Wednesday, June 6, 2012
ဘိရမာ ၀ါးတားဂိတ်
အိုးဝေဦးညိုမြ (ကိုယ်ရေးအကျဉ်း)
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၃ ၇ နှစ်က ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပွားခဲ့သော အစိုးရနှင့် သတင်းစာများ ထိပ်တိုက်တွေ့ ပွဲကြီး ပွဲကောင်းတစ်ခု အကြောင်းကို ထိုစဉ်က ကာယကံရှင် တစ်ဦးဖြစ်သူ သတင်းစာဆရာကြီး အိုးဝေဦးညိုမြ (၁၉၁၄-၁၉၈၅) ၏  မှတ်တမ်းတင်ချက်
အကြံခက် လေသနော်
သံလျက်တော်ယူသည့် သူခိုးရယ်ကြောင့်
သူ၏အမည်ကို ထုတ်ဖော်မပြောပါရ စေနှင့်
ဓားဂုတ်ပေါ်မှာ ၀ဲ ...
ဤကား ပဒကုသလ, ဇာတ်မှ ငိုချင်း တစ်ပိုင်းတစ်စ ဖြစ်ပါသည်။ ဇာတ်ဆရာ ဦးဘိုးစိန်ကြီး၏ နာမည်ကျော် လူကြိုက် များသော ဇာတ်ထုတ်တစ်ခုပါပေ။ ထိုကြောင့်လည်း (ဓားဂှတ်ပေါ်မှာဝဲ) ဟူသော အသုံးအနှုန်းမှာ (ပြောပြန်ရင် လည်း အောင်မင်းလွန်ရာကျမယ်) ဟူ သော စိန်အောင်မင်း ဆိုသံကဲ့သို့ မြန်မာတို့ နှုတ်ဖျားတွင် စကားပုံသဖွယ် စွဲမြဲနေပါ သည်။       
        ပဒကုသလဇာတ်လမ်း အတိုချုပ်မှာ ရှင်ဘုရင်က ပဒကုသလ၏ ဇနီးကို မျက်စိကျနေလေသည်။ ထိုကြောင့် လင်ဖြစ်သူကို အကြောင်းရှာ၍ ချုပ်နှောင် ဖမ်းဆီးပြီးလျှင် မယားကို အပိုင်စီးရန် ကြံစည်၏။ ရှင်ဘုရင်က သူ၏ သံလျက် တော်ကို သူကိုယ်တိုင် ကျောက်ဖျာအောက် တွင် ၀ှက်ထားပြီးနောက် သံလျက်တော် ပျောက်ဆုံးကြောင်း ကြေညာ၏၊ အမတ် သုခမိန် ပဒကုသလအား ဤအမှုကို ပြေလည်အောင် စီရင်ထုတ်ဖော်ပေးရန် အမိန့်တော်ရှိ၏။ ပဒကုသလကား မဟော်သဓာကဲ့သို့ ထူးခြားသော ပါရမီရှင် တစ်ဦးဖြစ်၏။ သူတစ်ပါး၏ လျှို့ဝှက်ကြံစည် လုပ်ဆောင်မှုများကို ထိုးထွင်း သိမြင်နိုင် သော အစွမ်းရှိ၏။ ထိုကြောင့် ဤကိစ်္စတွင် ခေါင်က မိုးမလုံဘဲ ရှင်ဘုရင်ကိုယ်တိုင် သူတစ်ပါး၏ သားမယားကို ပြစ်မှား လွန်ကျူးလို၍ တမင်လိမ်လည် အကွက် ဆင်သော အမှုဖြစ်စေကြောင်း ကောင်းစွာ သိမြင်လေသည်။
        သို့ဖြစ်ရာ ပဒကုသလအဖို့ ဤအမှု ကို မဖော်လည်းခက် ဖော်လည်းခက် ဖြစ်နေ၏။ မဖော်ပါက မိမိမှာ သုခမိန် တစ်ပါးဖြစ်ပါလျက် ပေါ့လျော့ညံ့ဖျင်း ရပါမည်လားဟု ရာဇဒဏ်ခတ်မည် မလွဲ။ ဖော်ပြန်လျှင်လည်း သံလျက်တော်ကို ခိုးသူမှာ အခြားမဟုတ်ဘဲ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်တော်မူသော (၀ါ) မင်းကျင့် တရား ၁၀ ပါးနှင့်အညီ ကျင့်သုံးပါမည်ဟု သစ်္စာပြု အဘိသိက် ခံယူခဲ့သော ဘ၀ ရှင်မင်းတရာကြီး ကိုယ်တိုင် အပြစ်ရှိ ကြောင်း ထင်ရှားနေ၏။ အမှန်အတိုင်း ပြောဆိုထုတ်ဖော်ပါကလည်း ရာဇ၀တ် သင့်မည် သေချာ၏။ ဤတွင် ပဒကုသလ က အထက်ပါ ငိုချင်းဖြင့် ညီးတွားမိခြင်း ဖြစ်လေသည်။
        ပဒကုသလဇာတ်မှာ နိပါတ်တော်လာ ဇာတ်ထုပ်တစ်ခုဖြစ်၍ ရှေးဟောင်းပဒေ သရာဇ်ခေတ်နှင့် သက်ဆိုင်၏။ ထိုပ ဒေသရာဇ်ခေတ်တွင် ရှင်ဘုရင်များ ကိုယ်တိုင်လည်း ခေါင်မိုး မလုံခြင်း၊ အာဏာပိုင်များ ကိုယ်တိုင် တရားဥပဒေ ကို ချိုးဖောက်ခြင်းများ ပြုကျင့်တတ်ပုံကို ထင်ရှားစေပေသည်။
        ဤဆောင်းပါး၏ ခေါင်းစဉ်မှာ (ဘိရမာဝါတားဂိတ်)ဟု ဆိုထားရာ ပဒကုသလနှင့်။ ဘာဆိုင်သလဲဟု မေးဖွယ်ရှိ၏။ ဘိရမာနှင့် ၀ါးတားဂိတ် ဟူသော ဝေါဟာရတို့၏ အနက်အဓိပ်္ပာယ် ကိုလည်း ရှင်းရန်လို၏။
        (ဘိရမာ) ဆိုသည်မှာ စစ်ကြီး အတွင်းက မြန်မာပြည်ကို ၀င်ရောက် စိုးမိုးခဲ့သော ဂျပန်တို့က ဗမာများကို ဘိရမာဟု မပီမသ-ဂွကျတတ ခေါ်ဆိုခဲ့ ခြင်းဖြစ်၏။
        (၀ါတားဂိတ်) ဆိုသည်မှာ အမေရိကန်ပြည် ၀ါရှင်တန်မြို့တော်ရှိ မိုးပျံ တိုက်ကြီးတစ်ခု၏ အမည်ဖြစ်၏။ အထပ် ပေါင်းများစွာရှိလျက် အလွန်လည်းကျယ်ပြန့်၏။ ဥပမာအားဖြင့် ရန်ကုန်မြို့ရှိ ခြောက်ထပ်ရုံးကြီး၏ ခြောက်ဆမျှရှိ ပေမည်။ ၀ါတားဂိတ်အရပ်တွင် တည်ရှိ လေသည်။ (၀ါတား) ဆိုသည်မှာ ရေ။ (ဂိတ်) ဆိုသည်မှာ အပေါက်။ ထိုကြောင့် ရေပေါက်ရှိရာအရပ်ဟု အဓိပ်္ပာယ်ရလေ သည်။ ဥပမာဆိုသော် ပုဇွန်တောင်ရပ် မြောင်းကြီးလမ်းမှ တိုက်တန်းလျားကြီး စသည်ဖြင့် ဆိုလိုခြင်းပင်။
        ဆင်တံဆိပ်ပါတီက ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့၍ သမတနစ်ဆင်က အိမ်ဖြူတော်သို့ ရောက်ရှိ အာဏာရရှိ နေချိန်တွင် အတိုက်အခံ မြင်းပျံတံဆိပ် သမားတို့မှာ ရာထူးလက်မဲ့ ဖြစ်ကာ ၀ါတားဂိတ်တိုက်ကြီးတွင် အခန်းငှားကာ ဌာနချုပ် ဖွင့်လှစ်ထားခြင်း ဖြစ်လေသည်။
        ၁၉၇၂ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပခါနီးတွင် ထိုဝါတားဂိတ်တိုက်ခန်း ရှိ အတိုက်အခံ ရုံးခန်းကို လူဆိုးများက ညအချိန်၌ ဖောက်ထွင်းကြလေသည်။ ရုံးခန်ရှိ ဗီရို၊ စားပွဲ စသည်တို့ကို မွှေနှောက် ကာ လျှို့ဝှက်သော ပါတီ စာရွက်စာတမ်း  များကို ခိုးယူကြလေသည်၊ သို့သော် သူခိုးတို့က လက်နှိပ်ဓာတ်မီး တ၀င့်ဝင့် ဖြင့်  မွှေနှောက်ဆဲမှာပင် ရဲအဖွဲ့ဝင်များ  ရောက်ရှိလာပြီး လူဆိုး ၅ ဦးစလုံးကို ဖမ်းမိလေသည်။ ထိုသူတို့မှာ သာမန် သူခိုးဓားပြများ မဟုတ်ဘဲ အမေရိကန် သမ်္မတ၏ အိမ်ဖြူတော်မှ ခိုင်းစေချက်အရ ပြစ်မှုကျူးလွန်သူများ ဖြစ်ကြောင်း သိရှိ ရလေသည်။
        ဤတွင် အမေရိကန်တစ်ပြည်လုံး မျက်လုံးပြူးကာ ပွက်လောရိုက်ကုန်ကြ တော့သည်။ အမှိုက်ကစ၍ ပြာသာဒ် မီးလောင်တော့သည်။ ဤ၀ါတားဂိတ် အမှုမှာ သာမန်ဖောက်ထွင်းမှုမျိုး မဟုတ် ဘဲ ပဒကုသလဇာတ်၌ (သြော် .. သူခိုး ကလည်း မျက်နှာကြီးပေမို့) ဆိုသကဲ့သို့ ဖြစ်နေလေသည်။
        အမေရိကန်ပြည်၌ ၄ နှစ်တစ်ကြိမ် သမ်္မတ ရွေးကောက်ပွဲ ပြုလုပ်လေ့ရှိရာ သမ်္မတ နှစ်ဆင်မှာ ၁၉၆၀ ခု ရွေးပွဲ၌ အနိုင်ရခဲ့သူဖြစ်၏။ ၁၉၇၂ ခု ရွေးကောက်ပွဲ ၌ မီးကုန်ယမ်းကုန် ကြဲကြရာတွင် အာဏာလက်ရှိ အစိုးရပါတီက တရား လက်လွတ် ဖြစ်လေတော့သည်။ (တရား ဥပဒေစိုးမိုးရေး) ဟုတဖွဖွ ၀ါဒဖြန့်နေသူ များပင် ဤ၀ါတားဂိတ် ဖောက်ထွင်းမှု ဖြင့် တရားဥပဒေကို ချိုးဖောက်ပြသကဲ့သို့ ဖြစ်ချေသည်။ အာဏာလက်ရှိများက အာဏာမူးယစ်ကာ အာဏာလက်မဲ့များ အပေါ်တွင် အနိုင်ကျင့်ခြင်း ဖြစ်၍လည်း ပို၍ အရုပ်ဆိုးလေသည်။
        ဖက်ဆစ်နိုင်ငံ၊ အာဏာရှင် နိုင်ငံများ အဖို့ ဤအဖြစ်မျိုးမှာ မဆန်းသော်လည်း (က်္ဘာပေါ်တွင် စစ်မှန်သော ဒီမိုကရေစီ ၀ါဒ ထွန်းလင်းရာ အမေရိကန်ပြည်ထောင်စု  ကြီး) ဟု တဖွဖွဝါကြွား လေ့ရှိသော မောင်ကန်တို့အတွက် ဤကိစ်္စမှာ ဧရာမ ရှက်ဖွယ်ကြီး ဖြစ်နေ၏။
        ဤတွင် (လွတ်လပ်စွာ ဝေဖန်ရေး သားခွင့်) ဟူသော အခြေခံစည်းမျဉ်း၌ ပါရှိသည့် ပြည်သူ့အခွင့်အရေးလို သတင်း စာများက အပြည့်အ၀ ကျင့်သုံးကာ နစ်ဆင်အစိုးရ လုပ်သမျှကို အလစ်မပေး ဘဲ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရေးသား ကြကုန်၏။ (တရားဥပဒေ စိုးမိုးရေး) ကို နိုင်ငံရေးသမားများက-ကပျက် ယပျက် လုပ်စေကာမူ တရားသူကြီးများက အလျှော့မပေးဘဲ တည်ကြည် တည့်မတ် စွာ စစ်ဆေးစီရင်ကြလေသည်။
        ၂ နှစ်ကြာမျှ ဂယက်ရိုက်ခဲ့ပြီးနောက် သမ်္မတနစ်ဆင် ကိုယ်တိုင် မကြုံစဖူး ရာထူးမှ နုတ်ထွက်ပေးခဲ့ရလေသည်။ သူ၏ အပေါင်းပါ ၀န်ကြီး- အရာရှိများနှင့် တကွ ၀ါတားဂိတ် တရားခံပေါင်း ၂၀ ကျော်တို့မှာ အပြစ်ဒဏ် အသီးသီး ခံယူ ကြရပေသည်။
        ဤကား အမေရိကန် ၀ါတားဂိတ် အမှုကြီး၏ ဖြစ်ရပ်အတိုချုပ်ပေတည်း။
        (ဘိရမာဝါးတားဂိတ်) ဟုဆိုရာတွင် မြန်မာပြည်၌လည်း အလားတူ ၀ါတား ဂိတ်အမှုမျိုး ပေါ်ပေါက်ခဲ့ပုံကို တင်ပြလို၍ ဖြစ်ပေသည်။
        မြန်မာပြည်သည် တိုင်းပြည်အနေဖြင့် သေးငယ်သော်လည်း အမေရိကန်ပြည် ထက် ၀ါရင့်၏။ မြန်မာပြည်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က တကောင်း အဘိရာဇာတို့က စတင်ထူထောင်ခဲ့သည်။ အမေရိကန်ပြည်ကား ပေါ်ပေါက်ခဲ့သည် မှာ နှစ်ပေါင်း ၂၀၀ ပင် မပြည့်တတ်သေး ပေ။ အမရပူရမြို့တော်၌ ထီးနန်းစံသူ ဘိုးတော်ဘုရားနှင့် ထီးပြိုင် နန်းပြိုင် ဖြစ်သော သမ်္မတ၀ါရှင်တန်လက်ထက်၌ သာလျှင် အမေရိကန်ပြည် ပေါ်ပေါက်ခဲ့ ခြင်း ဖြစ်၏။
        (ဘီရမာဝါးတားဂိတ်) ဆိုသည်မှာ အခြားမဟုတ်။ ၁၉၄၈ ခု မြန်မာပြည် လွတ်လပ်ရေးရပြီးခါစ အချိန်တွင် အာဏာ ရအစိုးရပါတီဖြစ်သော ဖဆပလအဖွဲ့ဝင် များ ကိုယ်တိုင် သတင်းစာတိုက်များကို ၀င်ရောက်ရိုက်ချိုးကြသော သမိုင်းဝင်  ဟိုးလေးတကျော် အမှုကြီးပင် ဖြစ်ပါသည်။
        ဂိမ်္တရာသီဟူသော နွေခေါင်ခေါင် တွင် ရန်ကုန်မြို့တော်၌ ၁၉၄၈ ခု မတ်လ ၁၂၊ နေ့ နံနက်ခင်းတွင် ချမ်းစိမ့်စိမ့် ဖြစ်နေ ၏။ ထိုဆီးနှင်းများ အကြားမှ ရွှေမြို့တော် အထက်တန်းလွှာများသည် သမ်္မတ အိမ်တော်ပွဲသို့ ကားတ၀ီဝီနှင့် သုတ်ခြေ တင်နေကြ၏ဟု မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြပါရှိ၏။
        နံနက် ၁၀ နာရီခွဲ အချိန် ရာဇပလ်္လင် အပ်နှင်းပွဲရှိ၏။ ဘုရင်ခံချုပ် မောင့်ဘတ် တန်  ဇနီးမောင်နှံတို့သည် မြန်မာပြည်မှ အင်္ဂလိပ်တို့ သိမ်းယူခဲ့သော ရာဇပလ်္လင်ကို လွတ်လပ်သော ခေတ်၏ လက်ဆောင် အဖြစ် သမ်္မတကြီး စပ်ရွှေသိုက်၏ လက် ပြန်လည် အပ်နှံပွဲဖြစ်၏။  ဘုရင်ခံချုပ် မောင့်ဘတ်တန်က မိမိသည် ဂျပန်တို့ကို မြန်မာနယ်မြေမှ မောင်းထုတ် ပြီးခါစ စစ်ပြီးချိန်က ဤခန်းမကြီးသို့ ပထမ အကြိမ် အောင်ပွဲဆင်ရန် ရောက်ရှိခဲ့ပြီး ယခုတစ်ဖန် မြန်မာ့ပလ်္လင်တော်ကို အခမ်း အနားနှင့် အပ်နှင်းခွင့် ရရှိပြန်ရာ နှစ်ကြိမ် စလုံးပင် မင်္ဂလာရှိသော ကိစ်္စများဖြစ်သော ကြောင့် အထူးဝမ်းသာသည် ဆို၏။
        ထိုအချိန်၌ပင် အမင်္ဂလာပွဲတစ်ခုကား ရန်ကုန်မြို့လယ်ကောင်၌စင်ပြိုင်ကျင်းပ နေသည်ကို မောင့်ဘက်တင်တို့ မသိကြ စေကာမူ ထိုအိမ်တော်ပွဲ ပရိတ်သတ်၌ ခေါင်းပေါင်း စတလူလူနှင့် တောက်ပြောင် စွာ ပါဝင်ဆင်နွှဲနေကြသော ဆိုရှယ်လစ် ၀န်ကြီးများ ကြိုတင်သိရှိကြပြီး ဖြစ်၏။ ယမန်နေ့က လျှို့ဝှက်ပါတီစည်းဝေးပွဲတွင် သူတို့ကိုယ်တိုင် စီစဉ်ဆုံးဖြတ်ခွင့် ပြုခဲ့ပြီး မဟုတ်ပါလော။
        ထို အမင်္ဂလာကိစ်္စကို သတင်းစာ ဆရာများက တိုင်းပြည်သို့ ဖော်ပြရာတွင် (၁၉၄၈)ခု မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်မှစ၍ ဗန်္ဓုလပန်းခြံတွင် စည်းဝေးသော မြန်မာနိုင်ငံ တောင်သူ လယ်သမားအဖွဲ့၊ စီးပွား ကုန်သွယ်ရေး အဖွဲ့၊ လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ စသော ဆိုရှယ်လစ် အစည်းအရုံးဝင် လူထုအင်အားစုတို့ကို ထိုပါတီခေါင်း ဆောင်များက လှုံ့ဆော်ဦးဆောင်ကာ (၁) ဟစ်တိုင် (၂) အိုးဝေ စီးပွားရေး သတင်းစာတိုက်များသို့ ချီတက်ကာ လူစု လူဝေးနှင့် ၀င်ရောက်ဖျက်ဆီးကြ၏။ ဆန်္ဒပြဟန်နှင့် ထိုသို့ သတင်းစာတိုက်များ  ကို ဖက်ဆစ်ဆန်စွား တိုက်ခိုက်ရာတွင် ကိုယ်ထိလက်ရောက် ပါဝင်သူများကား (၁) ပါလီမန်အတွင်း ၀န်သခင်ချစ်မောင်၊ (၂) ပါလီမန် အမတ်သခင်လှကျွေ၊ (၃) သခင်ကြီးမြင့် ၀န်ကြီးသခင်တင်၏ အပါး တော်မြဲ။ (၄) အမတ်သခင်ကျော်ထွန်းနှင့် (၅) ကိုဦး ခင်-အမတ်-အင်းစိန်တို့ ပါဝင် ကြ၏။ ယင်းသို့ဖျက်ဆီးကြရာတွင် ပုံနှိပ် စက်များ စာစီခုံများ စားပွဲ၊ ကုလားထိုင် စသည်တို့ကို ကြေမွဲသွားအောင် ဖျက်ဆီး သွားရုံမက၊ ပုံနှိပ်တိုက် အလုပ်သမား အချို့ကို သွေးထွက်သံယို ဖြစ်စေခြင်း။ ပုံနှိပ်တိုက်များကို မီးရှို့ ရန်ကြိုးစားခြင်း၊ ပုံနှိပ် အလုပ်သမားပိုင် အ၀တ်အစားများ နှင့် ပိုင်ဆံကြေး ငွေများကို ယူသွားခြင်း စသည်တို့လည်း ပြုမူကြကြောင်း။
        ထိုမျှမက တိုင်းပြည် ငြိမ်ဝပ်ပိပြား ရေးနှင့် တိုင်းသူပြည်သားများ အခွင့်အရေး တို့ကို တမင်သက်သက် မတရားသော နည်းအားဖြင့် စော်ကား ဖောက်ဖျက် လုပ်ကြံခြင်းသည်၊ အာဏာကို သိမ်းပိုက် ထားသော ခေါင်းဆောင်တစ်စုက မိမိတို့ ၏ သိက်္ခာကို မထောက်ထားဘဲ ဟော့ရမ်း ခြင်းဖြစ်သည်။ ဤအချက်သည် တိုင်းပြည် တရားဥပဒေနှင့် ငြိမ်ဝပ် ပိပြားရေးကို ဖောက်ဖျက်သည်သာမက က်္ဘာ့တံတွေး ခွက်တွင် ပက်လက်မျောစေပြီး၊ ထိုသို့ ရိုင်းပြစွာ ပြုမူကြပြီးနောက် ကျူးလွန်ရာ တွင် ခေါင်းဆောင်သော သူများသည် မဖွယ်မရာ မဟုတ်မမှန် လုပ်ကြံလည် ဆယ်၍ တိုင်းပြည်အား သတင်းစာများ အပေါ်တွင် အထင်အမြင် မှားစေရန် ရည်ရွယ်ချက်ဖြင့် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တရားပွဲများ ပြုလုပ်ခြင်း၊ အသံလွှင့်ခြင်း၊ စသည်ဖြင့် ဒုတိယအကြိမ် မြောက် တိုင်းပြည်ကို ထပ်မံလှည့်စား၊ စော်ကားလိုက်ကြ လေပြီ။ ထိုကဲ့သို့ သတင်းစာတိုက် များအား အကြမ်းဖက်၍ ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးခြင်း ပြုနေစဉ် အချိန်တွင် ပြည်သူ့အသက် စည်းစိမ်ဥစ်္စာတို့ကို အသက်ပေး၍၊ ကာကွယ်ရန် ၀တ်္တရားရှိသော ဆိုင်ရာ ရဲဗမာအဖွဲ့ကို အချိန်မီ အဖန်တစ်လဲလဲ တိုင်တန်း အကူအညီ တောင်းသော်လည်း အသက်နှင့် ပစ်္စည်း ဥစ်္စာများကို ကာကွယ် ရန် ပျက်ကွက်ခဲ့ခြင်းမှာလည်း ၀မ်းနည်း ဖွယ်ပင် ဖြစ်ပေကြောင်း။
                သတင်းစာတိုက်များအား ဖျက်ဆီး စော်ကားသူများသည် မိမိတို့၏ ခေါင်း ဆောင်ကို ထိပါးရေးသားသည့် အတွက် သတင်းစာတိုက်များ အနီးသို့ ရောက်ခါ မှ ဒေါသအမျက်ကို မချုပ်တည်းနိုင်သဖြင့် အထက်ပါအတိုင်း လက်ရောက် ကျူးလွန် ခြင်းဖြစ်သည် ဆိုခြင်းမှာ ယုတိ္တမတန်ချေ။ အကြောင်းမူ ဗန်္ဓုလပန်းခြံတွင် ပြုလုပ် သော အစည်းအဝေး၌ပင် ခေါင်းဆောင် လုပ်သူများက ချ-ရဲလား၊ တိုက်ရဲလား၊ လူမိုက်ထွက်ခဲ့ စသည်ဖြင့် သွေးထိုးလှုပ် ဆော်ပေးခြင်းသည် လည်းကောင်း၊ ထိုလူထု၏ လက်ထဲတွင် လက်ပစ်ဗုံး၊ ရဲတင်း၊ သံတူနှင့် ဓားများပါ တစ်ပါတည်း အစကပင် အသင့်ယူဆောင်လာကြခြင်း သည် လည်းကောင်း၊ လက်နက်အချို့မှာ ဖျက်ဆီးခံရသော သတင်းစာတိုက်များ တွင် ကျန်ရစ်ခဲ့ခြင်းသည် လည်းကောင်း၊ ထောက်ရှု၍ ဤအချက်များမှာ ကြိုတင် စီစဉ်လာသော လုပ်ကြံမှုကြီး ဖြစ်ကြောင်း ထင်ရှားသည်။ (ဆက်လက်ဖော်ပြပါမည်။)
 (မြန်မာ့အလင်း - ၁၄-၃-၄၈)
  ပြည်သူ့ခေတ်ဂျာနယ် မှ ကူးယူဖော်ပြပါသည်။
ဘိရမာဝါးတားဂိPDF စာအုပ် Download ယူရန် ဒီနေရာမှာ Click
Adobe Reader Software Download ယူရန် ဒီနေရာမှာ Click
No comments:
Post a Comment