Friday, June 22, 2012
ဘိရမာဝါးတားဂိတ် အပိုင်း- ၎
 အိုးဝဦေးညိုမြ
အပိုင်း ၃မှအဆက်
ရန်ကုန်တက္ကသိုလ်
(သတင်းစာများနှင့် အဆက်ပြတ် စေ) ဆိုသော ဩန်ကြားချက်မှာ ဖဆပလ အနေဖြင့် ပါတီဝင် အပေါင်းတို့အားပေး ပို့ခြင်း ဖြစ်သည်။ ပါတီ၏ ပြန်ကြားရေး ဌာနမှူး၏ အရေးတကြီးပြန်န်ကြားချက်ကို မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည် မှာ ---
ရဲဘော်တို့ ---
          ယခု ငါတို့သည် ဖဆပလ၏ ဆန့် ကျင်ရေးတပ်ဦးဖြစ်သော သတင်းစာများ အားလုံးဖြင့် အဆက်ဖြတ်ထားကြပြီး ဖြစ်သည်။ သို့ဖြစ်ငြားလည်း ပြည်သူလူထု အမြင်မှန်ပေးရန် အတွက် အောက်ပါ သတင်းစာများကိုသာ ဖဆပလအဖွဲ့ချုပ် မှ အသိအမှတ်ပြုထားသည်။ ထိုကြောင့် ရဲဘော်တို့၏ ရပ်ကွက်တွင်းမှ ရရှိသော သတင်းများနှင့် တိုင်းပြည်သို့ ထုတ်ပြန် လိုသော သတင်းများကို ဖဆပလအဖွဲ့ ချုပ်သို့ တိုက်ရိုက် သော်လည်းကောင်း၊ တိုက်နယ် ၀ါဒနှင့် ပြန်ကြားရေးမှူးကို သော်လည်းကောင်း၊ ဖော်ပြပါသတင်းစာ များသို့ သော်လည်းကောင်း၊ ပေးပို့ကြ စေလိုပါသည်။
          ဖဆပလအဖွဲ့ချုပ်မှ အသိအမှတ်ပြု ထားသော သတင်းစာများမှာ (၁) ဖဆပလ သတင်းစဉ်။ (အထူးထုတ်)။ (၂) တောင်သူလယ်သမားအသံ။ (၃) လုပ်သားလမ်းပြ။ (၄) အလုပ်သမားခေတ်။ (၅) တကယ့်အာဏာများ ဖြစ်သည်။ ၎င်းင်း သတင်းစာများသည် ရန်ကုန်တွင် သာမက မြန်မာ တစ်ပြည်လုံးသို့ ဖြန့်ချိလျက်ရှိ သည်။ ထို့ကြောင့် ရဲဘော်တို့ ပေးပို့သော သတင်းများကို သတင်းစာများတွင် ထည့် သွင်းပေးသင့်က ပေးမည်။ အသံလွှင့် သင့်သည်များကို လွှင့်ပေးမည်။ အထူးမှာ မိမိတို့ရရှိသော သတင်းများကို အထက် ဖော်ပြပါ သတင်းစာများတွင် ထည့်သွင်း ဖော်ပြကြပါရန်နှင့် ရဲဘော်တို့ ရပ်ကွက် အလုပ်အမှုဆောင်များကပါ ဖဆပလ ဆန့်ကျင်ဘက် တပ်ဦး သတင်းစာများနှင့် အဆက်ဖြတ်ရန် ဆုံးဖြတ်ချက်ချမှတ်၍ အမြန်ပေးပို့ကြရန် ဩန်ကြားပါသည်။
သေးငယ်သောမီးမဟုတ်
အခြေအနေမှာ တစ်နေ့တစ်ခြား ထိုသို့ တင်းမားမှု တိုးတက်ခဲ့ရာ မြန်မာ့အလင်း ခေါင်းကြီးပိုင်းမှ အောက်ပါအတိုင်း ရေးသားဝေဖန်ခဲ့၏။
          စစ်ပြီးသည့်နောက် မြန်မာနိုင်ငံတွင် ဝေဒနာကြီး ၃ ကြိမ် ခံစားခဲ့ရသည်။ ၁၉၄၆ ခု စက်တင်ဘာလတွင် အထွေ ထွေ သပိတ်ကြီးများ ပေါ်ပေါက်လေရာ တိုင်းပြည် ပျက်လုနီးနီး ဖြစ်ခဲ့သည်။ ၁၉၄၇ ခုတွင် ဇူလိုင် ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော ခေါင်းဆောင်ကြီး အချို့သည် လူမသမာ တို့ လက်ချက်ဖြင့် ကျဆုံးခဲ့၍ တိုင်းပြည် အ၀န်းကြိမ်းမီးအုံး သကဲ့သို့ ပူဆွေးခဲ့ကြ သည်။
          ယခုတစ်ဖန် နိုင်ငံရေး အစည်းအရုံး ကြီးတစ်ခုနှင့် သတင်းစာတိုက်များ ဖြစ်ပွား သော မီးသည် လျှင်မြန်စွာ ကူးစက် တောက်လောင် လျှက်ရှိသည်။ နှစ်ဦး နှစ်ဖက်စလုံးက တင်းမာစွာ ခြေလှမ်းလျက် ရှိကြသည်။ ထိုမီးသည် သေးငယ်သော မီးဖြစ်သည်ဟု ကျွန်ုပ်တို့ မယူဆပေ။ သို့ရာတွင် ရှေးက တောက်လောင်ခဲ့သော မီးများတွင် ငြိမ်းသတ်ရန် ဆေးနည်းများ ရှိခဲ့သည့်နည်းတူ ယခုမီးကိုလည်း ငြိမ်း အေးရန် နည်းကောင်းများစွာ တွေ့ရှိဦး မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပေသည်။
          ဖဆပလခေါင်းဆောင်တွေကို တစ် ဖက်သတ် ပုတ်ခတ်စွပ်စွဲရေးသားနေကြ တဲ့သတင်းစာတွေဆိုတာ အမှန်စင်စစ် တော့ လယ်ပိုင်ရှင်ကြီးတွေနဲ့ အရင်းရှင် ကြီးတွေကို မျက်ခြည်ပြတ်သွားအောင် မဲပြီး တိုက်နေကြတဲ့ လယ်သမားနဲ့ အလုပ် သမားတွေကို လမ်းလွှဲပေးနေကြတာပဲ။ အဲဒါ တခြား မဟုတ်ဘူး။
          သူတို့က ဒီလို လမ်းလွှဲပေးတိုင်း လူထုက လမ်းလွှဲကို မလိုက်ပါဖို့ လိုပါ တယ်။ သူတို့ရေးတာတွေဟာ ဘာမှ အရေးမကြီးပါဘူး။ သူတို့ ဒီလို တစ်ဖက် သတ် ပုတ်ခက်ရေးနေကြလို့ ဖဆပလ အဖွဲ့ချုပ်လည်း မပျက်နိုင်ပါဘူး။ ဖဆပလ အစိုးရလည်း ပြုတ်မကျနိုင်ပါဘူး။ အခု ဆိုရင် ဖဆပလကို ထောက်ခံရေးသား နေတဲ့ သတင်းစာတွေလည်း ရှိပါသေး တယ်။ ဒါပေမဲ့ ဒီသတင်းစာတွေ အားလုံး ၀ိုင်းပြီး၊ အခု ရေးနေတာတွေထက် ဆယ်ဆပိုရေးတောင် ဖဆပလအလံ တော်အောက်မှာ ရှိတဲ့ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ် ကရင် အမျိုးသမီး အစရှိတဲ့ အဖွဲ့တွေဟာ ရေပက်လို့ မ၀င်နိုင်အောင် စည်းစည်းလုံးလုံး ရှိနေ သရွေ့ ဖဆပလမှာ ဘာမှမဖြစ်နိုင်ဘူး ဆိုတာ မှတ်ထားလိုက်ကြပါ။
          ဒီသတင်းစာတွေသာမက သူတို့ ဘိုးအေတွေပါ ၀ိုင်းပုတ်ခက်သည့်တိုင် အောင် ဖဆပလထဲမှာ စည်းစည်းလုံးလုံး ရှိကြရင် ဘာမှစိုးရိမ်စရာ မရှိပါဘူး။
          အဲဒီတော့ အလုပ်သမားနဲ့ လယ် သမားထုကြီးကသာ သတင်းစာတွေက ခြေတို့တိုင်း၊ လမ်းလွှဲပေးနေတိုင်း၊ လမ်း လွှဲသို့ လိုက်မသွားဘဲ ရန်သူအစစ်ကို မျက်ခြေည် ပြတ်မခံဘဲ မဲပြီး တိုက်ကြဖို့ အရေးကြီးပါတယ်။ အဲဒီတော့ တရား လက်လွတ် စည်းမဲ့ကမ်းမဲ့ ရေးသားနေကြ တဲ့ သတင်းစာတွေကို ဖဆပလအစိုးရက ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အရေးယူ မယ်ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ကတိပေးပါတယ်။ ကျွန်တော် ကတိပေး သလို ခင်ဗျားတို့ကလည်း ကျွန်တော့်ကို ကတိတစ်ခုပေးကြပါ။ အဲဒီ ကတိကတော့ တခြား မဟုတ်ပါဘူး၊ ဒီကနေ့ စီတန်းလမ်း၊ လျှောက်ပွဲမှာ မတ်လ ၁၂ ရက်နေ့တုန်း ကလို တရားလက်လွတ် စည်းမဲ့ကမ်းမဲ့ မဖြစ်စေရပါဘူးဆိုတဲ့ ကတိပါပဲ။ အဲဒီ ကတိကို ခင်ဗျားတို့ ပေးနိုင်ကြပါ့မလား။ (ပရိတ်သတ် --- ပေးတယ်)
ဝန်ကြီးချုပ်-ပင်းသလော
စက်ရိုက်ချိုးတဲ့ လူတွေဘက်က ကျွန်တော် (ပင်း)နေတယ်လို့ စွပ်စွဲတဲ့လူတွေက သတ်သေပြတာ အချက်နှစ်ချက် ရှိပါ တယ်။ တစ်ချက်က မတ်လ ၁၅ ရက်နေ့က ဗန်္ဓုလပန်းခြံထဲမှာ ကျင်းပတဲ့ တောင်သူ လယ်သမား အစည်းအဝေးကို ကျွန်တော် တက်ပြီး စကားပြောတာ ဖြစ်တယ်။ အခြားတစ်ချက်ကတော့ ဖဆပလဗဟို အလုပ်အမှုဆောင်နဲ့ အစိုးအဖွဲ့တို့က သတင်းစာတွေနဲ့  အဆက်ဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ပထမအချက်နဲ့ ပတ်သက်ပြီး အရင်ရှင်းပြပါမယ်။ မတ်လ ၁၅ ရက်နေ့က ဗန်္ဓုလပန်းခြံထဲမှာ ကျင်းပ တဲ့ အစည်းအဝေးဟာ စက်တွေ ရိုက်ချိုး ကြတဲ့ မတ်လ ၁၂ ရက်နေ့ မတိုင်းမီ ကတည်းက ကျွန်တော်ရဲ့ သဘော တူညီချက်နဲ့ ဖိတ်ခေါ်ထားတဲ့ တောင်သူ လယ်သမား အစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လယ်ပိုင်ရှင်များရဲ့ ပြည်လုံး ကျွတ် အစည်းအဝေးကို ကန့်ကွက်ဖို့ပဲ ဖြစ်ပါတယ်။
ထပ်မံ ဖျက်ဆီးဦးမယ်တဲ့
ဒါပေမဲ့ မတ်လ ၁၂ ရက်နေ့မှာ စက်ရိုက်ချိုးပွဲ ဖြစ်တဲ့အတွက် ၁၅ ရက်နေ့ မှာ ဒီအစည်းအဝေးကို ခွင့်ပြုသင့် မပြုသင့် ကျွန်တော်ကိုယ်တိုင် အထူးပဲ စဉ်းစားရပါ တယ်။ နောက်ဆုံးမှာ အရေးကြီးတဲ့ အစည်းအဝေးလည်း ဖြစ်သည့်အပြင် ကျွန်တော် ကိုယ်တိုင်လည်း သဘောတူ ထားပြီးသား ဖြစ်တဲ့အတွက် အစည်း အဝေးလည်း ကျင်းပဖို့ ခွင့်ပြုလိုက်ပါ တယ်။ အဲဒီလို ခွင့်ပြုပြီး ဘာမှမကြာမီ ကျွန်တော်ရဲ့ ပါလီမန်အတွင်းဝန် ဦးအုန်း က အရေးကြီးတဲ့ ကိစ်္စတစ်ခုကို လာပြီး တိုင်ပါတယ်။ သူ့ရဲ့ တိုင်ချက်က တခြား မဟုတ်ပါဘူး။ ဒီအစည်းအဝေးပွဲကြီး အပြီးမှာ သတင်းစာ တိုက်နှစ်တိုက်မှ တစ်ပါး အခြား သတင်းစာတိုက်တွေ အားလုံးကို အစည်းအဝေးတက်တဲ့ လူထု ကြီးက ထပ်မံ ဖျက်ဆီးပစ်ဦးမယ်လို့ သတင်းစာဆရာ တချို့က တယ်လီဖုန်းနဲ့ အကြောင်းကြားတယ်ဆိုတဲ့ တိုင်းတန်း ချက် ဖြစ်ပါတယ်။
          အစည်းအဝေး ဘာကြောင့်တက်ရသ လဲ။ အဲဒီ တိုင်တန်ချက်ကို ရရချင်းပဲ အစည်အဝေး ကမက ထပြုလုပ်မည့် ခေါင်းဆောင်တွေကို ကျွန်တော်ခေါ်လိုက် တယ်။ ခေါ်ပြီး အစည်းအဝေးမှာ သူတို့    ချမှတ်မည့် ဆုံးဖြတ်ချက်တွေကို ယုံကြည် တယ်။ မပါသင့်တဲ့ စာကြောင်းအချို့ကို ပြင်တယ်။ ပြီးတော့မှ အစည်းအဝေး အပြီးမှာ ၁၂ ရက်နေ့ကလို မဖြစ်စေရပါဘူး  လို့ ဆိုတဲ့ ဂတိကိုတောင်းတယ်။ သူတို့လည်း ကတိပေးကြတယ်။ ဒီ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးလျှင် ပြီးခြင်း မတ်လ ၁၂ ရက်နေ့ကလို အဖြစ်အပျက်မျိုး ထပ်မဖြစ်ရအောင် အကာအကွယ် အစီ အစဉ်တွေ လုပ်ပြီးပြီးလားလို့ ဦးအောင်ချိန် ကို ကျွန်တော် ခေါ်မေးပါတယ်။  လုပ်ပြီးတဲ့ အကြောင်း  ဦးအောင်ချိန်က ပြန်ပြောပါ တယ်။ သေချာသည်ထက် သေချာအောင် စိတ်ချရပါ မည်လားလို့ ကျွန်တော်က တစ်ကြိမ်နှစ်ကြိမ် ထပ်ပြီး မေးပါသေးတယ် စိတ်ချရပါတယ်လို့ ဦးအောင်ချိန်က ပြန် ပြောပါတယ်။ အဲဒီလောက်အထိ တစ်ဖက် ကပြင်ဆင် ထားပါတယ်။ ဒီလိုဆိုရင် အစည်းအဝေးကို ဘာကြောင့် တက်ရ သလဲလို့ မေးစရာ ရှိပါတယ်။ မတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့ တဲ့ ဒီအစည်းအဝေးကို ကျွန်တော် သွားတက်တာက အမှန်စင်စစ် ကျွန်တော့် ကို ဖိတ်တာမဟုတ်ပါဘူး။ ကျွန်တော် လာပြီး စကားပြောမည်လို့ အကြောင်း ကြားပြီး ကျွန်တော် သွားပြော တာပါ။ ပြောတော့ကော ဘာတွေပြော သလဲ။ စက်တွေရိုက်ချိုးတာ မှန်တယ်လို့ ပြောသလား။ မပြောပါဘူး။ ပြောတာရဲ့ အချုပ်က တောင်သူလယ်သမား ခေါင်း ဆောင်တွေကို တာဝန်မဲ့ ဥပဒေလက်လွတ်ရေးသားနေတဲ့ သတင်းစာတွေ ကို ဥပဒေအရ အရေးယူဖို့ ကျွန်တော် အစည်းအဝေးမှ လူထုကြီးကို ကတိပေး တယ်။ ကျွန်တော် ကတိပေးသလို အစည်းအဝေး လူထုကြီး ကလည်း မတ်လ ၁၂ ရက်နေ့က တာဝန်မဲ့ အဖြစ် အပျက်မျိုး မဖြစ်စေရပါဘူးလို့ ကျွန်တော်သွားမေးတာ အဲဒီစကားကို ကြည့်ခြင်းအားဖြင့် ဒီ အစည်းဝေး တက်တာဟာ စက်ရိုက်ချိုးတဲ့ တာဝန်မဲ့ ဥပဒေလက်လွတ်ပြုတဲ့ လူတွေ ကို (ပင်း) သို့မဟုတ်ဘဲ ဖြစ်လာမှလူတွေကို ဖမ်းလား ဆီးလားလုပ်ပြီး နှိမ်နင်းတာထက် မဖမ်းမ ဆီးရဘဲနှင့် အေးအေးဆေးဆေး တားဆီး နိုင်လျှင် တားဆီးရအောင်ဆိုတဲ့ သဘောနှင့် သွားတယ်ဆိုတာ ထင်ရှား ပါတယ်။
          ရိုက်ချိုးတဲ့ လူတွေဘက်က ကျွန်တော် (ပင်း) နေတယ်ဆိုတဲ့ စွပ်စွဲ ချက်ဟာ တကယ်မှန်မယ်ဆိုရင် ဒီကိစ်္စမှာ အမှန်ဘဲ လွှတ်တော်ရဲ့ ထင်မြင်ချက်ကို ရယူအပ်တဲ့ ကိစ်္စဖြစ်ပါတယ်။ လွှတ်တော် ရဲ့ ထင်မြင်ချက်ကို ရယူရုံသာမက ကျွန်တော့်ကိုပါ အယုံအကြည် မရှိတဲ့ အဆိုကို တင်သွင်းသင့်ပါတယ်။ ဘာဖြစ် လို့လည်းဆိုရင် တရားဥပဒေအရ တိတိ ကျကျမလုပ်ဘဲ တာဝန်မဲ့ ဥပဒေ လက်လွတ်လုပ်တဲ့ လူတွေကို (ပင်း) နေတဲ့ လူတစ်ယောက်ဟာ တရာ သဖြင့် အုပ်ချုပ်လိုတဲ့ ဘယ်နိုင်ငံမှာမဆို ၀န်ကြီး ချုပ် မဖြစ်သင့်ပါဘူး။ အဲဒီတော့ ကျွန်တော်ဟာ စက်တွေရိုက်ချိုးနေတဲ့ လူတွေဘက်က တိုက်ရိုက် သော်လည်း ကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ (ပင်း) နေတယ်ဆိုတာကို အနည်းငယ် မျှသံသယ ကလေးပင် ရှိနေကြရင် ဖဆပလ အပြင်ဘက်က အမတ်တွေ သာမကဘူး ဖဆပလ အမတ်များ ကိုယ်တိုင်က ခေါင်းဆောင်ပြီး ကျွန်တော့် ကို ဖြုတ်ချကြရန် ကျွန်တော် လေးလေး နက်နက် တိုက်တွန်းပါတယ်။ (သြဘာ သံများ)
ဆက်လက်ဖော်ပြပါမည်။
ဘိရမာ ၀ါးတားဂိတ် အပိုင်း (4) စာသား PDF ဖိုင်ယူရန် Click
No comments:
Post a Comment