Monday, May 21, 2012

၂ သိန်းတန် ဂျီအက်စ်အမ် အင်တာနက်လျှောက်ပြီးသူများ အခက်တွေ့


မေလ ၇ ရက်နေ့က အင်တာနက် လျှောက်ခွင့်ပြုလိုက်တဲ့ ကျပ် ၂သိန်းတန် ဂျီအက်စ်အမ် အင်တာနက်လျှောက်ထားသူများသည် လိုင်းမပွင့်တဲ့အတွက် အခက်တွေ့နေကြကြောင်း အင်တာနက်လျှောက်ပြီးသူများထံမှ စုံစမ်းသိရှိရပါတယ်။ လိုင်းမပွင့်တဲ့အတွက် ကိုယ်လျှောက်ခဲ့တဲ့ ဆက်သွယ်ရေးရုံးမှာ ငွေတစ်သောင်းသွင်းထားတဲ့ ချလံမိတ္တူနဲ့ လိုင်းမပွင့်ကြောင်း သွားပြန်ပြရပါတယ်။ သွားပြပြီး နောက်နေ့ညနေအထိ လိုင်းမပွင့်သေးရင် ကိုယ့်ရဲ့ ချလံ နံပါတ်ပေါ် မူတည်ပြီး အိပ်ချိန်းရုံုးကို တစ်ခေါက်ပြန်သွား ရပါတယ်။ အင်တာနက်လျှောက်တဲ့သူတွေ အရမ်းများတဲ့အတွက် စာရွက်ပေါ်ကနေ စာရင်းသွင်းတဲ့အခါ ကျန်ခဲ့တာ ဖြစ်လို့ လိုင်းမပွင့်သေးတာ ဖြစ်နိုင်တယ်လို့ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးက လိုင်း ပွင့် မပွင့်စမ်းပေးသော ၀န်ထမ်ူးတစ်ဦးက ပြောပါတယ်။ မေလ ၈ ရက်နေ့ကတည်းက လျှောက်ထားပြီး ဆက်သွယ်ရေးကိုလည်း ချလံ နှစ်ခေါက် ပြန်ပြတာတောင် လိုင်းမပွင့်သေးတဲ့အတွက် ဘယ်သွားပြီး ဘာလုပ်ရမှန်း မသိဘူးလို့ အင်တာနက်လျှောက်ထားသူ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။ ပြည်သူတွေက ဆက်သွယ်ရေးသွားလိုက်၊ အိပ်ချိန်းရုံးသွားလိုက်နဲ့ တစ်နေရာပြီး တစ်နေရာ အခေါက်ခေါက် အခါခါ သွားလာနေရတဲ့ အတွက် အချိန်ကုန် အလုပ်ပျက်ကြောင်း၊  လူကိုယ်တိုင် လာရတာမျိုး မဟုတ်ပဲနဲ့ ဖုန်းဆက်သွယ် မေးမြန်းစုံစမ်းလို့ ရတဲ့ပုံစံမျိုး ဆက်သွယ်ရေးနဲ့ သက်ဆိုင်ရာ အိပ်ချိန်းရုံးတွေ လုပ်ပေးသင့်ကြောင်း အင်တာနက်လျှောက်ထားပြီးသူများက ဝေဖန်ပြောဆိုနေကြပါတယ်။

No comments:

Post a Comment