Monday, June 18, 2012

ဘိရမာ ၀ါးတားဂိတ် အပိုင်း (၃)

အိုးဝေ ဦးညိုမြ
သတင်းစာတိုက် ရိုက်ချိုးမှုအတွက် သတင်းစာ ဆရာအသင်းက ဒိုင်ခံ ကန့်ကွက်ခြင်း မဟုတ်ဘဲ ဘ၀တူအသင်း လေးသင်း ပူးပေါင်း အရေးဆိုခြင်း ဖြစ်လေ သည်။ စာရေးဆရာ အသင်း၊ သတင်း ထောက် အသင်းနှင့် ပုံနှိပ် ထုတ်ဝေသူ များ အသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်သော အရေးပေါ် ကော်မီတီတွင် လည်း ဦးထွန်းဖေပင် ဥက်္ကဋ္ဌ ဖြစ်လေသည်။ လေးသင်း ပေါင်းစည်းဝေး ထုတ်ပြန် ချက် အာဘော်ကို ဦးထွန်းဖေကပင် ဦးစီးရေးဆွဲခဲ့ပေရာ အောက်ပါအတိုင်း ထည်ဝါခန့်ငြား ရှိပါပေသည်။ (သတင်းစာများသည် တိုင်းပြည်၏ မျက်လုံး၊ တိုင်းပြည်၏ နားများ ဖြစ်သည်၊ သတင်းစာ ဆရာများအတွက် သာမက တိုင်းပြည်တစ်ပြည်လုံး၏ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို စောင့်ရှောက် ထိန်းသိမ်းသည့် ပြည်သူ့ အမှုဆောင်းများ ဖြစ်သည်။ ထိုတာဝန်ကို ဆောင်ရွက်ရာ၌ နှစ်လသာသာမျှသာ ရှိသေးသော “လွတ် လပ်သည့် လွတ်လပ်သော မြန်မာပြည် တွင် သတ်မှတ်ပြီးဖြစ်သည့် အခွင့်အရေး များ သာမက ကမ္ဘာပ်ါတွင် နှစ်ရှည်လ များ လွတ်လပ်ရေး ရပြီးသော လူတန်းစေ့ တိုင်းပြည်ကြီးများ၌ ရရှိနေသော လွတ်လပ်မှု အသွယ်သွယ်တို့ကို မြန်မာ တို့ လက်ဝယ်သို့ ပိုင်ပိုင်နိုင်နိုင် ရောက်ရှိ လာရန် သတင်းစာများက အနည်းနည်း ဖြင့် ကြိုးပမ်းနေကြလေသည်။ မြန်မာပြည်တွင် ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များ ထူထောင် ထိန်းသိမ်း ခဲ့သော တရားဓမ္မ၀ါဒ ကောင်းများကို အမွေခံကာ အဓွန့်ရှည်စေခြင်း တာဝန်ကို ယူကြသည်သာမက ကမ္ဘာ အရပ်ရပ်ရှိ အလားတူ တရားဓမ်္မ၀ါဒကောင်းကိုလည်း မီးရှုးတန်းဆောင်သဖွယ် သတင်းစာများ က အလင်းရောင် ပြန့်ပွားစေလျက်ရှိပါ သည်။ (ထိုကဲ့သို့ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် အရပ်ရပ်တို့၏ အလုပ်ရုံ ဖြစ်သော သတင်းစာတိုက်များကို တရား ဥပဒေမဲ့ အဓမ်္မ၀င်ရောက် ဖျက်ဆီးခြင်း သည် မြန်မာပြည် သတင်းစာလောကကို သာမက က်္ဘာ့သတင်းစာ လောကကိုပါ အဆိုပါ လူထုက ဖက်ဆစ်နည်းစနစ်ဖြင့် ရက်စက်စွာ စော်ကားလိုက်ခြင်း ဖြစ်သည်။ ထို ဖျက်ဆီးခြင်းသည် သက်ဆိုင်ရာ သတင်းစာတိုက်များကိုသာ စော်ကား သည်ဟု မယူဆသင့်ဘဲ မြန်မာပြည် သတင်းစာ လောကကြီးကို ကျူးကျော် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ဤ အပြုအမူမျိုးသည် ယဉ်ကျေးမှုဝါဒ၊ ဒီမို ကရေစီဝါဒတို့ကို ဖောက်ဖျက်ရာ ရောက် သည်ဟု ယူဆရလေသည်။ ထို့ကြောင့် ဤကဲ့သို့ မကြုံစဖူး အောင် ၀မ်းနည်းကြေကွဲဖွယ် ကောင်း သော ပြည်သူ့ မျက်စိ နားတို့ကို ဖောက်ဖျက် စော်ကားမှုကြီးကို ရှုတ်ချ ကန့်ကွက်သောအားဖြင့် မြန်မာတစ်နိုင်ငံ လုံးရှိ နေ့စဉ် သတင်းစာများကို ၁၉၄၈ ခု မတ်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့မှစ၍ ၁၉ ရက် သောကြာနေ့အထိ သုံးရက်တိုင်တိုင် ထုတ်ဝေခြင်း မပြုရန် မြန်မာနိုင်ငံသတင်း စာဆရာများ အသင်း၊ မြန်မာပြည်သတင်း ထောက်များ အသင်း၊ မြန်မာပြည် ပုံနှိပ် တိုက်များအသင်း၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းတို့ ပူးပေါင်း ကျင်းပသော အစည်းအဝေးကြီးက ဆုံးဖြတ်ကြကြောင်း။ (ဗမာ့ခေတ်မှ) မြန်မာပြည်တွင် သတင်းစာများ အားလုံး တညီတညွတ် သုံးရက်ကြာ ပိတ်ကြခြင်း မှာ မကြုံစဖူးသော ၀မ်းနည်းမှု စိတ်နာမှု သပိတ်မှောက်မှုကြီးပင် ဖြစ်လေသည်။

စာနယ်ဇင်းသမားများအဖို့ ဤသို့ ညီညွတ် စွာ ခြေလှမ်းကြရန် ဘာမျှ ပြောနေစရာ မလိုဘဲ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။ ထောက်ခံပွဲတွေ ထိုသို့ လေးသင်းပေါင်း ကြေညာချက်အရ သတင်းစာများ သုံးရက် ပိတ်လိုက်ချိန်တွင် မြန်မာနိုင်ငံ အရပ်ရပ်၌ သတင်းစာ ဆုံးဖြတ်ချက်ကို လူထု ထောက်ခံပွဲများ အလိုအလျှောက် အဆက်မပြတ် ပေါ် ပေါက်လာ၏။ မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းတွင် ကျင်းပရာ ရုတ်တရက် ရှောင်တခင်ပင် လူ ၅၀၀၀ ကျော် တက် ရောက်ကြောင်း။ ထိုပွဲတွင် အရပ်သူ အရပ်သားများက ဓာတ်မီးများ၊ တရား ဟောစင်များ ၀ိုင်းဝန်း ကူညီ လုပ်ကိုင်ပေး ကြောင်း၊ သဘာပတိအဖြစ် သခင် ကိုယ်တော်မှိုင်းက ဆောင်ရွက်၍ အတွင်း ရေးမှူးမှာ ဦးသန်းထွန်း (ရှေ့ဆောင်) ဖြစ်၏။ ဟောပြောသူများမှာ (၁) ဦးဂုဏ် ရောင် (ဟစ်တိုင်)။ (၂) ဦးတင်အေး (စီးပွားရေး)။ (၃) ဦးတင်စိုး (အိုးဝေ)။ (၄) ဦးထွန်းဖေ (ဟံသာဝတီ)။ (၅) ဇ၀န။ (၆) ဦးသိန်းမောင် (သံတော်ဆင့်)။ (၇) ဦးအုန်းခင် (ဗမာ့ခေတ်)။ (၈) သခင်ချစ် (ကွန်မြူနစ် နေ့စဉ်) တို့ ဖြစ်ကြောင်း။ ညနေ ၄ နာရီအချိန်မှ စတင် ဟောပြောရာ ၉ နာရီတွင် ရုပ်သိမ်းရန် ဖြစ်သော်လည်း ပရိသတ်များက တောင်း ပန်ကြ၍ ည ၁၁ နာရီအထိ ဆက်လက် ဟောပြောကြရကြောင်း။ (မြန်မာ့အလင်း ၂၁-၃-၄၈) မန္တလေးမြို့သို့ သခင်ကိုယ်တော်မှိုင်း အမှူးရှိသော စာနယ်ဇင်း အဖွဲ့များ သွား ရောက်ရာတွင် (၁) ဦးသိမ်းမောင် (သံ တော်ဆင့်)။ (၂) ဦးအုန်းခင် (ဗမာ့ခေတ်) (၃) သာကဒိုး (အိုးဝေ)။ (၄) မဟာဆွေ နှင့် (၅) ဗိုလ်သိမ်းဆွေတို့ ပါဝင်ကြ၏။ ဘကြီးမှိုင်းအသံ သဘာပတိဖြစ်သူ ဦးလှ(လူထု) ပြောကြား ရာတွင် ရန်ကုန်မှအဖွဲ့ကို မန္တလေး ဘူတာ ကြီးတွင် ဖမ်းမည်စိုး၍ ကျောက်ဆည် ဘူတာသို့ သွားကြိုရသည်ဆိုကြောင်း။ ဆရာမှိုင်းကြီးက ပြောကြားရာတွင် မတ်လ ၁၂ ရက်နေ့ ဖြစ်ပျက်စဉ်က တော မှာရှိ၍ မသိရကြောင်း။ နောက်ရောက် လာတော့ သတင်းစာနဲ့ အစိုးရဖြစ်ပျက်ပုံ သိရ၍ ပျက်စီးနေသော သတင်းစာတိုက် များသို့ သွားရောက်ကြည့်၍ ရင်ကွဲပက် လက် ဖြစ်ရကြောင်း ခွေးမသားတွေ ဖက် ဆစ် မုန်းတယ်၊ မုန်းတယ်နဲ့ လက်စသတ် တော့ မဟာဖက်ဆစ် ဖြစ်နေပြီ၊ အစိုးရ ထဲမှာ သခင်နုကို ကြည်ညိုပါတယ်၊ သူက တော့ စိပ်ပုတီး အမြဲစိပ်နေလို့ တော်ရဲ့ လို့ထင်ရ၊ ယခုတော့ စိပ်ပုတီး၊ စိပ်လွန်းပြီး ရူးများ နေသလား မသိဘူး။ (ကိုယ်တိုင် တွေ့မြင်ရတော့ ကိုယ်ခံ ရသလို အောက်မေ့မိကြောင်း၊ သတင်းစာ ဆရာနှင့် အစိုးရအဖွဲ့ထဲမှာ ပါဝင်သူတွေ က တပည့်ချည်းပဲ၊ ကျုပ်ကတော့ ရတနာ သုံးပါးကိစ္စ၊ပုံနှိပ်တိုက်တွေ ဆိုရင် အား ပေးတာပဲ၊ ဟိုတုန်းက ခွေးမသားတွေ ပြောတော့ မြန်မာပြည်မှာ ရွှေမိုးငွေမိုး ရွာမယ်ပြော၊ အခုတော့ ပုဆိန်မိုးရွာနေပြီ၊ ယခု မန္တလးသို့ ဂျပန်ကောင်တွေ ရှိစဉ် ဗိုလ်မိုးကြိုးနှင့် တစ်ခေါက် ယခု တစ်ခေါက်၊ နှစ်ခေါက် ရောက်ကြောင်း၊ ယခု အစိုးရကပဲ သတင်းစာကို သပိတ် မှောက်ရသတဲ့။ မောင်နု ကြီးကြီးကျယ် ကျယ်လုပ်လို့ ယခုအရေးမှာလည်း အပ် နှင့် ထွင်းရမည့်နေရာ၊ ပုဆိန်နှင့် ထွင်းဆို သလို ဖြစ်ကြောင်း မိုးကြိုးပစ်တာ ထန်း လက်နှင့်ကာ ဆိုသလို သတင်းစာကို သပိတ်မှောက်၊ စက္ကူ မပေးဘူးပြော သတင်းစာတွေ ရေးတာ မယုံကြည် ရန်တိုက် တရားဟောနဲ့ ဒါဒီမိုကရေစီလား ဂျပန်သေ တစ္ဆေဖြစ်သလို တစ္ဆေများ ပူး ပြီး ရူးပေါပေါ ဖြစ်နေသလား မသိဘူး။ (ဂျပန် ဗိုလ်ပေမယ့် ယခုလို သတင်း စာတိုက်တွေ ရိုက်ချိုးတာ မတွေ့ရဘူး၊ ယခု အစည်းအဝေးမှာ ပြောတာတွေ အကုန် ထောက်ခံကြောင်း၊ ဖဆပလနဲ့ အစိုးရတို့ တက်လာတာ သတင်းစာတွေက လုပ်လို့ ပဲ ကျေးဇူးရှိမှ ကျေးဇူးဆပ်ဆိုသလို ယခုတော့ ပုဆိန်နှင့် ကျေးဇူးဆပ်နေ ကြောင်း၊ ကျိုးနှင့် ခင်ပုတ်မတည့်ကြပုံကိုပါ ပြောကြား၍ အပြီး သတ်လိုက်ကြောင်း။ (မြန်မာ့အလင်း ၂၁-၃-၄၈) အခြားသော ပြည်သူ့ အဖွဲ့အစည်း များကလည်း လှုပ်ရှားထကြွလာကြ၏။ ရဲဘော်ကြေညာချက် မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် တွင် ပြည်သူ့ရဲဘော် အဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက် ရန်ကုန်၊ ဟံသာဝတီနှင့် အင်းစိန် ၃ ခရိုင်မှ ရဲဘော်ရဲမေများနှင့် တကွ ဖက်ဆစ်ဝါဒ ရှုတ်ချရေး လူထု အစည်းအဝေးကြီး တစ်ရပ်ကို ရန်ကုန်မြို့ ဗန္ဓုလပန်းခြံ၌ ကျင်းပမည်ဖြစ်ကြောင်း။

ဗကသ မတ်လ ၂၁-က မြန်မာနိုင်ငံ ကျောင်းသား များ သမဂ္ဂအစည်းအဝေးကျင်းပရာတွင် (၁) သတင်းစာတိုက်များ ၀င်ရောက် ဖျက်ဆီးမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ သတင်းစာတို့၏ တောင်းဆိုချက် ထောက် ခံကြောင်း။ (၂) သတင်းစာများနှင့် အဆတ်ဖြတ် ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း။ ရဟန်းပျို တန်ခူးလဆန်း ၁၄ ရက်၊ ၄ နာရီက သိမ် ကုန်းကျောင်း၌ သဘာပတိ ဦးညာဏ၊ အကျိုးဆောင် ဦးရေ၀တ၊ ဆုံးဖြတ်ချက် (၁) သတင်းစာတိုက်များကို အဓမ်္မ ၀င် ရောက် ဖျက်ဆီးသော ဖက်ဆစ်ဝါဒ လက်ကိုင်ပြုသူများကို ရှုတ်ချသည်။ (၂) အစိုးရက သတင်းစာတိုက်များကို တစ်ရာ စသဖြင့် အကူအညီ အမြန်ထုတ်ပေးရန်။ အမှုထမ်း ပေါင်းစုံသမဂ္ဂ (၁) ပုံနှိပ်စက်များကို တရားလက်လွတ် ၀င်ရောက် ဖျက်ဆီးခြင်းသည် ဖက်ဆစ် ဆန်လှသဖြင့် ရှုတ်ချသည်။ (၂) အစိုးရက သတင်းစာများနှင့် အဆက် ဖြတ်သည် ဆိုခြင်းမှာ ဒီမိုကရေစီ ၀ါဒအရ တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိခိုက်သည် ဟု ယူဆကြောင်း။ အသင်းအဖွဲ့ အမျိုးမျိုးမှ ထောက်ခံ ကြရာတွင် (ပြည်သူ့ရိက္ခာ ထောက်ပံ့ရေး သမဂ္ဂ) မှာ အထူးပင် နိုးကြား ရှင်းလင်း ပြတ်သားလှပေသည်။ (သတင်းစာ တိုက်များကို ဆိုရှယ် လစ် ပါတီဝင်များ ပါလီမန် အမတ်များ ခေါင်းဆောင်ကာ လက်နက်အားကိုးနှင့် ကျူးကျော် စော်ကားဖျက်ဆီးမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်းဥပဒေများကို ဖောက်ဖျက်သည်ဟု ကျွန်ုပ်တို့၏ သမဂ္ဂ မှ ယူဆသည်နှင့်အညီ ဤကဲ့သို့ မိုက်ရိုင်း စော်ကားသူများကို ဒီမိုကရေစီ လိုလား သူတိုင်း အချိန်မီ ကာကွယ်ခြင်း မပြုခဲ့ သော် ရှေ့အဖို့တွင် မြန်မာနိုင်ငံသည် ဖက် ဆစ်ဝါဒ ကြီးစိုးတော့မည့် အခြေအနေသို့ ရောက်ရှိပေတော့မည်။ (ဒီမိုကရေစီ လိုလားသည့် စာရေး စာချီများကို ကိုယ်စားပြုသည့် ကျွန်ုပ်တို့ ၏ သမဂ္ဂသည်) ၁။ ထိုနေ့က ရိုးသားသော တောင်သူ လယ်သမားထုနှင့် မြို့နေ ဆင်းရဲသား လူထုအား လှည့်ပတ်ခေါ် ဆောင်လာ၍ လက်နက်ကိုင် လူဆိုး လူမိုက်များ ခေါင်းဆောင်ပြီး၊ ဖက်ဆစ် အပြုအမှုများ ပြုကြသော ခေါင်းဆောင် များကို ပြင်းထန်စွာ ရှုတ်ချကြောင်း။ ၂။ ပြည်ထောင်စု ရဲအဖွဲ့သို့ ကြိုတင် အကြောင်းကြားထားပါလျက် ကာကွယ် မပေးခြင်းမှာ များစွာ ၀မ်းနည်းဖွယ် ဖြစ်ကြောင်း။ ၃။ ရိုင်းပြသော အပြုအမူများ ပြု လုပ်သည့် တရားခံများကို အလျှင်အမြန် အရေးယူရန်။ ၄။ ဤ သမဂ်္ဂသည် ဒီမိုကရေစီကို လိုလားသော အဖွဲ့ဖြစ်သည့်အားလျှော်စွာ အခြား ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဤကဲ့သို့သော ဖက်ဆစ် အ်္တရာယ်ကို ရွတ်ရွတ်ချွံချွံတိုက်ဖျက်မည် ဟု အတိအလင်း ကြေညာပါကြောင်း။ (၄)အစိုးရ၏ ခြေလှမ်း သတင်းစာဘက်မှ တုံ့ပြန်ချက်များ ပြင်းထန် ပြန့်ပွားလာသည်နှင့်အမျှ အစိုးရ ဘက်သားများကလည်း နောက်မဆုတ်ဘဲ ခပ်ကြမ်းကြမ်းပင် ခြေလှမ်း၏။ ပန်းဆိုးတန်း၌ ပြန်ကြားရေးရုံး၏ ဌာနခွဲရှိရာ ထိုတိုက်၌ ဒုတိယအထပ်ကို သတင်းစာ ဆရာအသင်းအား အခမဲ့ နေခွင့်ပြုထား၏။ စာရေးဆရာအသင်းနှင့် သတင်းထောက် အသင်းတို့လည်း ထို နေရာ၌ပင် ဝေခွဲနေထိုင်ကြ၏။ ယခုကဲ့သို့ သတင်းစာနှင့် အစိုးရတို့ သင့်မြတ်မှု ကင်းမဲလာသောအခါ အစိုးရကထွက်စေ အမိန့်ထုတ်တော့၏။ ထိုကြောင့် မတ်လ ၂၃ ရက်နေ့တွင် သတင်းစာ အသင်းသည် ဆူးလေ ဘုရားလမ်းရှိ သံတော်ဆင့် သတင်းစာတိုက်သို့ လည်းကောင်း၊ သတင်းထောက် အသင်းသည် စပတ်လမ်း ရှိ ပုံနှိပ်ထုတ်ဝေသူများ အသင်းတိုက်သို့ လည်းကောင်း၊ စာရေးဆရာအသင်းသည် သရက်တော ကျောင်းတိုက်သို့ လည်း ကောင်း၊ အသီးသီး ဘုံပြောင်းကြရလေ တော့သည်။
ဆက်လက်ဖော်ပြပါမည်။ 
ဘိရမာ ၀ါးတားဂိတ် အပိုင်း (၃) စာသား PDF ဖိုင်ယူရန် Click

No comments:

Post a Comment