံ ချုပ်က လွတ်လပ်သော ခေတ်သစ်၌ တစ်ချိန်က မြန်မာတို့၏ အချုပ်အချာ အာဏာပိုင် အထိမ်းအမှတ်ဖြစ်သော ပလ်္လင်တော်ကို ပြန်လည် ပေးပို့အပ်နှံချိန် တွင် ဖဆပလ အာဏာပိုင်တို့၏ တမန် တော်များက ထိုနေ့ထိုအချိန်၌ပင် ရန်ကုန် မြို့ အခြားတစ်နေရာ၌ သတင်းစာတိုက် များကို ၀င်ရောက် ရိုက်ချိုးပြသခြင်းအား ဖြင့် ထိုပလ်္လင်နှင့် အလျဉ်း မထိုက်တန် ကြောင်းကို သူတို့ကိုယ်တိုင် သရုပ်ဖော် သကဲ့သို့ရှိနေပေသည်။
ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
    သခင်နုက ၀န်ကြီးချုပ် အနေဖြင့် တိုင်းပြည်ပြု လွှတ်တော်၌ ထိုကိစ္စကို ရှင်းလင်းပြောပြသည်မှာ-
    မတ်လ ၁၂ ရက်နေ့တုန်းက စက် တွေကို ရိုက်ချိုးနေချိန်မှာ ကျွန်တော်ဟာ  မောင့်ဘက်တန် ဂုဏ်ပြုပွဲမှာ ရှိနေပါတယ်။ ဒီအကြောင်းကို အိမ်အပြန် မော်တော် ကားပေါ်မှာ ဒရိုင်ဘာက ပြောလို့ သိရပါ တယ်။ အဲဒါနဲ့ အိမ်ကို ပြန်ရောက် ရောက် ချင်း ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း ကို တယ်လီဖုန်းဆက်ပြီး မေးပါတယ်၊ ညနေ ၃ နာရီခွဲလောက်မှာ ဦးကျော်ငြိမ်း ကျွန်တော်ဆီကို ရောက်လာပြီး အိုးဝေ စီးပွားရေး ဟစ်တိုင် သတင်းစာတိုက် သုံးတိုက်ရှိ စက်တွေ ရိုက်ချိုးတဲ့အကြောင်း ပြောပြပါတယ်။
    ကျွန်တော်လည်း ညနေ ၄ နာရီမှာ မောင့်ဘက်တန် ဧည့်ခံပွဲတစ်ခုကို တက်စ ရာ ရှိသေးလို့ ဦးကျော်ငြိမ်းနှင့် စကားကြာ ကြာ မပြောနိုင်ဘဲ ဦးကျော်ငြိမ်း အစီရင် ခံတာကို နားထောင်ပြီး (အခြား သတင်း စာတိုက်တွေကိုလည်း ဒီ မီးမကူးအောင် အကာအကွယ် လုပ်ပြီးပြီလား၊ မလုပ်ရ သေးရင် ချက်ချင်းလုပ်ထားလိုက်ပါ) လို့ ပြောပြီး ဧည်ခံပွဲကို ထွက်ခဲ့ပါတယ်။ ဧည်ခံပွဲ အပြီးမှာ အိမ်ကိုပြန်ပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ခုကို အဲဒီနေ့ ညမှာပဲ အသံလွှင့်ဖို့ ချက်ချင်း ရေးရပါ တယ်။
    ဒီ အသင့်လွှင့်ချက်ရဲ့ လိုရင်းအချက် ကတော့ အခြား မဟုတ်ပါဘူး။ သတင်းစာ အချို့ တာဝန်မဲ့ ဥပဒေ လက်လွတ်ရေး သားနေတာကို ကျွန်တော် သိပါတယ်။ ထိထိရောက်ရောက် အရေးယူပါမယ်။  အဲဒီ တာဝန်မဲ့ ရေးသားနေတဲ့ သတင်းစာ တွေကို တာဝန်မဲ့ ဥပဒေ လက်လွတ် ၀င်ရောက်ကျူးလွန် ပြုကျင့်တာကိုလည်း ကျွန်တော် သိပါတယ်။ ထိထိရောက် ရောက် အရေးယူပါမယ်။  ဒီလို တာဝန်မဲ့ ဥပဒေ လက်လွတ်ပြုကျင့် တဲ့ လူတွေဟာ ဖဆပလကို အားပေး ထောက်ခံတဲ့ လူတွေ ဖြစ်စေကာမူ မတတ်နိုင်ဘူး။ အရေးယူရ မှာပဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ဖဆပလ ထောက်ခံသူများအဖို့ ဥပဒေ တစ်မျိုး၊ မထောက်ခံသူများအဖို့ ဥပဒေ တစ်မျိုး ဆိုပြီး ဥပဒေနှစ်မျိုး မရှိဘူး၊ အဲဒါကြောင့် တာဝန်မဲ့ ဥပဒေပြုကျင့်တဲ့ လူတွေမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တိတိ ကျကျ အရေးယူရန် ဆိုင်ရာကို ဩန်ကြား လိုက်ပြီးပါပြီလို့ အသံလွှင့် ပြောကြားခဲ့ပါ တယ်။
    အသံလွှင့်ရုံကို မသွားမီကလေးတင် ပဲ တာဝန်မဲ့ ဥပဒေလက်လွတ် ပြုကျင့်သူ များကို ထိထိရောက်ရောက် အရေးယူဖို့ အမိန့်စာ တစောင်ရေးပြီး ကျွန်တော်ရဲ့ ပါလီမန် အတွင်းဝန်ဦးအုံး ကိုယ်တိုင် ဦးကျော်ငြိမ်းထံ သွားပို့စေပါတယ်။
    မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ခွဲတွင် သတင်းစာအသင်း၊ သတင်းထောက် အသင်း၊ စာရေးဆရာ အသင်း၊ ပုံနှိပ် ထုတ်ဝေသူများ အသင်းဟူသော အသင်း  ၄ သင်းပေါင်း ကိုယ်စားလှယ်များက ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းနှင့် သွားရောက် တွေ့ဆုံကြ၏။ ထို ကိုယ်စား လှယ်တို့မှာ (၁) ဦးထွန်းဖေ (ဥက်္ကဋ္ဌ)။ (၂) ဦးစောဦး-ဟစ်တိုင် (၃) ဦးညိုမြ- အိုးဝေ။(၄) ဦးထွန်းစိန်- စီးပွားရေး။ (၅) တိုးတက်ရေး ဦးစိန်။ (၆) ဦးရှိန်မြင့်နှင့် (၇) ဦးအုံးဖေ အတွင်းရေးမှူးတို့ ဖြစ်ကြ သည်။ တောင်းဆိုချက်များကို တင်ပြရာ တွင်-
    ၁။ သတင်းစာတိုက်များကို ၀င် ရောက် ဖျက်ဆီးသော နိုင်ငံရေး ခေါင်းဆောင်များကို ပြင်းထန်စွာ အရေး ယူရန်။
    ၂။ ပျက်စီးသော သတင်းစာတိုက် များသို့ အစိုးရက လျော်ကြေးပေးရန်၊ ထို လျော်ကြေးမပေးမီ လောလောဆယ် အားဖြင့် ထောက်ပံ့ကြေး ထုတ်ပေးရန်။
    ၃။ ဖျက်ဆီးရာတွင် ပါဝင်သည့်  အစည်းအရုံးတို့ကို မတရားသင်း ကြေညာ ပေးရန်။
    ၄။ ဗန်္ဓုလပန်းခြံ စည်းဝေးပွဲ၌ လူထု ကို လှုံ့ဆော်ကာ မတရားသဖြင့် ပြုမှုစေ သော အစိုးရ အရာရှိဖြစ်သူ သခင် ချစ်မောင်နှင့် သခင်လှကျွေတို့ကို ချက်ချင်း အရေးယူရန်။
    ၅။ ဤတိုက်ခိုက်မှုနှင့် ပတ်သက် သော ကိစ္စအ၀၀ကို အရေးယူရန် အစိုးရ ကိုယ်စားလှယ် သုံးဦး။ သတင်းစာ ကိုယ် စားလှယ် သုံးဦး ပါဝင်သော ခုံရုံးတစ်ခု ဖွဲ့ ပေးရန်။
    အထက်ပါ လက်ငင်း အလိုရှိသော တောင်းဆိုချက် ၅ ခုအပြင် မူအားဖြင့် လိုအပ်သော တောင်းဆိုချက် ၂ ခုမှာ အောက်ပါအတိုင်း ဖြစ်၏။
    (က) ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ် ပုံ ဥပဒေတွင် ပါဝင်သည့် လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ပြုမည်ဆိုသော ကတိကို လိုက်နာဆောင်ရွက်သော အား ဖြင့် လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ကို အစိုးရသည် ရိုသေကြောင်း ကြေငြာချက် တစ်ရပ်ကို အမြန်ဆုံး ထုတ်ပြန်ကြေညာ ရန်။
    (ခ) ပုံနှိပ်တိုက်များကို မတရား နှောင့်ယှက် ဖျက်ဆီးမှုများမှ အစိုးရက ကာကွယ်ပေးရန်။ ထို ကာကွယ်မှုကို အခြားသူများထက် ကြိုတင်၍ ဦးစွာ ကာကွယ်ပေးရန်။
    ပုဂံ ရာဇ၀င်တွင် နရသူသည် ထီးနန်း မက်မော၍ ခမည်းတော် အလောင်းစည် သူကို နာမကျန်းရှိစဉ် ခေါင်းအုံးနှင့် ဖိသတ် ၏။ ထို့နောက် သူ့ထက်ကြီးသော မင်း ရှင်စော ရှိနေသေးရာ ထိုနောင်တော်ကို နန်းတင်ပါမည်ဟု ကတိပြုပြီးမှ အဆိပ် ခတ်သတ်ပြန်လေသည်။ ဤတွင် ဆရာ တော် ပန့်သကူမထေရ်က သူ့အားများစွာ  စက်ဆုပ်လျက် ခွေးပြောဝက်ပြော ရှုတ်ချ ပြီးနောက် သီဟိုဠ်သို့ ကြွမြန်းတော်မှုလေ သည်။ မင်းကျင့်တရား ၁၀ ပါးကို ရှင်ဘုရင် ကိုယ်တိုင်က ဖောက်ဖျက်ကျူးလွန်နေ သောအခါ ထိုတိုင်းပြည်သည် အသို့လျှင် နေချင်စဖွယ် ရှိတော့အံ့နည်း။
    ဦးထွန်းဖေသည် ၀ါရင့်သော သတင်း စာဆရာ ဖြစ်သောကြောင့် ရာဇ၀င်၌ မွေ့လျော်သူ ဖြစ်၏။ ဤ တိုင်းပြည်သည် အရိုင်းအစိုင်း မဟုတ်ဘဲ သမိုင်းအမွေ အနှစ်တို့နှင့် ပြည့်စုံ၏။ ဗုဒ္ဓယဉ်ကျေးမှု လည်း ထွန်းကားရာဖြစ်၏။ အယ်ဒီတာ တစ်ဦးအနေဖြင့် မိမိ၏ အတိတ်၊ ပစ်္စုပ္ပန်၊ အနာဂတ်တို့ကို အမြဲ သုံးသပ်ဆင်ခြင်ရေး သားမှသာလျှင် လူရိုသေမှု ရှိနိုင်လေ သည်။ သတင်းစာ ဆရာများထက် နိုင်ငံ ရေး ခေါင်းဆောင်များက ပို၍ တာဝန်ရှိ သည် မဟုတ်ပါလော။ သူတို့လိုအပေါ် စီးရနေသူများ မသိမလိမ္မာသော အခါ အဘယ်မှာ ကောင်းနိုင်ပါတော့မည်နည်း။
    သတင်းစာ၌ ၀န်ကြီး တစ်ဦး၏ သတင်းဆိုး ပါရှိ၍ ထို သတင်းစာကို ရိုက်ချိုးရသလော။ သတင်းစာ ဆရာအဖို့ ထို သတင်းကို ထည့်ခြင်းထက် ထိန်ခြင်း က ပိုမိုမှန်ကန် ချီးကျူးသင့်သလော။
    ရှေးခေတ်က မင်းများ မင်းသားများ ကို အမတ်ကြီးများက ဝေဘန်ဆုံးမခြင်း မရှိခဲ့လျှင် များစွာ ဗဟုသုတ ပြည့်စုံသော လျှောက်ထုံး ကျမ်းစာ အမွေအနှစ်များ လည်း ရှိတော့မည်မဟုတ်။ ယခု ဒီမိုကရေစီ ခေတ်တွင် အာဏာပိုင် မင်းညီ မင်းသားတို့၏ နေရာကိုယူသော ၀န်ကြီး များကို သတင်းစာများက ဝေဖန်စိစစ်ခြင်း မပြုလျှင် မည်သူက ထိုတာဝန်ကိုယူမည် နည်း။ အခြေခံ စည်းမျဉ်းဥပဒေ၌ ပါရှိ သော လွတ်လပ်စွာ ရေးသားဝေဖန်ခွင့် ကို အခြား ဘယ်ပုံဘယ်နည်းဖြင့် အကောင်အထည် ဖော်မည်နည်း။
    ဘာမျှ မသိနည်းမလည်ဘဲ အသက် ဦးဆံပိုင်အနေဖြင့် ဟော့ရမ်း သော့သွမ်း သော ဘီးလူးဝင်စားသည့် နရသိဟပတေ့ မင်းကဲ့သို့ နောက်ဆုံးတွင် တိုင်းပြည်လည်း ပျက် သူလည်းတရုတ်ပြေးမင်း ဘ၀သို့ ရောက်ခဲ့ရသည့် ရာဇ၀င် သာဓကများကို ကျွန်ုပ်တို့သည် လွတ်လပ်သော ဤခေတ် တွင် ထပ်မံကြုံတွေ့ချင်ကြပါသေးသလော။
    ကျွန်ုပ်တို့၏ ဗုဒ်္ဓဘာသာ ယဉ်ကျေး မှု၌ အခြေခံအားဖြင့် (အနိစ္စ-ဒုက္ခ-အနတ္တ) ဟူသော သစ္စာတရားများကို နှလုံးသွင်း ကြစမြဲပင်။ မမြဲသော မိမိ၏ခန်္ဓာကိုယ် သည် ဤကမ္ဘာ၌ ခေတ္တမျှသာ ရုပ်ဆောင် နေသော အပုပ်ကောင်ဖြစ်သည် မဟုတ် ပါလော။ ဘ၀ဇာတ်ခုံ၌ ၀န်ကြီး အသွင်ဖြင့် ရာထူး မပြုတ်မီ အချိန်ကာလအတွင်း အသုံးတော်ခံကြရာတွင် မာန်မာနနှင့် အတ္တစွဲတို့ ကြီးထွားသင့်ပါသလော။ လူ၏ စိတ်ဓာတ်ကို လှည့်စားတတ်သော အတ္တ သဘောမှာ လေးနက်ခြင်း မရှိ၍ (ဆား ခတ်၍သုံးစွဲသင့်သည်)ဟူ အင်္ဂလိပ်တို့ အဆိုရှိသည် မဟုတ်ပါလော။
    ဤကား ၀န်ကြီး ဦးကျော်ငြိမ်းနှင့် ဆုံတွေ့စဉ်က ကျွန်တော်များ၏ ဦးနှောက် တွင်း၌ ပြေးလွှားနေကြကုန်သော လော အဖုံဖုံ-လောမျိုးစုံတို့ပေတည်း။
၃။ဥက်္ကဋ္ဌကြီး ဦးထွန်းဖေမှာ ထိုအချိန်က ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်၏။ ဖဆပလအဖွဲ့ဝင် အဖြစ်ဖြင့် ဟင်္သာ တ အမတ်လည်းဖြစ်ရာ သတင်းစာများ ရိုက်ချိုးခံရချိန်တွင် ထိုအမတ်ရာထူးမှ နုတ်ထွက်လွှာကို ပါတီသို့ တင်ပို့လိုက်၏။
    သူကဲ့သို့ နုတ်ထွက်လွှာ တင်သွင်း သူ အခြားသတင်းစာ ဆရာမှာ ရန်ကုန် သတင်းစာမှ ဦးအောင်မြင်ဖြစ်၏။ ဖဆပလ ဦးစီး အဖွဲ့ဝင်အဖြစ်မှ လည်းကောင်း၊ မီးရထား ဘုတ်အဖွဲ့လူကြီး အဖြစ်မှ လည်းကောင်း၊ နုတ်ထွက်လိုက်၏။ သူ၏ အကြောင်းပြချက်တွင် ၀န်ကြီးချုပ် ဦးနု သည် ဖဆပလအဖွဲ့တွင်း၌ မကောင်းသူ တစ်စုဘက်မှ ပင်းနေခြင်းကြောင့် ဖက်ဆစ် ၀ါဒ အသက်သွင်းရာတွင် အလိုတူ မဖြစ် လိုဟု ဆို၏။ ဆက်လက်ဖော်ပြပါမည်။
ဘိရမာ ၀ါးတားဂိတ် အပိုင်း (2) စာသား PDF ဖိုင်ယူရန် CLick
Wednesday, June 6, 2012
ဘိရမာ ၀ါးတားဂိတ်
အိုးဝေဦးညိုမြ (ကိုယ်ရေးအကျဉ်း)
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၃ ၇ နှစ်က ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပွားခဲ့သော အစိုးရနှင့် သတင်းစာများ ထိပ်တိုက်တွေ့ ပွဲကြီး ပွဲကောင်းတစ်ခု အကြောင်းကို ထိုစဉ်က ကာယကံရှင် တစ်ဦးဖြစ်သူ သတင်းစာဆရာကြီး အိုးဝေဦးညိုမြ (၁၉၁၄-၁၉၈၅) ၏  မှတ်တမ်းတင်ချက်
အကြံခက် လေသနော်
သံလျက်တော်ယူသည့် သူခိုးရယ်ကြောင့်
သူ၏အမည်ကို ထုတ်ဖော်မပြောပါရ စေနှင့်
ဓားဂုတ်ပေါ်မှာ ၀ဲ ...
ဤကား ပဒကုသလ, ဇာတ်မှ ငိုချင်း တစ်ပိုင်းတစ်စ ဖြစ်ပါသည်။ ဇာတ်ဆရာ ဦးဘိုးစိန်ကြီး၏ နာမည်ကျော် လူကြိုက် များသော ဇာတ်ထုတ်တစ်ခုပါပေ။ ထိုကြောင့်လည်း (ဓားဂှတ်ပေါ်မှာဝဲ) ဟူသော အသုံးအနှုန်းမှာ (ပြောပြန်ရင် လည်း အောင်မင်းလွန်ရာကျမယ်) ဟူ သော စိန်အောင်မင်း ဆိုသံကဲ့သို့ မြန်မာတို့ နှုတ်ဖျားတွင် စကားပုံသဖွယ် စွဲမြဲနေပါ သည်။       
        ပဒကုသလဇာတ်လမ်း အတိုချုပ်မှာ ရှင်ဘုရင်က ပဒကုသလ၏ ဇနီးကို မျက်စိကျနေလေသည်။ ထိုကြောင့် လင်ဖြစ်သူကို အကြောင်းရှာ၍ ချုပ်နှောင် ဖမ်းဆီးပြီးလျှင် မယားကို အပိုင်စီးရန် ကြံစည်၏။ ရှင်ဘုရင်က သူ၏ သံလျက် တော်ကို သူကိုယ်တိုင် ကျောက်ဖျာအောက် တွင် ၀ှက်ထားပြီးနောက် သံလျက်တော် ပျောက်ဆုံးကြောင်း ကြေညာ၏၊ အမတ် သုခမိန် ပဒကုသလအား ဤအမှုကို ပြေလည်အောင် စီရင်ထုတ်ဖော်ပေးရန် အမိန့်တော်ရှိ၏။ ပဒကုသလကား မဟော်သဓာကဲ့သို့ ထူးခြားသော ပါရမီရှင် တစ်ဦးဖြစ်၏။ သူတစ်ပါး၏ လျှို့ဝှက်ကြံစည် လုပ်ဆောင်မှုများကို ထိုးထွင်း သိမြင်နိုင် သော အစွမ်းရှိ၏။ ထိုကြောင့် ဤကိစ်္စတွင် ခေါင်က မိုးမလုံဘဲ ရှင်ဘုရင်ကိုယ်တိုင် သူတစ်ပါး၏ သားမယားကို ပြစ်မှား လွန်ကျူးလို၍ တမင်လိမ်လည် အကွက် ဆင်သော အမှုဖြစ်စေကြောင်း ကောင်းစွာ သိမြင်လေသည်။
        သို့ဖြစ်ရာ ပဒကုသလအဖို့ ဤအမှု ကို မဖော်လည်းခက် ဖော်လည်းခက် ဖြစ်နေ၏။ မဖော်ပါက မိမိမှာ သုခမိန် တစ်ပါးဖြစ်ပါလျက် ပေါ့လျော့ညံ့ဖျင်း ရပါမည်လားဟု ရာဇဒဏ်ခတ်မည် မလွဲ။ ဖော်ပြန်လျှင်လည်း သံလျက်တော်ကို ခိုးသူမှာ အခြားမဟုတ်ဘဲ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်တော်မူသော (၀ါ) မင်းကျင့် တရား ၁၀ ပါးနှင့်အညီ ကျင့်သုံးပါမည်ဟု သစ်္စာပြု အဘိသိက် ခံယူခဲ့သော ဘ၀ ရှင်မင်းတရာကြီး ကိုယ်တိုင် အပြစ်ရှိ ကြောင်း ထင်ရှားနေ၏။ အမှန်အတိုင်း ပြောဆိုထုတ်ဖော်ပါကလည်း ရာဇ၀တ် သင့်မည် သေချာ၏။ ဤတွင် ပဒကုသလ က အထက်ပါ ငိုချင်းဖြင့် ညီးတွားမိခြင်း ဖြစ်လေသည်။
        ပဒကုသလဇာတ်မှာ နိပါတ်တော်လာ ဇာတ်ထုပ်တစ်ခုဖြစ်၍ ရှေးဟောင်းပဒေ သရာဇ်ခေတ်နှင့် သက်ဆိုင်၏။ ထိုပ ဒေသရာဇ်ခေတ်တွင် ရှင်ဘုရင်များ ကိုယ်တိုင်လည်း ခေါင်မိုး မလုံခြင်း၊ အာဏာပိုင်များ ကိုယ်တိုင် တရားဥပဒေ ကို ချိုးဖောက်ခြင်းများ ပြုကျင့်တတ်ပုံကို ထင်ရှားစေပေသည်။
        ဤဆောင်းပါး၏ ခေါင်းစဉ်မှာ (ဘိရမာဝါတားဂိတ်)ဟု ဆိုထားရာ ပဒကုသလနှင့်။ ဘာဆိုင်သလဲဟု မေးဖွယ်ရှိ၏။ ဘိရမာနှင့် ၀ါးတားဂိတ် ဟူသော ဝေါဟာရတို့၏ အနက်အဓိပ်္ပာယ် ကိုလည်း ရှင်းရန်လို၏။
        (ဘိရမာ) ဆိုသည်မှာ စစ်ကြီး အတွင်းက မြန်မာပြည်ကို ၀င်ရောက် စိုးမိုးခဲ့သော ဂျပန်တို့က ဗမာများကို ဘိရမာဟု မပီမသ-ဂွကျတတ ခေါ်ဆိုခဲ့ ခြင်းဖြစ်၏။
        (၀ါတားဂိတ်) ဆိုသည်မှာ အမေရိကန်ပြည် ၀ါရှင်တန်မြို့တော်ရှိ မိုးပျံ တိုက်ကြီးတစ်ခု၏ အမည်ဖြစ်၏။ အထပ် ပေါင်းများစွာရှိလျက် အလွန်လည်းကျယ်ပြန့်၏။ ဥပမာအားဖြင့် ရန်ကုန်မြို့ရှိ ခြောက်ထပ်ရုံးကြီး၏ ခြောက်ဆမျှရှိ ပေမည်။ ၀ါတားဂိတ်အရပ်တွင် တည်ရှိ လေသည်။ (၀ါတား) ဆိုသည်မှာ ရေ။ (ဂိတ်) ဆိုသည်မှာ အပေါက်။ ထိုကြောင့် ရေပေါက်ရှိရာအရပ်ဟု အဓိပ်္ပာယ်ရလေ သည်။ ဥပမာဆိုသော် ပုဇွန်တောင်ရပ် မြောင်းကြီးလမ်းမှ တိုက်တန်းလျားကြီး စသည်ဖြင့် ဆိုလိုခြင်းပင်။
        ဆင်တံဆိပ်ပါတီက ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့၍ သမတနစ်ဆင်က အိမ်ဖြူတော်သို့ ရောက်ရှိ အာဏာရရှိ နေချိန်တွင် အတိုက်အခံ မြင်းပျံတံဆိပ် သမားတို့မှာ ရာထူးလက်မဲ့ ဖြစ်ကာ ၀ါတားဂိတ်တိုက်ကြီးတွင် အခန်းငှားကာ ဌာနချုပ် ဖွင့်လှစ်ထားခြင်း ဖြစ်လေသည်။
        ၁၉၇၂ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပခါနီးတွင် ထိုဝါတားဂိတ်တိုက်ခန်း ရှိ အတိုက်အခံ ရုံးခန်းကို လူဆိုးများက ညအချိန်၌ ဖောက်ထွင်းကြလေသည်။ ရုံးခန်ရှိ ဗီရို၊ စားပွဲ စသည်တို့ကို မွှေနှောက် ကာ လျှို့ဝှက်သော ပါတီ စာရွက်စာတမ်း  များကို ခိုးယူကြလေသည်၊ သို့သော် သူခိုးတို့က လက်နှိပ်ဓာတ်မီး တ၀င့်ဝင့် ဖြင့်  မွှေနှောက်ဆဲမှာပင် ရဲအဖွဲ့ဝင်များ  ရောက်ရှိလာပြီး လူဆိုး ၅ ဦးစလုံးကို ဖမ်းမိလေသည်။ ထိုသူတို့မှာ သာမန် သူခိုးဓားပြများ မဟုတ်ဘဲ အမေရိကန် သမ်္မတ၏ အိမ်ဖြူတော်မှ ခိုင်းစေချက်အရ ပြစ်မှုကျူးလွန်သူများ ဖြစ်ကြောင်း သိရှိ ရလေသည်။
        ဤတွင် အမေရိကန်တစ်ပြည်လုံး မျက်လုံးပြူးကာ ပွက်လောရိုက်ကုန်ကြ တော့သည်။ အမှိုက်ကစ၍ ပြာသာဒ် မီးလောင်တော့သည်။ ဤ၀ါတားဂိတ် အမှုမှာ သာမန်ဖောက်ထွင်းမှုမျိုး မဟုတ် ဘဲ ပဒကုသလဇာတ်၌ (သြော် .. သူခိုး ကလည်း မျက်နှာကြီးပေမို့) ဆိုသကဲ့သို့ ဖြစ်နေလေသည်။
        အမေရိကန်ပြည်၌ ၄ နှစ်တစ်ကြိမ် သမ်္မတ ရွေးကောက်ပွဲ ပြုလုပ်လေ့ရှိရာ သမ်္မတ နှစ်ဆင်မှာ ၁၉၆၀ ခု ရွေးပွဲ၌ အနိုင်ရခဲ့သူဖြစ်၏။ ၁၉၇၂ ခု ရွေးကောက်ပွဲ ၌ မီးကုန်ယမ်းကုန် ကြဲကြရာတွင် အာဏာလက်ရှိ အစိုးရပါတီက တရား လက်လွတ် ဖြစ်လေတော့သည်။ (တရား ဥပဒေစိုးမိုးရေး) ဟုတဖွဖွ ၀ါဒဖြန့်နေသူ များပင် ဤ၀ါတားဂိတ် ဖောက်ထွင်းမှု ဖြင့် တရားဥပဒေကို ချိုးဖောက်ပြသကဲ့သို့ ဖြစ်ချေသည်။ အာဏာလက်ရှိများက အာဏာမူးယစ်ကာ အာဏာလက်မဲ့များ အပေါ်တွင် အနိုင်ကျင့်ခြင်း ဖြစ်၍လည်း ပို၍ အရုပ်ဆိုးလေသည်။
        ဖက်ဆစ်နိုင်ငံ၊ အာဏာရှင် နိုင်ငံများ အဖို့ ဤအဖြစ်မျိုးမှာ မဆန်းသော်လည်း (က်္ဘာပေါ်တွင် စစ်မှန်သော ဒီမိုကရေစီ ၀ါဒ ထွန်းလင်းရာ အမေရိကန်ပြည်ထောင်စု  ကြီး) ဟု တဖွဖွဝါကြွား လေ့ရှိသော မောင်ကန်တို့အတွက် ဤကိစ်္စမှာ ဧရာမ ရှက်ဖွယ်ကြီး ဖြစ်နေ၏။
        ဤတွင် (လွတ်လပ်စွာ ဝေဖန်ရေး သားခွင့်) ဟူသော အခြေခံစည်းမျဉ်း၌ ပါရှိသည့် ပြည်သူ့အခွင့်အရေးလို သတင်း စာများက အပြည့်အ၀ ကျင့်သုံးကာ နစ်ဆင်အစိုးရ လုပ်သမျှကို အလစ်မပေး ဘဲ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရေးသား ကြကုန်၏။ (တရားဥပဒေ စိုးမိုးရေး) ကို နိုင်ငံရေးသမားများက-ကပျက် ယပျက် လုပ်စေကာမူ တရားသူကြီးများက အလျှော့မပေးဘဲ တည်ကြည် တည့်မတ် စွာ စစ်ဆေးစီရင်ကြလေသည်။
        ၂ နှစ်ကြာမျှ ဂယက်ရိုက်ခဲ့ပြီးနောက် သမ်္မတနစ်ဆင် ကိုယ်တိုင် မကြုံစဖူး ရာထူးမှ နုတ်ထွက်ပေးခဲ့ရလေသည်။ သူ၏ အပေါင်းပါ ၀န်ကြီး- အရာရှိများနှင့် တကွ ၀ါတားဂိတ် တရားခံပေါင်း ၂၀ ကျော်တို့မှာ အပြစ်ဒဏ် အသီးသီး ခံယူ ကြရပေသည်။
        ဤကား အမေရိကန် ၀ါတားဂိတ် အမှုကြီး၏ ဖြစ်ရပ်အတိုချုပ်ပေတည်း။
        (ဘိရမာဝါးတားဂိတ်) ဟုဆိုရာတွင် မြန်မာပြည်၌လည်း အလားတူ ၀ါတား ဂိတ်အမှုမျိုး ပေါ်ပေါက်ခဲ့ပုံကို တင်ပြလို၍ ဖြစ်ပေသည်။
        မြန်မာပြည်သည် တိုင်းပြည်အနေဖြင့် သေးငယ်သော်လည်း အမေရိကန်ပြည် ထက် ၀ါရင့်၏။ မြန်မာပြည်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က တကောင်း အဘိရာဇာတို့က စတင်ထူထောင်ခဲ့သည်။ အမေရိကန်ပြည်ကား ပေါ်ပေါက်ခဲ့သည် မှာ နှစ်ပေါင်း ၂၀၀ ပင် မပြည့်တတ်သေး ပေ။ အမရပူရမြို့တော်၌ ထီးနန်းစံသူ ဘိုးတော်ဘုရားနှင့် ထီးပြိုင် နန်းပြိုင် ဖြစ်သော သမ်္မတ၀ါရှင်တန်လက်ထက်၌ သာလျှင် အမေရိကန်ပြည် ပေါ်ပေါက်ခဲ့ ခြင်း ဖြစ်၏။
        (ဘီရမာဝါးတားဂိတ်) ဆိုသည်မှာ အခြားမဟုတ်။ ၁၉၄၈ ခု မြန်မာပြည် လွတ်လပ်ရေးရပြီးခါစ အချိန်တွင် အာဏာ ရအစိုးရပါတီဖြစ်သော ဖဆပလအဖွဲ့ဝင် များ ကိုယ်တိုင် သတင်းစာတိုက်များကို ၀င်ရောက်ရိုက်ချိုးကြသော သမိုင်းဝင်  ဟိုးလေးတကျော် အမှုကြီးပင် ဖြစ်ပါသည်။
        ဂိမ်္တရာသီဟူသော နွေခေါင်ခေါင် တွင် ရန်ကုန်မြို့တော်၌ ၁၉၄၈ ခု မတ်လ ၁၂၊ နေ့ နံနက်ခင်းတွင် ချမ်းစိမ့်စိမ့် ဖြစ်နေ ၏။ ထိုဆီးနှင်းများ အကြားမှ ရွှေမြို့တော် အထက်တန်းလွှာများသည် သမ်္မတ အိမ်တော်ပွဲသို့ ကားတ၀ီဝီနှင့် သုတ်ခြေ တင်နေကြ၏ဟု မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြပါရှိ၏။
        နံနက် ၁၀ နာရီခွဲ အချိန် ရာဇပလ်္လင် အပ်နှင်းပွဲရှိ၏။ ဘုရင်ခံချုပ် မောင့်ဘတ် တန်  ဇနီးမောင်နှံတို့သည် မြန်မာပြည်မှ အင်္ဂလိပ်တို့ သိမ်းယူခဲ့သော ရာဇပလ်္လင်ကို လွတ်လပ်သော ခေတ်၏ လက်ဆောင် အဖြစ် သမ်္မတကြီး စပ်ရွှေသိုက်၏ လက် ပြန်လည် အပ်နှံပွဲဖြစ်၏။  ဘုရင်ခံချုပ် မောင့်ဘတ်တန်က မိမိသည် ဂျပန်တို့ကို မြန်မာနယ်မြေမှ မောင်းထုတ် ပြီးခါစ စစ်ပြီးချိန်က ဤခန်းမကြီးသို့ ပထမ အကြိမ် အောင်ပွဲဆင်ရန် ရောက်ရှိခဲ့ပြီး ယခုတစ်ဖန် မြန်မာ့ပလ်္လင်တော်ကို အခမ်း အနားနှင့် အပ်နှင်းခွင့် ရရှိပြန်ရာ နှစ်ကြိမ် စလုံးပင် မင်္ဂလာရှိသော ကိစ်္စများဖြစ်သော ကြောင့် အထူးဝမ်းသာသည် ဆို၏။
        ထိုအချိန်၌ပင် အမင်္ဂလာပွဲတစ်ခုကား ရန်ကုန်မြို့လယ်ကောင်၌စင်ပြိုင်ကျင်းပ နေသည်ကို မောင့်ဘက်တင်တို့ မသိကြ စေကာမူ ထိုအိမ်တော်ပွဲ ပရိတ်သတ်၌ ခေါင်းပေါင်း စတလူလူနှင့် တောက်ပြောင် စွာ ပါဝင်ဆင်နွှဲနေကြသော ဆိုရှယ်လစ် ၀န်ကြီးများ ကြိုတင်သိရှိကြပြီး ဖြစ်၏။ ယမန်နေ့က လျှို့ဝှက်ပါတီစည်းဝေးပွဲတွင် သူတို့ကိုယ်တိုင် စီစဉ်ဆုံးဖြတ်ခွင့် ပြုခဲ့ပြီး မဟုတ်ပါလော။
        ထို အမင်္ဂလာကိစ်္စကို သတင်းစာ ဆရာများက တိုင်းပြည်သို့ ဖော်ပြရာတွင် (၁၉၄၈)ခု မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်မှစ၍ ဗန်္ဓုလပန်းခြံတွင် စည်းဝေးသော မြန်မာနိုင်ငံ တောင်သူ လယ်သမားအဖွဲ့၊ စီးပွား ကုန်သွယ်ရေး အဖွဲ့၊ လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ စသော ဆိုရှယ်လစ် အစည်းအရုံးဝင် လူထုအင်အားစုတို့ကို ထိုပါတီခေါင်း ဆောင်များက လှုံ့ဆော်ဦးဆောင်ကာ (၁) ဟစ်တိုင် (၂) အိုးဝေ စီးပွားရေး သတင်းစာတိုက်များသို့ ချီတက်ကာ လူစု လူဝေးနှင့် ၀င်ရောက်ဖျက်ဆီးကြ၏။ ဆန်္ဒပြဟန်နှင့် ထိုသို့ သတင်းစာတိုက်များ  ကို ဖက်ဆစ်ဆန်စွား တိုက်ခိုက်ရာတွင် ကိုယ်ထိလက်ရောက် ပါဝင်သူများကား (၁) ပါလီမန်အတွင်း ၀န်သခင်ချစ်မောင်၊ (၂) ပါလီမန် အမတ်သခင်လှကျွေ၊ (၃) သခင်ကြီးမြင့် ၀န်ကြီးသခင်တင်၏ အပါး တော်မြဲ။ (၄) အမတ်သခင်ကျော်ထွန်းနှင့် (၅) ကိုဦး ခင်-အမတ်-အင်းစိန်တို့ ပါဝင် ကြ၏။ ယင်းသို့ဖျက်ဆီးကြရာတွင် ပုံနှိပ် စက်များ စာစီခုံများ စားပွဲ၊ ကုလားထိုင် စသည်တို့ကို ကြေမွဲသွားအောင် ဖျက်ဆီး သွားရုံမက၊ ပုံနှိပ်တိုက် အလုပ်သမား အချို့ကို သွေးထွက်သံယို ဖြစ်စေခြင်း။ ပုံနှိပ်တိုက်များကို မီးရှို့ ရန်ကြိုးစားခြင်း၊ ပုံနှိပ် အလုပ်သမားပိုင် အ၀တ်အစားများ နှင့် ပိုင်ဆံကြေး ငွေများကို ယူသွားခြင်း စသည်တို့လည်း ပြုမူကြကြောင်း။
        ထိုမျှမက တိုင်းပြည် ငြိမ်ဝပ်ပိပြား ရေးနှင့် တိုင်းသူပြည်သားများ အခွင့်အရေး တို့ကို တမင်သက်သက် မတရားသော နည်းအားဖြင့် စော်ကား ဖောက်ဖျက် လုပ်ကြံခြင်းသည်၊ အာဏာကို သိမ်းပိုက် ထားသော ခေါင်းဆောင်တစ်စုက မိမိတို့ ၏ သိက်္ခာကို မထောက်ထားဘဲ ဟော့ရမ်း ခြင်းဖြစ်သည်။ ဤအချက်သည် တိုင်းပြည် တရားဥပဒေနှင့် ငြိမ်ဝပ် ပိပြားရေးကို ဖောက်ဖျက်သည်သာမက က်္ဘာ့တံတွေး ခွက်တွင် ပက်လက်မျောစေပြီး၊ ထိုသို့ ရိုင်းပြစွာ ပြုမူကြပြီးနောက် ကျူးလွန်ရာ တွင် ခေါင်းဆောင်သော သူများသည် မဖွယ်မရာ မဟုတ်မမှန် လုပ်ကြံလည် ဆယ်၍ တိုင်းပြည်အား သတင်းစာများ အပေါ်တွင် အထင်အမြင် မှားစေရန် ရည်ရွယ်ချက်ဖြင့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တရားပွဲများ ပြုလုပ်ခြင်း၊ အသံလွှင့်ခြင်း၊ စသည်ဖြင့် ဒုတိယအကြိမ် မြောက် တိုင်းပြည်ကို ထပ်မံလှည့်စား၊ စော်ကားလိုက်ကြ လေပြီ။ ထိုကဲ့သို့ သတင်းစာတိုက် များအား အကြမ်းဖက်၍ ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးခြင်း ပြုနေစဉ် အချိန်တွင် ပြည်သူ့အသက် စည်းစိမ်ဥစ်္စာတို့ကို အသက်ပေး၍၊ ကာကွယ်ရန် ၀တ်္တရားရှိသော ဆိုင်ရာ ရဲဗမာအဖွဲ့ကို အချိန်မီ အဖန်တစ်လဲလဲ တိုင်တန်း အကူအညီ တောင်းသော်လည်း အသက်နှင့် ပစ်္စည်း ဥစ်္စာများကို ကာကွယ် ရန် ပျက်ကွက်ခဲ့ခြင်းမှာလည်း ၀မ်းနည်း ဖွယ်ပင် ဖြစ်ပေကြောင်း။
                သတင်းစာတိုက်များအား ဖျက်ဆီး စော်ကားသူများသည် မိမိတို့၏ ခေါင်း ဆောင်ကို ထိပါးရေးသားသည့် အတွက် သတင်းစာတိုက်များ အနီးသို့ ရောက်ခါ မှ ဒေါသအမျက်ကို မချုပ်တည်းနိုင်သဖြင့် အထက်ပါအတိုင်း လက်ရောက် ကျူးလွန် ခြင်းဖြစ်သည် ဆိုခြင်းမှာ ယုတိ္တမတန်ချေ။ အကြောင်းမူ ဗန်္ဓုလပန်းခြံတွင် ပြုလုပ် သော အစည်းအဝေး၌ပင် ခေါင်းဆောင် လုပ်သူများက ချ-ရဲလား၊ တိုက်ရဲလား၊ လူမိုက်ထွက်ခဲ့ စသည်ဖြင့် သွေးထိုးလှုပ် ဆော်ပေးခြင်းသည် လည်းကောင်း၊ ထိုလူထု၏ လက်ထဲတွင် လက်ပစ်ဗုံး၊ ရဲတင်း၊ သံတူနှင့် ဓားများပါ တစ်ပါတည်း အစကပင် အသင့်ယူဆောင်လာကြခြင်း သည် လည်းကောင်း၊ လက်နက်အချို့မှာ ဖျက်ဆီးခံရသော သတင်းစာတိုက်များ တွင် ကျန်ရစ်ခဲ့ခြင်းသည် လည်းကောင်း၊ ထောက်ရှု၍ ဤအချက်များမှာ ကြိုတင် စီစဉ်လာသော လုပ်ကြံမှုကြီး ဖြစ်ကြောင်း ထင်ရှားသည်။ (ဆက်လက်ဖော်ပြပါမည်။)
 (မြန်မာ့အလင်း - ၁၄-၃-၄၈)
  ပြည်သူ့ခေတ်ဂျာနယ် မှ ကူးယူဖော်ပြပါသည်။
ဘိရမာဝါးတားဂိPDF စာအုပ် Download ယူရန် ဒီနေရာမှာ Click
Adobe Reader Software Download ယူရန် ဒီနေရာမှာ Click
Tuesday, June 5, 2012
အိုးဝေဦးညိုမြပြောပြတဲ့ သတင်းစာဆရာနဲ့အစိုးရ တိုက်ပွဲမှတ်တမ်း (မောင်ဝံသ)
ပြီးခဲ့တဲ့ သင်္ကြန်ရက်များအတွင်း ကျွန်တော်တော့ အတော် အလုပ်ဖြစ်ခဲ့တယ်ဗျ။ နှစ်နဲ့ချီပြီး မရှင်းမလင်းခဲ့တဲ့ ကျွန်တော့်စာအုပ်ဘီရိုတွေနဲ့ ကြုံသလို အထပ်လိုက် ထားခဲ့တဲ့ စာအုပ်ပုံတွေကို အောင်မြင်စွာ ရှင်းလင်း ပြီးမြောက် သွားပါတယ်။ ထုံးစံအတိုင်း စာရေးဆရာတွေ စာအုပ်ပုံရှင်းရင် အလုပ် မတွင်ပါဘူး။ ဟိုဟာလေးပြန်တွေ့လိုက် ဖတ်ကြည့်လိုက်၊ ဒီဟာလေးတွေ့လိုက် မြီးကြည့်လိုက်နဲ့ တော်တော်နဲ့ ရှေ့မတိုးနိုင်ဘူးဗျ။
    ကျွန်တော့်မှာ အဲသလို စိမ်ပြေနပြေ စာအုပ်တွေ ရှင်းရင်း ဇိမ်ခံစာဖတ်နိုင်တဲ့ အခွင့်အရေး မကြုံခဲ့တာကြာပြီ။ ခုတော့ အဲဒီအခွင့်အရေးကို အမိအရယူရင်း စာအုပ်ပုံတွေ ရှင်းလိုက်တာ နှစ်ပေါင်းများစွာ ရှာလို့ မတွေ့ခဲ့တဲ့ (ပျောက်ဆုံးနေပြီထင်ရတဲ့) စာရွက်စာတမ်းတချို့ ပြန်တွေ့တယ်ဗျာ။
ဘိရမာဝါးတားဂိတ်စာမူ
    ကျွန်တော် ၀မ်းအသာဆုံး ပြန်လည်တွေ့ရှိခြင်းကတော့ ဆရာကြီး အိုးဝေဦးညိုမြရဲ့ ]]ဘိရမာဝါးတားဂိတ်}}စာမူပါပဲဗျာ။ စာအုပ်မဟုတ်ပါ။ လက်နှိပ်စက်စာမူပါ။ ညိုမြ ၂/၇၅ ဆိုပြီး လက်မှတ်ထိုးထားတဲ့ သည်စာမူ သက်တမ်း ၃၇ နှစ် ရှိပါပြီ။ ကျွန်တော့်လက်ထဲမှာ တစ်စောင်တည်းသော ကော်ပီ ကျန်တာပါ။ အဲဒီတစ်စောင်တည်းသော ကော်ပီကိုပဲ ပျောက်နေတာက နှစ် ၂၀ လောက်ရှိပါတယ်။ ကျွန်တော့်ဘ၀ မုန်တိုင်းထန်နေချိန်များမှာ စာရွက်စာတမ်းတွေ ဟိုရောက်ဒီရောက်နဲ့ ပြန်ရှာလို့ မရတော့တဲ့ အဖိုးတန် စာမူတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။
    သည်စာမူအကြောင်းကို ကျွန်တော် ဆောင်းပါးတချို့ရေးဖူးတယ်။  ကျွန်တော့် ပင်ကိုရေးဆောင်းပါးတွေကို စုစည်းထုတ်ဝေတဲ့ ]]မည်သို့သောလူ ဖြစ်ရမည်နည်း}} ၂၀၀၃ ထုတ် စာအုပ်မှာ ]]အိုဝေဦးညိုမြရဲ့ ကဗျာတစ်ပုဒ်}} ခေါင်းစဉ်နဲ့ သည်စာမူအကြောင်း ဖော်ပြခဲ့တယ်။
    အဲဒီဆောင်းပါးကို ဖတ်မိတဲ့ စာရေးဆရာ တက္ကသိုလ်စိန်တင်က သူပြုစုနေတဲ့ ]]အိုးဝေဦးညိုမြ အတ္ထုပ္ပတ္တိ}}စာအုပ်မှာ ထည့်သွင်းဖော်ပြဖို့ ]]ဘိရမာဝါးတားဂိတ်}}စာမူကို မတွေ့တွေ့အောင် ပြန်ရှာပေးပါလို့ တောင်းဆို တယ်။ ကျွန်တော်လည်း တတ်နိုင်သမျှ အချိန်ရရင် ရသလို ပြန်ရှာပါတယ်။ အထူးသဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကိစ္စတွေ ပြောဖို့ဆိုဖို့ အကြောင်း ရှိလာချိန်တွေမှာ ကျွန်တော် ဖုတ်ပူမီးတိုက်ရှာဖွေမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်းမှာ အစိုးရနဲ့ သတင်းစာတွေ တိုက်ပွဲဖြစ်ပြီး နောက်ဆုံးမှာ အစိုးရက သတင်းစာတွေကို တောင်းပန်၍ ကျေအေးလိုက်ရတဲ့ ပွဲကြီး ပွဲကောင်းအကြောင်းကို အဲဒီတုန်းက ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တဲ့ အရေးပါသူ ကာယကံရှင် ဦးညိုမြကိုယ်တိုင် ခိုင်ခိုင်လုံလုံ ပြန်လည်မှတ်တမ်း တင်ထားတာ ဖြစ်လို့ပါပဲ။ သို့ပေမယ့် ဘယ်လိုမှ ပြန်မတွေ့လို့ ဆရာ ဦးစိန်တင်ကို တောင်းပန်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ]]အိုးဝေဦးညိုမြရဲ့ ကဗျာတစ်ပုဒ်}}ဆောင်းပါးကိုပဲ သူ့စာအုပ်မှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။
မှတ်တမ်းတင်ဖြစ်ခဲ့ပုံ
    ရှားရှားပါးပါး ခုလို သမိုင်းဝင်အဖြစ်အပျက်ကြီးတစ်ခုကို ကာယကံရှင်တစ်ဦးဖြစ်တဲ့ ဆရာဦးညိုမြကိုယ်တိုင် ပြန်လည် ရေးသား ဖြစ်အောင် ဖန်တီးခဲ့သူ နံပါတ် တစ်က ကျွန်တော်ပါပဲ။
    ၁၉၇၄ မှာ ကျွန်တော်ဟာ မြန်မာ့အလင်းသတင်းစာတိုက်မှာ အယ်ဒီတာတစ်ယောက်ဖြစ်နေပါပြီ။ သတင်းစာလုပ်သက် ၁၀ နှစ် ရှိပါပြီ။ အဲဒီအချိန်မှာ ကျွန်တော့် ၀ါသနာတစ်ခုက ကျွန်တော် မမီလိုက်တဲ့ လွတ်လပ်သော မြန်မာသတင်းစာခေတ်ကြီးအကြောင်း စူးစမ်းလေ့လာ မှတ်တမ်းတင်လိုခြင်းဖြစ်ပါတယ်။
    လုပ်သားပြည်သူ့နေ့စဉ်က အယ်ဒီတာ ပီဂျီစိုးမင်းခေါ် သတင်း ထောက် ဈာန်ရနဲ့ ကျွန်တော်က ညီအစ်ကိုလို ခင်မင်တယ်။ သူကလည်း သုတေသန၀ါသနာကြီးပါတယ်။ ကျွန်တော်က လွတ်လပ်ရေးရခါစ အချိန် ကလေးမှာပဲ အာဏာရပါတီကလူတွေက သတင်းစာတိုက်တွေကို ရိုက်ချိုး ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်ကို ပီဂျီစိုးမင်းနဲ့ ဆွေးနွေးတယ်။ သူ့ထင်မြင်ချက်တွေ မေးတယ်။ သူက လက်ဝဲယိမ်းသူဖြစ်လေတော့ သူ့ထင်မြင်ချက်တချို့က လက်ဝဲသမားအမြင်ဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်က အဲဒီတုန်းက ရိုက်ချိုးခံရတဲ့ အိုးဝေသတင်းစာတိုက်ပိုင်ရှင် ဆရာဦးညိုမြဆီ ကိုယ်တိုင် သွားမေးကြမယ်ဆိုပြီး သွားကြပါတယ်။
    ဆရာဦးညိုမြက ၁၉၆၈ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းက မီးစိမ်းပြလိုက်လို့ အိုးဝေဂျာနယ် ပြန်လည် ထုတ်ဝေခွင့်ရခဲ့တယ်။ အရင်ကလို နေ့စဉ်ထုတ် သတင်းစာမဟုတ်ဘဲ နှစ်ပတ်တစ်ကြိမ်ထုတ်ဂျာနယ်ပဲ ဖြစ်ပေမယ့် စာဖတ်သူ ပြည်သူတွေက တစ်ခဲနက်အားပေးကြလို့ လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့ပါတယ်။ သူလိုပဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်က ရွှေတူဂျာနယ်၊ ပမညတခေါင်းဆောင်ဟောင်း သခင်လွင်က ရှုဒေါင့်ဂျာနယ် ရတယ်။ နှစ်ပတ်တစ်ကြိမ်ပါပဲ။ အထောက်တော်လှအောင်က တစ်ပတ်တစ်ကြိမ်ထုတ် သတင်းဂျာနယ် ထုတ်ဝေခွင့်ရခဲ့တယ်။ နောက်ဆုံးတော့ သတင်းဂျာနယ်က ထိပ်ဆုံးက အအောင်မြင်ဆုံး ဖြစ်သွားတယ်။ ၁၉၇၂ ဇူလိုင်လကျတော့ ဗိုလ်ချုပ်နေ၀င်း စိတ်အလိုမကျတဲ့အခါ ၄င်းဂျာနယ်အားလုံး ပိတ်စေ ဖြစ်သွားပါတယ်။
    ၁၉၆၈-၇၂ကာလအတွင်း အိုးဝေဂျာနယ်မှာ ကျွန်တော် ဆောင်းပါး လေးတွေ ပါဝင်ရေးသားရင် ဆရာဦးညိုမြနဲ့ ခင်မင်ရင်းနှီးသွားတယ်။ အိုးဝေ ပိတ်ခံရပြီးနောက်လည်း ကျွန်တော် မကြာမကြာ အလည်ရောက်ပါတယ်။ ၁၉၇၄ခု နှစ်ကုန်ခါနီးကျတော့ သတင်းစာတိုက်တွေ ရိုက်ချိုးခံရတဲ့ သမိုင်းဝင် ဖြစ်ရပ် အကြောင်း ဆရာ့မှတ်ချက်ကို သိရဖို့ သတင်းထောက်ဈာန်ရနဲ့ ကျွန်တော်   ရောက်သွားပါတယ်။ ဆရာက ကျွန်တော် မေးတဲ့ ခေါင်းစဉ်ကို ကြားလိုက်တာနဲ့ ခေါင်းထောင်သွားတယ်။ }}ကိုယ့်လူ ဘာလုပ်မလို့လဲ}}လို့ မေးပါတယ်။ ကျွန်တော်က ]]ဘာမှ မလုပ်ပါဘူး၊ အဲဒီအကြောင်း ဆရာ့ရှုထောင့်က အမြင်ကို သိချင်လို့ပါ}} ပြောတော့ ဆရာ ခဏလောက် စဉ်းစားနေပြီး ]]အေး ဒီအကြောင်း ကိုယ်လဲ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး၊ ရေးမယ်ဆိုရင်လဲ တက္ကသိုလ်စာကြည့်တိုက်လိုနေရာကို သေချာသွား၊ သတင်းစာဟောင်းတွေ ပြန်ဖတ်ပြီး အချက်အလက်တွေ တိုက်ဆိုင်ပြီး ရေးမှ ကောင်းမယ်}} လို့ ဆိုပါတယ်။
    အဲဒီကစလို့ ကျွန်တော် အရင် ရေးခဲ့ဖူးသလိုပါပဲ၊ ဆရာ့ကို ကိုဈာန်ရနဲ့ ကျွန်တော်က တက္ကသိုလ်စာကြည့်တိုက်မှာ အချိန်ယူလေ့လာပြီး စာတမ်းတစ်စောင်ရေးဖို့ ကားကြို ကားပို့ကအစ စီစဉ်ပေးပါတယ်။ အရေးထဲ ဒီဇင်ဘာလထဲမှာ ဦးသန့်အရေးအခင်းဖြစ်လို့ ကျွန်တော်တို့ အစီအစဉ် နားထားရသေးတယ်။ ၁၉၇၅ ဇန်န၀ါရီလထဲကျမှ ဆရာဦးညိုမြ အလုပ်ပြန်စရတယ်။ ဖေဖော်ဝါရီလထဲမှာ ပြီးသွားပါတယ်။
    ကျွန်တော့်ဆီက လက်နှိပ်စက် အဒေါ်ကြီးကို ကာဘွန်ခံပြီး  ရိုက်ခိုင်းတာ ၃စောင်လား ၄စောင်လား ရပါတယ်။ ကျွန်တော့်ဆီ တစ်စောင်ချန်ပြီး ဆရာဦးညိုမြနဲ့ ကိုဈာန်ရကို ကျန်တဲ့ ကော်ပီတွေ ပေးလိုက်တယ်။ အခု သူတို့ မရှိတော့ပါဘူး။ ကိုဈာန်ရက ၁၉၈၃ မှာ အနောက်ဂျာမနီမှာ ပြည်ပြေးအဖြစ် ကွယ်လွန်သွားတယ်။
    ကျွန်တော်ပြန်တွေ့တဲ့ ဘိရမာဝါးတားဂိတ်လို့ ဆရာ ခေါင်းစဉ် တပ်ထားတဲ့ စာတမ်းကို သင်္ကြန်ရက်အတွင်း ကျွန်တော် ပြန်ဖတ်မိပါတယ်။            စာနယ်ဇင်း လွတ်လပ်ခွင့် ခေါင်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရေးတကြီး လေ့လာဆွေးနွေးနေကြချိန်မှာ သည်စာတမ်းကို အရေးတကြီးကို ဖတ်ရှု လေ့လာသင့်တယ်လို့ ယူဆတဲ့အလျောက် ပြည်သူ့ခေတ် အယ်ဒီတာအဖွဲ့ လက်သို့ အပ်လိုက်ပါတယ်။
    ပြည်သူ့ခေတ်မှာ မဖော်ပြခင် စာမြည်းတချို့ကို ကောက်နှုတ်ပေး လိုက်ချင်ပါတယ်။
    ]]ဘိရမာဝါးတားဂိတ်ဆိုသည်မှာ အခြားမဟုတ်။ ၁၉၄၈ခု မြန်မာပြည်လွတ်လပ်ရေးရပြီးခါစအချိန်တွင် အာဏာရအစိုးရပါတီ ဖြစ်သော ဖဆပလအဖွဲ့ဝင်များကိုယ်တိုင် သတင်းစာတိုက်များကို ၀င်ရောက်ရိုက်ချိုး ကြသော သမိုင်းဝင် ဟိုးလေးတကျော်အမှုကြီးပင် ဖြစ်ပါသည်။}}
    ]](ထွန်းနေ့စဉ်) ဦးထွန်းဖေ - ဤတိုင်းပြည်သည် အရိုင်းအစိုင်း မဟုတ်ဘဲ သမိုင်းအမွေအနှစ်တို့နှင့် ပြည့်စုံ၏။ ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားရာ ဖြစ်၏။ _ _ _ သတင်းစာဆရာများထက် နိုင်ငံရေးခေါင်းဆောင်များက ပို၍ တာဝန်ရှိသည် မဟုတ်ပါလော။ သူတို့လို အပေါ်စီးရနေသူများ မသိမလိမ္မာ သောအခါ အဘယ်မှာ ကောင်းနိုင်ပါတော့မည်နည်း။}}
    ]]၀န်ကြီး ဦးကျော်ငြိမ်း (စားပွဲကို လက်နှင့်ပုတ်ကာ) ခင်ဗျားတို့ သတင်းစာတွေက ၀န်ကြီးတစ်ယောက်ကို ချရစေတော့ဆိုပြီး သက်သက် စော်ကားတာဟု ဒေါနှင့် ပြော၏။ ဤတွင် မင်းရှင်စောကို ထပ်မံ သတိရ မိသူကား ကျွန်တော် (ညိုမြ) ဖြစ်ပါသည်။}}
    ]]သတင်းစာဆရာအသင်း ဥက္ကဋ္ဌကြီး ဦးထွန်းဖေမှာ ထိုအချိန်က ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်၏။ ဖဆပလအဖွဲ့ဝင်အဖြစ် ဟင်္သာတအမတ်လည်း ဖြစ်ရာ သတင်းစာများရိုက်ချိုးခံရချိန်တွင် ထိုအမတ် ရာထူးမှ နှုတ်ထွက်လွှာကို ပါတီသို့ တင်ပို့လိုက်၏။}}
    ]]သူကဲ့သို့ နှုတ်ထွက်လွှာ တင်သွင်းသူ အခြားသတင်းစာဆရာမှာ ရန်ကုန်သတင်းစာမှ ဦးအောင်မြင် ဖြစ်၏။ ဖဆပလဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်မှ လည်းကောင်း၊ မီးရထားဘုတ်အဖွဲ့လူကြီး အဖြစ်မှလည်းကောင်း နှုတ်ထွက် လိုက်၏။ သူ၏ အကြောင်းပြချက်တွင် ၀န်ကြီးချုပ်ဦးနုသည် ဖဆပလ အဖွဲ့တွင်း၌ မကောင်းသူတစ်စုဘက်မှ ပင်းနေခြင်းကြောင့် ဖက်ဆစ်ဝါဒ အသက်သွင်းရာတွင် အလိုတူမဖြစ်လိုဟု ဆို၏။}}
    ]]ဆရာမှိုင်းကြီး (သခင်ကိုယ်တော်မှိုင်း)က - မတ်လ ၁၂ ရက်နေ့က ဖြစ်ပျက်ခဲ့စဉ် တောမှာ ရှိနေ၍ မသိရကြောင်း၊ နောက် ရောက်လာတော့ သတင်းစာနဲ့ အစိုးရ ဖြစ်ပျက်ပုံကို သိရ၍ ပျက်စီးနေသော သတင်းစာတိုက် များကို သွားရောက်ကြည့်၍ ရင်ကွဲပက်လက် ဖြစ်ရကြောင်း၊  ခွေးမသားတွေ ဖက်ဆစ် မုန်းတယ် မုန်းတယ်နဲ့ လက်စသတ်တော့ မဟာဖက်ဆစ်ဖြစ်နေပြီ။ အစိုးရထဲမှာ သခင်နုကို ကြည်ညိုပါတယ်။ သူကတော့ စိတ်ပုတီး အမြဲစိပ်နေလို့ တော်ရဲ့လို့ ထင်ရ၊ ယခုတော့ စိတ်ပုတီးစိပ်လွန်းပြီး ရူးများ နေသလား မသိဘူး။}}
    မိတ်ဆွေများခင်ဗျာ။ စိတ်ဝင်စားစရာကောင်းလှတဲ့ သမိုင်းဝင် ဖြစ်ရပ်ကြီးတစ်ခု ဇာတ်ရှိန်တက်လာပုံနဲ့ ပြဿနာဖြေရှင်းဖို့ သတင်းစာဆရာ များနဲ့ အစိုးဘက်က ကြိုးစားကြပုံ၊ နောက်ဆုံးတော့ ပြန်ပေါင်းထုပ် ထမင်း စားပွဲကြီးနဲ့ ပြေပြေလည်လည် ဖြစ်သွားကြပုံတို့ကို ပြည်သူ့ခေတ် စာမျက်နှာများမှာ ဆက်လက် ဖတ်ရှုကြပါရန်။
၁၉၀၄၁၂
maungwuntha@gmail.com
Face book မိတ်ဆွေများသို့ တင်ပြချက်။  မိတ်ဆွေများခင်ဗျား၊ ကျွန်တော့်ဆောင်းပါးမှာ ဘိရမာဝါးတားဂိတ်စာမူကို ပြည်သူ့ခေတ် စာမျက်နှာများမှာ ဆက်လက် ဖတ်ရှုကြပါလို့ ကျွန်တော်ရေးခဲ့ပေမယ့် ဂျာနယ်မှာ ဖော်ပြဖို့ တင်ပြတဲ့စာမူကို စာပေစိစစ်ရေးက ခွင့်မပြုပါ။ ၂ပတ်ရှိပါပြီ၊ ယနေ့ထိ ခွင့်ပြုချက်မရပါ။ ၁၉၄၈ ခုနှစ်က အဖြစ်အပျက်ကို ယနေ့ ဒီမိုကရေစီအစိုးရလို့ ကျွန်တော်ကိုယ်တိုင်က မကြာမကြာ ရည်ညွှန်းရေးသားနေတဲ့ အစိုးရရဲ့ ဌာနတစ်ခုက ဘာကြောင့် ခွင့်မပြုရတာပါလဲ။ ကျွန်တော် နားမလည်ပါ။ ဟိုတုန်းက သတင်းစာတိုက်တွေကို ရိုက်ချိုးခဲ့တာ ဖဆပလအစိုးရရဲ့ လက်ကိုင်တုတ်များဖြစ်ပါတယ်။ ယနေ့အစိုးရနဲ့ ၆၄ နှစ် ကွာခြားပါတယ်။ ဘာမှ မသက်ဆိုင်ပါ။
ဆက်စပ်မိလို့ ပြောရပါဦးမယ်။ လာမည့် မေလ ၃ ရက် ၂၀၁၂ မှာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လို့ ပြောနိုင်မယ့် World Press Freedom Day 2012 ကို ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ UNESCO အဖွဲ့တို့ ပူးပေါင်းအစီအစဉ်နဲ့ ရန်ကုန်မြို့ ကမ်းနားလမ်း ဟိုတယ်မှာ ကျင်းပပါမယ်။ ကျွန်တော့်လည်း ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ တက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ယခုနှစ် World Press Freedom Day ရဲ့ ဆောင်ပုဒ်က Challenges to Media in a New Environment ပါတဲ့ဗျာ။
ဘိရမာဝါးတားဂိတ်လို စာမူမျိုးကို ပုံနှိပ်ထုတ်ဝေခွင့်မပေးတဲ့ အခြေအနေမျိုးကို ကျွန်တော် ဘယ်လို နားလည်ရမလဲ။ ဘယ်လို New Environment လို့ ပြောမလဲ။ ဘယ်လို challenges လို့ ပြောမလဲ။ ကျွန်တော်ကတော့ ဘယ်လိုမှ ဘ၀င်မကျနိုင်ပါ။ ပြည်သူ့ခေတ်မှာ ဖော်ပြခွင့်မရဘဲ လမ်းဆုံးပြီဆိုရင်တော့ ကျွန်တော့် Face book စာမျက်နှာကပဲ မိတ်ဆွေများထံ ဆက်ဆက် တင်ပြသွားပါမယ်ခင်ဗျား။
by Maung Wuntha on Friday, April 27, 2012 at 9:51pm ·
၂၆ ဧပြီ ၂၀၁၂ ရက်စွဲနဲ့ ထွက်သွားတဲ့ ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
ပဉ္စမမြောက် ခေတ်မှီမှု
ပြီးခဲ့တဲ့အပတ်က ပီကင်းမြို့မှာ အသက် (၇၃) နှစ်အရွယ် တရုပ်အမျိုးသားကြီးတယောက် ကိုယ့်ဘာသာ သတ်သေပစ်လိုက်တယ်။ လွန်ခဲ့တဲ့ (၂၃) နှစ်တုံးက တရုပ်တပ်နီတော် ရဲ့ အင်အားသုံးဖြေရှင်းမှုကြောင့် တီယင်နန်မင် ရင်ပြင်ဆန္ဒပြပွဲအတွင်းမှာ သူ့ရဲ့သားတယောက် သေဆုံးသွားခဲ့တယ်။ တရုပ်အစိုးရက သူ့သားသေဆုံးမှုကို တရားဝင်မကြေငြာတဲ့အပြင် “အကြမ်းဖက်ဖြိုခွဲမှုဟာ တိုင်းပြည်တည်ငြိမ်မှုအတွက် လိုအပ်သလိုဆောင်ရွက်ခြင်းဖြစ်တယ်။ ဆန္ဒပြပွဲတွေဟာ တန်ပြန်တော်လှန်ရေးဖြစ်တယ်” လို့ စွပ်စွဲတိုက်ခိုက်နေဆဲဖြစ်တယ်။ တရုပ်အစိုးရရဲ့ အဲ့သလို တာဝန်မဲ့ ပြောဆိုနေမှုတွေကို ရှုတ်ချဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ဘာသာ သတ်သေ ဆန္ဒပြခြင်းဖြစ်တယ် လို့ အမျိုးသားကြီးရဲ့ နောက်ဆုံးသေတမ်းစာတွေကို ဖတ်ခဲ့ရသူတွေက ဆိုတယ်။ သူလိုပဲ တီယင်မင်ရင်ပြင်လူသတ်ပွဲကို ကျူးလွန်ခဲ့တဲ့ တရုပ်အစိုးရအပေါ် ခါးခါးသီးသီး ဆန့်ကျင်နေသူတွေရှိတယ်။
  တက္ကသိုလ်ပါမောက္ခကြီးတယောက်က ဦးဆောင် ပြီး သူလိုခံစားချက်တူသူ အမေတွေနဲ့ တိုင်ပင်ပြီး  “တီယင်မင် အမေများအဖွဲ့” ကို ဖွဲ့စည်းခဲ့တယ်။  သူလို ခံစားချက်တူသူအမေတွေနဲ့ ဖွဲ့စည်းထားကြတာဖြစ်တယ်။ ဒါကြောင့်လည်း တရုပ်အစိုးရက သူတို့ကို ကြိမ်ဖန်များစွာနေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားခဲ့ကြတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့ တရုပ်ပြည်ကြီးမှာ သာမန်ပြည်သူတွေက တီယင်မင်ရင်ပြင်လူသတ်ပွဲကို လေးလေးနက်နက်တွေးမိချင်မှ တွေးမိကြတော့မယ်။ လူ့အဖွဲ့အစည်းမှာ အမေ့လျော့ခံနေရတဲ့ သူတွေအတွက် ပြောဆိုနေကြဖို့တော့ လိုလိမ့်မယ်။
လွတ်လပ်တဲ့အာရှ အသံ ရဲ့ ဂျွန်လ (၅) ရက် ညပိုင်း အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
“အချက်အလက်တွေပေါ်က တဆင့် အမှန်တရား ကို ရှာကြည့်မယ် ဆိုရင်
ပဉ္စမမြောက်ခေတ်မှီမှုဆိုတာ ဒီမိုကရေစီ နဲ့ လွတ်လပ်မှုသာ ဖြစ်တယ်”
သောတရှင်များခင်ဗျား
၁၉၇၈ ခုနှစ်ကာလအတွင်းက တရုတ်ပြည် ရဲ့ “ဒီမိုကရေစီ တံတိုင်းလှုပ်ရှားမှု”  နဲ့ ဝေရှင်ကျင်း ရဲ့ “ပဉ္စမမြောက်ခေတ်မှီမှုစာတမ်း”ကို မှတ်မိကြပါလိမ့်မယ်။ အဲ့ဒီကာလကို ပီကင်းနွေဦး အဖြစ်လူသိများခဲ့ပါတယ်။ တရုပ်ကွန်မြူနစ် ခေါင်းဆောင် တိန့်ရှောင်ဖိန်ဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ ခံစားခဲ့ရတဲ့ မိသားစုဝင်တွေရဲ့ ဆုံးရှုံးနစ်နာမှု ရင်ဖွင့်သံတွေကို ပြောဆိုခွင့် ပေးခဲ့ပါတယ်။ ဆီချွမ်း ခရိုင်ရဲ့ ဇီဒန်းလမ်းပေါ်က အုတ်တံတိုင်းကြီးတခုဆီမှာတော့ တရုပ်ပြည်သူတွေရဲ့ စာတိုပေစတွေ၊ ရင်ဖွင့်သံတွေ လျှံကျနေခဲ့ပါတယ်။
“ တရုပ်ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ယ္ခင်ခေါင်းဆောင်တွေချမှတ်ခဲ့တဲ့  “ခေတ်မှီခြင်းလေးရပ်” အိပ်မက်ကို လက်တွေ့ကျကျဖေါ်ဆောင်ဖို့ကြိုးစားခဲ့တယ်။ ခေတ်မှီခြင်းလေးရပ်ဆိုတာ တိုင်းပြည်ရဲ့ “လယ်ယာစိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ တပ်မတော် ၊ သိပ္ပံ နဲ့ နည်းပညာ လေးရပ်ကို ခေတ်မှီတိုးတက်အောင် လုပ်ရမယ် လို့ဆိုတယ်။ ဒီမိုကရေစီ တံတိုင်း လှုပ်ရှားသူတွေက အဲ့ဒီလေးခုအပြင် ဒီမိုကရေစီ နဲ့ လွတ်လပ်မှုဆိုတာ ပဉ္စမမြောက်ခေတ်မှီမှု ဖြစ်ရမယ် လို့ ဆိုတယ်။ လွတ်လပ်မှုကို ပိုမိုတောင်းဆိုခဲ့ကြတယ်။”
တိန့်ရှောင်ဖိန် နဲ့ တရုပ်ကွန်မြူနစ်ပါတီဟာ ဒီမိုကရေစီတံတိုင်း လှုပ်ရှားမှုကို တနှစ်လောက်သာ ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ ဝေကျင်ရှင်းအပါအဝင် ဒီမိုကရေစီရေးတောင်းဆိုနေသူတွေဟာ တရုပ်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကို ထောက်ပြဝေဖန်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ထိခိုက်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုနဲ့အတူ လှုပ်ရှားမှုကို ဆက်လက်ခွင့်မပြုခဲ့တော့ပါဘူး။ ပြည်သူတွေအတွက်တော့ နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်ပျက်ပြား စေမဲ့ အပြုအမူမှန်သမျှကို ပြင်းထန်စွာအရေးယူမယ်ဆိုတဲ့ သတိပေးခြိမ်းခြောက်သံတွေကို မုန်းတီးရွံရှာနေခဲ့ကြပါတယ်။
တရုပ်ပြည်ကြီးဟာ ခေတ်မှီခြင်းလေးရပ်ကို အကောင်အထည်ဖေါ်နိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ နဲ့ ရာဇဝတ်မှုတွေဟာ ပါတီရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ကျဆုံးစေခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၉ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွဲခဲတဲ့ တရုပ်တပ်နီတော်ရဲ့ လုပ်ရပ်ဟာ အရိပ်မဲကြီးတခုလို လိုက်နေခဲ့တယ်။
“ လွန်ခဲ့တဲ့ သောကြာနေတုံးက ဆိုရင် အသက် (၇၃) နှစ်အရွယ် လူတယောက်ဟာ ကိုယ့်ဘာသာ ဆွဲကြိုးချသေပြီး တရုပ်အစိုးရကို ဆန့်ကျင်ရှုတ်ချခဲ့တယ်။ ၁၉၈၉ တီယင်မင်ရင်ပြင်ကျောင်းသား လှုပ်ရှားမှုမှာ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့သားဖြစ်သူရဲ့စာရင်းကို တရုပ်အစိုးရက တရားဝင်ထုတ်ပြန်ပေးဖို့ ငြင်းဆန်ခဲ့တာ၊ တရုပ်ပြည်သူလူထုအပေါ် တောင်းပန်မှုတစုံတရာမလုပ်ခဲ့တာတွေကို အသက်နဲ့ လဲပြီး ကန့်ကွက်လိုက်တာဖြစ်တယ်။”
တကယ်တော့-- အင်အားကြီးနိုင်ငံတွေဟာ တီယင်မင်ရင်ပြင်လူသတ်ပွဲကို လူသိရှင်ကြား ရှုတ်ချ အပြစ်တင်ခဲ့ကြပေမဲ့၊ လုပ်အားခသက်သာပြီး၊ ဈေးကွက်ကြီးမားလှတဲ့ တရုပ်ပြည်ကြီးဆီကို အချိန်တို အတွင်းမှာပဲ ပြန်လည် ပွေ့ဖက်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဘီလ်ကလင်တန် နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မယ်ရီရော်ဘင်ဆင် တို့ဟာ တရုပ်ပြည်ကြီးဆီကို  အလည်အပတ် ရောက်ရှိသွားကြပါတယ်။ တရုပ်ကွန်မြူနစ်ပါတီကလည်း တရုပ် ဒီမိုကရေစီပါတီကို တရားဝင်ထူထောင်ခွင့်ပြုခဲ့သလို၊ ဝေကျင်ရှင်း လို ထင်ရှားတဲ့ခေါင်းဆောင်တွေကို အကျဉ်းထောင်တွေထဲက လွှတ်ပေးပြီး၊ ပြည်ပကို ထွက်သွားခွင့်ပြုလိုက်ပါတယ်။
“ ၁၉၉၇-၉၈ နိုဝင်ဘာလထိ ကာလကို ဒုတိယ ပီကင်းနွေဦးအဖြစ်လူသိများခဲ့တယ်။ တရုပ်ပြည်ကြီးဟာ ဒီမိုကရက်တစ်နိုင်ငံတခုဆီကို ဦးတည်နေပြီ လို့ မျှော်လင့်ခဲ့ကြတယ်။ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာတော့ လူတော်တော်များများဟာ တီယင်မင်ရင်ပြင် လူသတ်ပွဲကို လေးလေးနက်နက်မတွေးကြတော့ဘူး။ ဒါပေမဲ့ အမှောင်ထဲမှာ နက်နက်နဲနဲ ဖွဲ့တည်နေတဲ့ မီးတောင်တွေ ရှိနေတယ်။ ဒဏ်ရာတွေနဲ့တောက်လောင်နေသူတွေက တရုပ်ပြည်ကြီးရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းနေကြတယ်”
တရုပ် ကွန်မြူနစ်ခေါင်းဆောင် တွေဟာ ၁၉၉၈ နှစ်ကုန်ပိုင်းကစပြီး  တရုပ်ဒီမိုကရေစီပါတီမှာ ဦးဆောင်ပါဝင်ခဲ့သူတွေအားလုံးကို ပြန်လည်ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့်တွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ တရားမျှတမှုနဲ့အမှန်တရားကို တောင်းဆိုနေသူတွေရဲ့ ဆန္ဒကိုတော့ ရိုက်ချိုးတားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။
“ပြည်သူ့တက္ကသိုလ် မှာ စိတ်ပညာပါမောက္ခတွေဖြစ်တဲ့ “ ဒင့်ဇီလင်း” တို့လင်မယားဟာ ကွန်မြူနစ်ပါတီဝင်တွေဖြစ်ပြီး သူတို့ရဲ့ သားဟာ တီယင်မင်ရင်ပြင်ကျောင်းသားဆန္ဒပြပွဲမှာ အသတ်ခံလိုက်ရတယ်။ ဒင့်ဇီလင်းဟာ တီယင်မင်ရင်ပြင်မှာ အသတ်ခံရသူတွေအကြောင်းကို မနားတမ်းထုတ်ဖေါ်ပြောဆိုနေသလို၊ အဲ့ဒီကာလတုံးက တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်လီပင်း ရဲ့ “ တိုင်းပြည်တည်ငြိမ်မှုအတွက် လိုအပ်တဲ့ အင်အားသုံးဖြေရှင်းမှုတခုဖြစ်တယ်” ဆိုတဲ့ မှတ်ချက်ကို ခါးခါးသီးသီးရှုတ်ချသူဖြစ်တယ်။ ဒါကြောင့်လည်း သူမဟာ ပါတီနဲ့ တက္ကသိုလ်ပါမောက္ခ ဘဝကနေ ထုတ်ပယ်ခြင်းခံလိုက်ရတယ်။ လေကြောင်းအင်ဂျင်နီယာ ဘွဲ့လွန်ဒီဂရီတက်နေတဲ့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေဟာလည်း တီယင်မင်ရင်ပြင်အကြမ်းဖက်မှုကို ဝေဖန်ခဲ့တဲ့အတွက် ကျောင်းက ထုတ်ပယ်ခံရ၊ အလုပ်လျှောက်ခွင့်မရတဲ့အနေအထားတွေကို ရောက်ခဲ့ကြရပြန်တယ်။ ဂျွန် (၄) ရက်မှာ သေဆုံးသွားသူများကို ဦးညွတ်အလေးပြုကြ လို့ ဖေါ်ပြမိတဲ့ သတင်းစာ အယ်ဒီတာတချို့ဟာ အလုပ်ဖြုတ်ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့တတွေက လက်မလျော့ခဲ့ကြဘူးဗျ။ “တီယင်မင်အမေများ” ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ အင်တာနက်ဆက်သွယ်ရေးတွေကတဆင့် ကမ္ဘာကြီးဆီကို သတင်းပေးပို့ခဲ့ကြတယ်”
သောတရှင်များခင်ဗျား
မြင့်မားလှတဲ့တိုက်တာအဆောက်အဦကြီးတွေ၊ အထူးစီးပွားရေးဇုံတွေနဲ့အတူ တရုပ်ပြည်ကြီးဟာ (၂၁) ရာစုထဲမှာ ခေါင်းထောင်ထနိုင်ခဲ့ပေမဲ့  တီယင်မင်ရင်ပြင် ပေါ်က ဝိညာဉ်တွေကလည်း ကွန်မြူနစ်ပါတီကို လိပ်ပြာ ခြောက်လန့်စေခဲ့ပါတယ်။ မကြာသေးမှီရက်များအတွင်းက အင်တာဗျူး တခုမှာ ပီကင်း မြို့တော်ဝန် “ချန်ဇီတောင်း”ဟာ တီယင်မင်ရင်ပြင်ကျောင်းသားဆန္ဒပြပွဲကို အေးအေးဆေးဆေးဖြေရှင်းလို့ရကြောင်း၊  သူ့အနေနဲ့ အကြမ်းဖက်မှုတွေကို သဘောမတူခဲ့ကြောင်း  နောင်တတွေ ထင်စွန်းရင်း ပြောဆိုနေခဲ့ပါတယ်။
 “ ကျမလိုပဲ ကံကြမ္မာဆိုး ရဲ့ ရိုက်ခပ်မှုကို ခါးစီး ခံစားနေရတဲ့သူတွေအတွက်  မျက်စိပိတ်မနေနိုင်ဘူး။ အစိုးရဟာ တာဝန်သိသိ ပူးပေါင်းပါဝင်မှု မလုပ်မခြင်း ဂျွန်လ (၄) ရက်နေ့ လူသတ်ပွဲမှာ ဆုံးရှုံးနစ်နာခဲ့ရတဲ့ မိသားစုတွေအတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမယ်” တဲ့။
သားပျောက်မျှော်နေတဲ့ မိခင်တွေ နဲ့ သောတရှင်တို့လည်း တီယင်မင်အမေများအဖွဲ့ခေါင်းဆောင် ဒင့်ဇီလင်း ရဲ့ သံဓိဋ္ဌာန်စကားတွေကို နားလည်ခံစားနိုင်ကြပါစေ။
by Aung Moe Win  
Monday, June 4, 2012
CMMD JSchool ဒုတိယအပတ်စဉ် သင်တန်းဖွင့်ပွဲ
CMMD JSchool ဒုတိယအပတ်စဉ် သင်တန်းဖွင့်ပွဲကို ဇွန် ၄ရက်တနင်္လာနေ့က ကျင်းပရာသင်တန်းကျောင်းအုပ်ကြီး ဆရာမောင်ဝံသ၊ ဒေါက်တာခင်မောင်ညို၊ ဆရာ ဦးကြည်မင်း၊ ဆရာကိုနေဘုန်းလတ်(ဘလော့ဂ်ဂါ) တို့နှင့် ဒုတိယအပတ်စဉ် ကျောင်းသားကျောင်းသူ ၂၀ဦးခန့်တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းတွင် ဆရာအသီးသီးတို့က အမှာစကားပြောကြားခဲ့ကြပြီး တက်ရောက်လာကြသူများကို လက်ဘက်ရည်နှင့် နန်းကြီးသုပ်ကျွေးမွေးဧည့်ခံခဲ့သည်။ မီဒီယာဆိုတာ မဟုတ်တာလုပ်မယ့်သူတွေအတွက်နောက်ကြည့်မှန်နဲ့တူတယ်၊ မဟုတ်တာလုပ်မယ့်သူဟာ သူ့ကိုနောက်ကြည့်မှန်ထဲ့ကနေတစ်ယောက်ယောက်ကကြည့်နေတယ်လို့သူ့စိတ်ထဲခံစားရရင် ကမ္ဘာလောကြီးက ဒီထက်ပိုပြီးသာယာမယ် ”လို့ ဆရာမောင်ဝံသ ကပြောသည်။ ဆက်လက်ပြီး ဆရာကြည်မင်းက “Improvement(တိုးတက်မှု)အင်္ဂလိပ်လိုဆိုရင် I ကစတယ် အဲဒီတော့ တိုးတက်ချင်ရင် I နဲ့ပဲစရမယ် you နဲ့စလို့မရဘူး” ဟု မှတ်သားဖွယ်ရာ ပြောကြားခဲ့သည်။ တက်ရောက်လာသော သင်တန်းသူသင်တန်းသားများအားလုံး အတန်းမှန်မှန်တက်စေလိုကြောင်းပြောကြားခဲ့သည်။