သတင်းစာဆရာဟူသည် စုပေါင်း၍၀ါဒဖြန့်ချီသူများ၊ စုပေါင်း၍လှုံ့ဆော်ပေးသူများသာမဟုတ်။
စုပေါင်း၍စည်းရုံးဦးဆောင်ပေးသူများလည်းဖြစ်သည်။
လီနင်(ရုရှားနိုင်ငံခေါင်းဆောင်)
စာနယ်ဇင်းတို့သည် ပြည်သူလူထုက်ုသတင်းပေးရသောတာဝန်၊ စည်းရုံးလှုံ့ဆော်ရသောတာဝန်၊ အမှားကိုထောက်ပြ၍အမှန်ကိုလမ်းညွန်ရသော တာဝန်များရှိခြင်းကြောင့် လွန်စွာတာဝန်ကြီးသော လူထုဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည်။
သတင်းစာကောင်းများ၏ အခြေခံမူ(၄)ချက်
ပြည်သူ့အခွင့်အရေးများကို ထိပါးမှုမဖြစ်စေရန်
(၁) တိကျမှန်ကန်ခြင်း
(၂) အချက်အလက်များဖော်ပြခြင်း
(၃) ယဉ်ကျေးဖွယ်ရာခြင်း
(၄) မျှတခြင်း
သတင်းသမားတစ်ယောက် ဟာ သာမန်အားဖြင့်
(၁) ကျန်းမာရေးကောင်းမွန်ရမယ်-သတင်းစာသမားတို့သည် တာဝန်ထမ်းဆောင်ရင်း အနေအစားပင်ပန်းဆင်းရဲမှုတို့ကြုံတွေရမည်။
(၂) ဥာဏ်ပညာအခြေခံရှိရမယ်-လူထုအကျိုးရှိစေခြင်းငှာ အသ်ပညာဖြန့်ဖြူးရမည်သူဖြစ်သောကြောင့်
ဖြစ်သည်။
(၃) ကိုယ်ကျင့်တရားကောင်းမွန်ရမည်- လူအများနှင်ဝင်ဆန့်ပြီး၊ လူအများ၏ အဖြစ်အပျက်အစုစုတို့ကို ခွဲဝေခံစားစေပြီး အမှန်တရားကို စွန့်စွန့်စားစားရှာဖွေကာ ရဲရဲဝံ့ဝံ့တင်ပြရမည်တာဝန်ရှိသောကြောင့်ဖြစ် သည်။
သတင်းစာ/စာနယ်ဇင်း
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သည် အမည်နာမကွဲပြားသော်လည်း အခြေခံသဘောခြင်းတူညီကြသည်။
“သတင်းစာသည် ပြည်သူတို့၏လက်နက်ဖြစ်ခဲ့သည်လည်းရှိသည်၊ အုပ်စိုးသူတို့၏ လက်ကိုငိတုတ်ဖြစ်ခဲ့ သည်လည်းရှိသည်၊ အလုပ်သမားတို့၏ တပ်ဦးအောင်လံဖြစ်ခဲ့သည်လည်းရှိသည်။ပြည်ရှင၊မြေရှင်၊ငွေရှင် တို့၏ ဓါးမနောက်ပိတ်ခွေးဖြစ်ခဲ့သည်လည်းရှိသည်၊ ဘ၀အထွေထွေကြုံခဲ့သည်”ဟူ၍ ဟံသာဝတီ ဦးဝင်း တင်က သတင်းစာသမိုင်နိဒါန်းစာအုပ်တွင်တင်ပြခဲ့ဖူးသည်။
လွတ်လပ်ရေးမရမီ ကြားဖြတ်အစိုးရ ပြန်ကြားရေးဝန်ကြီးဒီဒုတ်ဦးဘချိုက ၁၉၄၇၊ မေ ၃ရက်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ သတင်းစာဆရာအသင်းတိုက်တွင် သတင်းစာလွတ်လပ်ခွင့်နှင့် တာဝန် အကြောင်းကို ရှင်း လင်ပြောကြားရာ၌ “သတင်းစာသမားများဟာ မိမိတို့ဘက်ကတာဝန်မကျေပွန်ရင် ၀တ္တရာပျက်ကွက် ပါတယ် မြန်မာပြည်အခြေအနေအရ ရှေ့သွားမယ့်ခရီး အရေးကြီးလို့ ကိုယ့်တာဝန်ကိုယ် ယူပြီး တော့ဆောင်ရွက်စေချင်ပါတယ်၊ သတင်းစာများတာန်သိဖို့အရေးကြီးသောအချိန်ဖြစ်ပါတယ်” ဟူ၍ဆူပူလှုပ်ရှားမှုများကိုမြှောက်ထိုးပင့်ကော်ရေးခြင်း၊ တာဝန်မဲ့ရေးသားခြင်းများကိုထောက်ပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက 1947ခုနှစ်၊ ဧပြီ ၁၈ရက်ကပြောကြားခဲ့သော နှစ်သစ်ကူမိန့်ခွန်းတွင် သတင်းစာများအား “ ကျုပ်တို့ကိုထောက်ခံချင်ထောက်ခံ၊ ကန့်ကွက်ချင်ကန့်ကွက်၊ အတိုက်အခံဝေဖန်ချင်တဲ့သတင်းစာကလည်းဝေဖန် ၊ သဘောဘအတိုင်ဘဲ။ ဆိတ်လစေ့ သတင်းလုပ်ချင်လုပ်ကြ။ သို့သော်အစိုးရကို အကြည်ညိုပျက်စေမယ့်စကားမျိုး၊ မဟုတ်မမှန်လိမ်လည်လှည့်ဖြားပြီးရေးတာမျိုးတွေကိုတော့ သည်းခံနိုင်မယ်မဟုတ်ဘူးဟု တာဝန်ရှိရှိကျင့်ကြံကြရန်သတိပေးခဲ့ဘူးသည်။
သတင်းစာဆရာကြီးဇ၀နကလည်း ယနေ့သတင်းစာများသည်နောင်တစ်ခေတ်တွင် သမိုင်းဝင်မှတ် တမ်းများဖြစ်လာနိုင်သဖွယ်ရှိသဖြင့် သတင်းရေးသာရာတွင် တိကျမှန်ကန်မှုသည်အရေးကြီးသည် ဟုမှတ်ချက်ချဖူးသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment