Monday, June 11, 2012
ဘိရမာ ၀ါတားဂိတ်- အပိုင်း ၂
အိုးဝေဦးညိုမြ
တချိန်တည်း ဖြစ်ပွားသော ပလ္လင်အပ်ပွဲ နှင့် သတင်းစာ ရိုက်ချိုးပွဲ အခမ်းအနား ကို မည်သို့ ဆက်စပ်ယူမည်နည်း။ မဇ္ဈိမ ယဉ်ကျေးမှု သမိုင်း၌ ကျွမ်းကျင်သူ ဦးရီး သော်ဇင်နှင့် ဦးပါရဂူတို့ အနေဖြင့် ထုံး ဟောင်း သာဓကများကို ဖော်ထုတ်ကာ အလွယ်တကူ ဆက်စပ် အဓိပ္ပာယ် ကောက်ယူပေမည်။ ထို ဆရာကြီးများက ပလ္လင်သမိုင်းနှင့် ပတ်သက်သော ဆောင်း ပါးများ ရေးသားရာတွင် ရှေးက (၀ိတရ ရာမိဒိတျ) ခေါ် မင်းတရားကြီး လက်ထက် တွင် ရာဇပလ္လင်နှင့် ထိုက်တန်သော အရည်အချင်းများကို ဖော်ပြပါရှိလေသည်။ အကြင်သူသည် ကာယဗလ၊ ညာဏဗလ အပေါင်းတို့နှင့် ပြည့်စုံကြောင်း အပွဲပွဲ၌ ဆင်နွှဲ ထင်ရှား စေနိုင်မှသာလျှင် မင်းကောင်း မင်းမြတ်တို့၏ နေရာဖြစ်သော ပလ္လင်နှင့် ထိုက်တန်ကြောင်း ပလ္လင်ကို စောင့်သော နတ်များ၊ ခြင်္သေ့၊ ဟင်္သာ စသော သတ်္တ၀ါများက မထိုက်တန်သူများ ကို လက်ခံမကြောင်းများ ပါရှိ၏။ နိပါတ် တော်တို့၌ ထီးဖြူစောင့်နတ်တို့က မင်း ဧကရာဇ်တို့ကို မှန်လျှင်မှန်သလို ကိုယ် ထင်ပြ၍ ချီးကြူးထောမနာပုံများ ပါရှိ၏။ ပလ်္လင်၌ မထိုက်သူများကို နန်းစောင့် ကျောက်ရုပ်များက ရိုက်ပုတ် ဖယ်ရှားပုံ များလည်း ပုဂံရာဇ၀င်၌လာရှိ၏။
    သို့လျှင် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ တစ်နေရာ၌ အင်္ဂလိပ် ဘုရင်ခံ ချုပ်က လွတ်လပ်သော ခေတ်သစ်၌ တစ်ချိန်က မြန်မာတို့၏ အချုပ်အချာ အာဏာပိုင် အထိမ်းအမှတ်ဖြစ်သော ပလ်္လင်တော်ကို ပြန်လည် ပေးပို့အပ်နှံချိန် တွင် ဖဆပလ အာဏာပိုင်တို့၏ တမန် တော်များက ထိုနေ့ထိုအချိန်၌ပင် ရန်ကုန် မြို့ အခြားတစ်နေရာ၌ သတင်းစာတိုက် များကို ၀င်ရောက် ရိုက်ချိုးပြသခြင်းအား ဖြင့် ထိုပလ်္လင်နှင့် အလျဉ်း မထိုက်တန် ကြောင်းကို သူတို့ကိုယ်တိုင် သရုပ်ဖော် သကဲ့သို့ရှိနေပေသည်။
ဖဆပလ အစိုးရလက်ထက် (၁၉၅၂-၅၅) ဝန်ကြီးချုပ်ဦးနု နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
    သခင်နုက ၀န်ကြီးချုပ် အနေဖြင့် တိုင်းပြည်ပြု လွှတ်တော်၌ ထိုကိစ္စကို ရှင်းလင်းပြောပြသည်မှာ-
    မတ်လ ၁၂ ရက်နေ့တုန်းက စက် တွေကို ရိုက်ချိုးနေချိန်မှာ ကျွန်တော်ဟာ  မောင့်ဘက်တန် ဂုဏ်ပြုပွဲမှာ ရှိနေပါတယ်။ ဒီအကြောင်းကို အိမ်အပြန် မော်တော် ကားပေါ်မှာ ဒရိုင်ဘာက ပြောလို့ သိရပါ တယ်။ အဲဒါနဲ့ အိမ်ကို ပြန်ရောက် ရောက် ချင်း ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း ကို တယ်လီဖုန်းဆက်ပြီး မေးပါတယ်၊ ညနေ ၃ နာရီခွဲလောက်မှာ ဦးကျော်ငြိမ်း ကျွန်တော်ဆီကို ရောက်လာပြီး အိုးဝေ စီးပွားရေး ဟစ်တိုင် သတင်းစာတိုက် သုံးတိုက်ရှိ စက်တွေ ရိုက်ချိုးတဲ့အကြောင်း ပြောပြပါတယ်။
    ကျွန်တော်လည်း ညနေ ၄ နာရီမှာ မောင့်ဘက်တန် ဧည့်ခံပွဲတစ်ခုကို တက်စ ရာ ရှိသေးလို့ ဦးကျော်ငြိမ်းနှင့် စကားကြာ ကြာ မပြောနိုင်ဘဲ ဦးကျော်ငြိမ်း အစီရင် ခံတာကို နားထောင်ပြီး (အခြား သတင်း စာတိုက်တွေကိုလည်း ဒီ မီးမကူးအောင် အကာအကွယ် လုပ်ပြီးပြီလား၊ မလုပ်ရ သေးရင် ချက်ချင်းလုပ်ထားလိုက်ပါ) လို့ ပြောပြီး ဧည်ခံပွဲကို ထွက်ခဲ့ပါတယ်။ ဧည်ခံပွဲ အပြီးမှာ အိမ်ကိုပြန်ပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ခုကို အဲဒီနေ့ ညမှာပဲ အသံလွှင့်ဖို့ ချက်ချင်း ရေးရပါ တယ်။
    ဒီ အသင့်လွှင့်ချက်ရဲ့ လိုရင်းအချက် ကတော့ အခြား မဟုတ်ပါဘူး။ သတင်းစာ အချို့ တာဝန်မဲ့ ဥပဒေ လက်လွတ်ရေး သားနေတာကို ကျွန်တော် သိပါတယ်။ ထိထိရောက်ရောက် အရေးယူပါမယ်။  အဲဒီ တာဝန်မဲ့ ရေးသားနေတဲ့ သတင်းစာ တွေကို တာဝန်မဲ့ ဥပဒေ လက်လွတ် ၀င်ရောက်ကျူးလွန် ပြုကျင့်တာကိုလည်း ကျွန်တော် သိပါတယ်။ ထိထိရောက် ရောက် အရေးယူပါမယ်။  ဒီလို တာဝန်မဲ့ ဥပဒေ လက်လွတ်ပြုကျင့် တဲ့ လူတွေဟာ ဖဆပလကို အားပေး ထောက်ခံတဲ့ လူတွေ ဖြစ်စေကာမူ မတတ်နိုင်ဘူး။ အရေးယူရ မှာပဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ဖဆပလ ထောက်ခံသူများအဖို့ ဥပဒေ တစ်မျိုး၊ မထောက်ခံသူများအဖို့ ဥပဒေ တစ်မျိုး ဆိုပြီး ဥပဒေနှစ်မျိုး မရှိဘူး၊ အဲဒါကြောင့် တာဝန်မဲ့ ဥပဒေပြုကျင့်တဲ့ လူတွေမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တိတိ ကျကျ အရေးယူရန် ဆိုင်ရာကို ဩန်ကြား လိုက်ပြီးပါပြီလို့ အသံလွှင့် ပြောကြားခဲ့ပါ တယ်။
    အသံလွှင့်ရုံကို မသွားမီကလေးတင် ပဲ တာဝန်မဲ့ ဥပဒေလက်လွတ် ပြုကျင့်သူ များကို ထိထိရောက်ရောက် အရေးယူဖို့ အမိန့်စာ တစောင်ရေးပြီး ကျွန်တော်ရဲ့ ပါလီမန် အတွင်းဝန်ဦးအုံး ကိုယ်တိုင် ဦးကျော်ငြိမ်းထံ သွားပို့စေပါတယ်။
    မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ခွဲတွင် သတင်းစာအသင်း၊ သတင်းထောက် အသင်း၊ စာရေးဆရာ အသင်း၊ ပုံနှိပ် ထုတ်ဝေသူများ အသင်းဟူသော အသင်း  ၄ သင်းပေါင်း ကိုယ်စားလှယ်များက ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းနှင့် သွားရောက် တွေ့ဆုံကြ၏။ ထို ကိုယ်စား လှယ်တို့မှာ (၁) ဦးထွန်းဖေ (ဥက်္ကဋ္ဌ)။ (၂) ဦးစောဦး-ဟစ်တိုင် (၃) ဦးညိုမြ- အိုးဝေ။(၄) ဦးထွန်းစိန်- စီးပွားရေး။ (၅) တိုးတက်ရေး ဦးစိန်။ (၆) ဦးရှိန်မြင့်နှင့် (၇) ဦးအုံးဖေ အတွင်းရေးမှူးတို့ ဖြစ်ကြ သည်။ တောင်းဆိုချက်များကို တင်ပြရာ တွင်-
    ၁။ သတင်းစာတိုက်များကို ၀င် ရောက် ဖျက်ဆီးသော နိုင်ငံရေး ခေါင်းဆောင်များကို ပြင်းထန်စွာ အရေး ယူရန်။
    ၂။ ပျက်စီးသော သတင်းစာတိုက် များသို့ အစိုးရက လျော်ကြေးပေးရန်၊ ထို လျော်ကြေးမပေးမီ လောလောဆယ် အားဖြင့် ထောက်ပံ့ကြေး ထုတ်ပေးရန်။
    ၃။ ဖျက်ဆီးရာတွင် ပါဝင်သည့်  အစည်းအရုံးတို့ကို မတရားသင်း ကြေညာ ပေးရန်။
    ၄။ ဗန်္ဓုလပန်းခြံ စည်းဝေးပွဲ၌ လူထု ကို လှုံ့ဆော်ကာ မတရားသဖြင့် ပြုမှုစေ သော အစိုးရ အရာရှိဖြစ်သူ သခင် ချစ်မောင်နှင့် သခင်လှကျွေတို့ကို ချက်ချင်း အရေးယူရန်။
    ၅။ ဤတိုက်ခိုက်မှုနှင့် ပတ်သက် သော ကိစ္စအ၀၀ကို အရေးယူရန် အစိုးရ ကိုယ်စားလှယ် သုံးဦး။ သတင်းစာ ကိုယ် စားလှယ် သုံးဦး ပါဝင်သော ခုံရုံးတစ်ခု ဖွဲ့ ပေးရန်။
    အထက်ပါ လက်ငင်း အလိုရှိသော တောင်းဆိုချက် ၅ ခုအပြင် မူအားဖြင့် လိုအပ်သော တောင်းဆိုချက် ၂ ခုမှာ အောက်ပါအတိုင်း ဖြစ်၏။
    (က) ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ် ပုံ ဥပဒေတွင် ပါဝင်သည့် လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ပြုမည်ဆိုသော ကတိကို လိုက်နာဆောင်ရွက်သော အား ဖြင့် လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ကို အစိုးရသည် ရိုသေကြောင်း ကြေငြာချက် တစ်ရပ်ကို အမြန်ဆုံး ထုတ်ပြန်ကြေညာ ရန်။
    (ခ) ပုံနှိပ်တိုက်များကို မတရား နှောင့်ယှက် ဖျက်ဆီးမှုများမှ အစိုးရက ကာကွယ်ပေးရန်။ ထို ကာကွယ်မှုကို အခြားသူများထက် ကြိုတင်၍ ဦးစွာ ကာကွယ်ပေးရန်။
    ပုဂံ ရာဇ၀င်တွင် နရသူသည် ထီးနန်း မက်မော၍ ခမည်းတော် အလောင်းစည် သူကို နာမကျန်းရှိစဉ် ခေါင်းအုံးနှင့် ဖိသတ် ၏။ ထို့နောက် သူ့ထက်ကြီးသော မင်း ရှင်စော ရှိနေသေးရာ ထိုနောင်တော်ကို နန်းတင်ပါမည်ဟု ကတိပြုပြီးမှ အဆိပ် ခတ်သတ်ပြန်လေသည်။ ဤတွင် ဆရာ တော် ပန့်သကူမထေရ်က သူ့အားများစွာ  စက်ဆုပ်လျက် ခွေးပြောဝက်ပြော ရှုတ်ချ ပြီးနောက် သီဟိုဠ်သို့ ကြွမြန်းတော်မှုလေ သည်။ မင်းကျင့်တရား ၁၀ ပါးကို ရှင်ဘုရင် ကိုယ်တိုင်က ဖောက်ဖျက်ကျူးလွန်နေ သောအခါ ထိုတိုင်းပြည်သည် အသို့လျှင် နေချင်စဖွယ် ရှိတော့အံ့နည်း။
    ဦးထွန်းဖေသည် ၀ါရင့်သော သတင်း စာဆရာ ဖြစ်သောကြောင့် ရာဇ၀င်၌ မွေ့လျော်သူ ဖြစ်၏။ ဤ တိုင်းပြည်သည် အရိုင်းအစိုင်း မဟုတ်ဘဲ သမိုင်းအမွေ အနှစ်တို့နှင့် ပြည့်စုံ၏။ ဗုဒ္ဓယဉ်ကျေးမှု လည်း ထွန်းကားရာဖြစ်၏။ အယ်ဒီတာ တစ်ဦးအနေဖြင့် မိမိ၏ အတိတ်၊ ပစ်္စုပ္ပန်၊ အနာဂတ်တို့ကို အမြဲ သုံးသပ်ဆင်ခြင်ရေး သားမှသာလျှင် လူရိုသေမှု ရှိနိုင်လေ သည်။ သတင်းစာ ဆရာများထက် နိုင်ငံ ရေး ခေါင်းဆောင်များက ပို၍ တာဝန်ရှိ သည် မဟုတ်ပါလော။ သူတို့လိုအပေါ် စီးရနေသူများ မသိမလိမ္မာသော အခါ အဘယ်မှာ ကောင်းနိုင်ပါတော့မည်နည်း။
    သတင်းစာ၌ ၀န်ကြီး တစ်ဦး၏ သတင်းဆိုး ပါရှိ၍ ထို သတင်းစာကို ရိုက်ချိုးရသလော။ သတင်းစာ ဆရာအဖို့ ထို သတင်းကို ထည့်ခြင်းထက် ထိန်ခြင်း က ပိုမိုမှန်ကန် ချီးကျူးသင့်သလော။
    ရှေးခေတ်က မင်းများ မင်းသားများ ကို အမတ်ကြီးများက ဝေဘန်ဆုံးမခြင်း မရှိခဲ့လျှင် များစွာ ဗဟုသုတ ပြည့်စုံသော လျှောက်ထုံး ကျမ်းစာ အမွေအနှစ်များ လည်း ရှိတော့မည်မဟုတ်။ ယခု ဒီမိုကရေစီ ခေတ်တွင် အာဏာပိုင် မင်းညီ မင်းသားတို့၏ နေရာကိုယူသော ၀န်ကြီး များကို သတင်းစာများက ဝေဖန်စိစစ်ခြင်း မပြုလျှင် မည်သူက ထိုတာဝန်ကိုယူမည် နည်း။ အခြေခံ စည်းမျဉ်းဥပဒေ၌ ပါရှိ သော လွတ်လပ်စွာ ရေးသားဝေဖန်ခွင့် ကို အခြား ဘယ်ပုံဘယ်နည်းဖြင့် အကောင်အထည် ဖော်မည်နည်း။
    ဘာမျှ မသိနည်းမလည်ဘဲ အသက် ဦးဆံပိုင်အနေဖြင့် ဟော့ရမ်း သော့သွမ်း သော ဘီးလူးဝင်စားသည့် နရသိဟပတေ့ မင်းကဲ့သို့ နောက်ဆုံးတွင် တိုင်းပြည်လည်း ပျက် သူလည်းတရုတ်ပြေးမင်း ဘ၀သို့ ရောက်ခဲ့ရသည့် ရာဇ၀င် သာဓကများကို ကျွန်ုပ်တို့သည် လွတ်လပ်သော ဤခေတ် တွင် ထပ်မံကြုံတွေ့ချင်ကြပါသေးသလော။
    ကျွန်ုပ်တို့၏ ဗုဒ်္ဓဘာသာ ယဉ်ကျေး မှု၌ အခြေခံအားဖြင့် (အနိစ္စ-ဒုက္ခ-အနတ္တ) ဟူသော သစ္စာတရားများကို နှလုံးသွင်း ကြစမြဲပင်။ မမြဲသော မိမိ၏ခန်္ဓာကိုယ် သည် ဤကမ္ဘာ၌ ခေတ္တမျှသာ ရုပ်ဆောင် နေသော အပုပ်ကောင်ဖြစ်သည် မဟုတ် ပါလော။ ဘ၀ဇာတ်ခုံ၌ ၀န်ကြီး အသွင်ဖြင့် ရာထူး မပြုတ်မီ အချိန်ကာလအတွင်း အသုံးတော်ခံကြရာတွင် မာန်မာနနှင့် အတ္တစွဲတို့ ကြီးထွားသင့်ပါသလော။ လူ၏ စိတ်ဓာတ်ကို လှည့်စားတတ်သော အတ္တ သဘောမှာ လေးနက်ခြင်း မရှိ၍ (ဆား ခတ်၍သုံးစွဲသင့်သည်)ဟူ အင်္ဂလိပ်တို့ အဆိုရှိသည် မဟုတ်ပါလော။
    ဤကား ၀န်ကြီး ဦးကျော်ငြိမ်းနှင့် ဆုံတွေ့စဉ်က ကျွန်တော်များ၏ ဦးနှောက် တွင်း၌ ပြေးလွှားနေကြကုန်သော လော အဖုံဖုံ-လောမျိုးစုံတို့ပေတည်း။
၃။ဥက်္ကဋ္ဌကြီး ဦးထွန်းဖေမှာ ထိုအချိန်က ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်၏။ ဖဆပလအဖွဲ့ဝင် အဖြစ်ဖြင့် ဟင်္သာ တ အမတ်လည်းဖြစ်ရာ သတင်းစာများ ရိုက်ချိုးခံရချိန်တွင် ထိုအမတ်ရာထူးမှ နုတ်ထွက်လွှာကို ပါတီသို့ တင်ပို့လိုက်၏။
    သူကဲ့သို့ နုတ်ထွက်လွှာ တင်သွင်း သူ အခြားသတင်းစာ ဆရာမှာ ရန်ကုန် သတင်းစာမှ ဦးအောင်မြင်ဖြစ်၏။ ဖဆပလ ဦးစီး အဖွဲ့ဝင်အဖြစ်မှ လည်းကောင်း၊ မီးရထား ဘုတ်အဖွဲ့လူကြီး အဖြစ်မှ လည်းကောင်း၊ နုတ်ထွက်လိုက်၏။ သူ၏ အကြောင်းပြချက်တွင် ၀န်ကြီးချုပ် ဦးနု သည် ဖဆပလအဖွဲ့တွင်း၌ မကောင်းသူ တစ်စုဘက်မှ ပင်းနေခြင်းကြောင့် ဖက်ဆစ် ၀ါဒ အသက်သွင်းရာတွင် အလိုတူ မဖြစ် လိုဟု ဆို၏။ ဆက်လက်ဖော်ပြပါမည်။
ဘိရမာ ၀ါးတားဂိတ် အပိုင်း (2) စာသား PDF ဖိုင်ယူရန် CLick
No comments:
Post a Comment