Friday, June 22, 2012

အမှောင်ကြားက ဗမာပြည်
(အနီးခေတ် ဗမာပြည် နိုင်ငံရေးလပ်ရှားမx သမိုင်းအကျဉ်း)
(၁၉၄၈-၂၀၀၀)
ဝင်းတင့်ထွန်း
ရေးသားပြုစုသည်/
download here!

  နိဒါန်း
၂၀ ရာစု ဗမာပြည်သမိုင်းကို အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင် -
- ၁၉၀၁ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိဟာ ကိုလိုနီခေတ်ဗမာပြည်သမိုင်း။
- ၁၉၄၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိဟာ လွတ်လပ်ရေးကြေညာပြီးခေတ် ဗမာပြည်သမိုင်း။

တနည်းအားဖြင့် မျက်မှောက်ခေတ် အနီးခေတ် ဗမာပြည်သမိုင်းလို့ ပြောရပါလိမ့်မယ်၊
ကိုလိုနီခေတ် ဗမာပြည်သမိုင်းဟာ ကျွှန်ခေတ်ဗမာပြည်သမိုင်းလို့ ပြောရမှာဖြစ်သလို။ လွတ်လပ်
ရေးကြေညာပြီးခေတ် ဗမာပြည်သမိုင်းဟာလည်း အမှောင်ခေတ် ဗမာပြည်သမိုင်းလို့ပဲ ထပ်ဆင့်ဖွင့်ဆိုရမှာ
ဖြစ်ပါတယ်၊
အခုဖော်ပြမယ့် သမိုင်းဟာ အမှောင်ခေတ်ဗမာပြည်သမိုင်း ဖြစ်ပါတယ်၊ အမှောင်ခေတ် ဗမာပြည်
သမိုင်းဟာ အမှောင်ထဲကဗမာပြည်အကြောင်းပဲဖြစ်ပါတယ်၊ အမှောင်ခေတ် ဗမာပြည်သမိုင်းကို ပြန်လည်
ကြည့်လိုက်တဲ့အခါ -
- ဗမာပြည်လွတ်လပ်ရေးကို စတင်ကြေညာလိုက်တဲ့ ၁၉၄၈ ခုနှစ်ကနေ။ ၁၉၅၈ ခုနှစ်အထိ
ဖဆပလ (၁၀)နှစ် ဆယ်မိုးခေတ်။
- ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ အထိ အိမ်စောင့်အစိုးရ စစ်အစိုးရခေတ်။
- ၁၉၆၀ ကနေ ၁၉၆၂ အထိ ပထစခေတ်။
- ၁၉၆၂ ကနေ ၁၉၈၈ အထိ မဆလ စစ်အစိုးရခေတ်။
- ၁၉၈၈ ခုနှစ်ကနေ ၂၀၀၀ပြည့်အထိ န၀တ။ နအဖခေတ်။
ဒီခေတ်တွေကို ထပ်+ပီးချုပ်=ကည့်လိုက်ရင်
- ဖဆပလခေတ် နဲဏ္ဍ ပထစခေတ်က ပါလီမန်ဒီမိုကရေစီခေတ်။
- မဆလခေတ်နဲ့ န၀တ။ နအဖခေတ်က စစ်အာဏာရှင်ခေတ်။
- နောက်ဆုံးအချုပ်က ပါလီမန်ဒီမိုကရေစီခေတ်နဲ့ စစ်အာဏာရှင်စနစ်ခေတ် ဆိုတာကိုပဲ တွေ့ရ
လိမ့်မယ်၊
ပါလီမန်ဒီမိုကရေစီခေတ်”ကီးအောက်မှာ မှောင်နဲ့မဲမဲ ဖြစ်ခဲ့ရတဲ့ ဗမာပြည်ဟာ စစ်အာ%ာရှင်စနစ်
ခေတ်အောက်မှာ ပိန်းပိတ်အောင်မှောင်တဲ့ဘ၀ ကျရောက်ခဲ့ရပါတယ်၊
စစ်အာဏာရှင်စနစ် အမှောင်အောက်မှာ ဗမာပြည်ကြီးဟာ အဆင်းရဲဆုံး။ အငတ်ပြတ်ဆုံး။အရုပ်အ
ဆိုးဆုံး။ အနာကျင်ရဆုံး ဖြစ်ခဲ့ပါတယ်၊ အမှောင်ဆုံးဖြစ်သလို အရှည်ကြာဆုံးလည်းဖြစ်ခဲ့ပါတယ်၊ ဖြစ်နေပါ
တယ်၊

ဗမာပြည် ပြည်သူများရဲ့ ညည်းညူသံ၊ ငိုကြွေးသံ၊ အံကြိတ်သံ၊ တက်ခေါက်သံ၊ရုန်းကန်သံ။ လှုပ်ရှား
သံတွေဟာလည်း တရံမလပ် ကြားနေရပါတယ်၊ စစ်မှန်တဲ့ လွတ်လပ်ရေးရဲ့ အရသာ ဗမာပြည် ပြည်သူများ
မခံစားရသေးပါ၊ အေးမြတဲ့ ငြိမ်းချမ်းရေးအစစ်ရဲ့အရသာ ဗမာပြည် ပြည်သူများ မထိတွေ့ရသေးပါ၊ တန်းတူညီ
မရတဲ့ အခွင့်အရေးနဲ့ စစ်မှန်တဲ့ အမျိုးသားသွေးစည်းညီညွတ်ရေး မတည်ဆောက်နိုင်သေးပါ၊ ဘာကြောင့်လဲ။
ဘယ်လိုလဲ။ ဘာတွေဖြစ်ခဲ့ကြသလဲ၊
မှန်မှန်ကန်ကန် ပြည်လည်ကြည့်မြင်ကြဖို့ သုံးသပ်ကြဖို့လိုပါမယ်၊ အတိတ်ကို ပြန်ကြည့်တာဟာ
သမိုင်းကို ပြန်ကြည့်တာဖြစ်ပါတယ်၊ သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ ......

No comments:

Post a Comment